အကျည်းတန်ပုံရိပ်များ ဖယ်ရှားနိုင်ရေး

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သော ကျောင်းသားလှုပ် ရှားမှုသည် အရှိန်ရလာသည်နှင့်အမျှ မြို့ရွာအသီးသီးသို့လည်း ဖြန့် ကြက်လာနိုင်လေသည်။ အများအားဖြင့် သပိတ်လမ်းတစ်လျှောက် မြို့ရွာလူထုနှင့် ကျောင်းသားထုက အင်အားအပြည့်ဖြင့် ကူညီကြရာ သပိတ်မှောက်ကျောင်းသားများ၏ လုံခြုံရေး၊ ကျန်းမာကြံ့ခိုင်ရေးများ အတွက် စိုးရိမ်ပူပန်ရမှုများ ရှိလာပါသည်။ ထို့ထက် ပိုပူပန်ရသည် မှာ ယင်းတို့ အပင်ပန်းခံတောင်းဆိုနေသော တောင်းဆိုချက်များကို လျစ်လျူရှုခံရရုံမက ယင်းတို့အပါအဝင် မြန်မာ့ကျောင်းသားမျိုးဆက် များအတွက် ဒီမိုကရေစီနည်းမကျသော ပညာရေးဥပဒေနှင့် ပညာ ရေးစနစ်တို့ကို ဇွတ်အတင်း အတည်ပြုပြဋ္ဌာန်းကျင့်သုံးသွားမည့်ဘေး ပင် ဖြစ်ပါသည်။
ရက် ၆၀ ရာဇသံပြည့်ပြီးနောက် ပြန်လည်စတင်သော သပိတ် ချီတက်မှုအစတွင် နိုင်ငံတော်သမ္မတက လွှတ်တော်ကို အမျိုးသား ပညာရေးဥပဒေပါ ပြဌာန်းချက်များအပေါ် ပညာရေးဝန်ကြီးဌာနနှင့် ပညာရှင်များ၏ ဆွေးနွေးညှိနှိုင်းချက်များအရ ပြန်လည်သုံးသပ်ပြင် ဆင်နိုင်ရေးဟုဆိုကာ ပြည်ထောင်စုလွှတ်တော်နာယကထံ သဝဏ် လွှာ ပေးပို့ခဲ့ပါသည်။ သို့ရာတွင် ပြည်ထောင်စုလွှတ်တော်က ယင်း သဝဏ်လွှာအပေါ် တုံ့ပြန်ရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြင်ဆင်ဖြည့်စွက်လိုသောအကြောင်းအရာများ ပါဝင်သည့် အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ရေးဆွဲပြီး ပြည် ထောင်စုလွှတ်တော်သို့ ပေးပို့ရန်ဟု ဖြစ်သော်လည်း ပညာရေးဝန်ကြီး ဌာန၏ တုံ့ပြန်မှုတစ်စုံတစ်ရာကို မတွေ့မြင်ရသေးချေ။ ယခုအချိန်ထိ ကျောင်းသားများ တောင်းဆိုသည့် အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံ ညှိနှိုင်းနိုင်ရေးမှာမူ မည်သို့သော အရိပ်အယောင်မျှ မတွေ့ရသေးခြင်း၊ ကျောင်းသားများ ဆန္ဒထုတ်ဖော်သောသတင်းကို နိုင်ငံပိုင်မီဒီယာတွင် ]ဒီမိုကရေစီ ဖော်ဆောင်ချိန်ဖြစ်၍ ဥပဒေနှင့်အညီ ဆောင်ရွက်သင့်}ဟူ သော သတင်းခေါင်းစဉ်မျိုးဖြင့် ဖော်ပြခြင်း၊ တစ်ဖက်တွင် ကျောင်း သားယူနီယံအမည်ဖြင့် ကျောင်းသားသမဂ္ဂနှင့်အပြိုင်ဖြစ်မည့် ကျောင်း သားအဖွဲ့များ ထူထောင်ကြခြင်းနှင့် ထိုအကြောင်းများအပါအဝင် မြင်းခြံကောလိပ်၌ နိုင်ငံတော်အလံအား ချကာ ဒေါင်းအလံကို လွှင့်ထူ သဖြင့် တရားစွဲဆိုသွားမည့်သတင်းများကို နိုင်ငံပိုင်မီဒီယာက ထင် ရှားစွာ ဖော်ပြပေးခြင်းစသည်တို့ကို တွေ့မြင်နေရပေသည်။ တစ်နည်း အားဖြင့် ကျောင်းသားများ တောင်းဆိုသည့်အတိုင်း လိုက်လျောရန် ဆန္ဒ မရှိကြောင်း၊ မိမိတို့နည်းဟန်အဟောင်းဖြင့်သာ ဆက်လက်ရင် ဆိုင်သွားမည်ဖြစ်ကြောင်း သွယ်ဝိုက်ဆိုနေသယောင်ပင် ဖြစ်သည်။
သို့သော် မြင်းခြံအလွန် တောင်သာအဝင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် များအပါအဝင် အရပ်သားအင်အားများစွာဖြင့် သပိတ်လမ်းကြောင်း ကို တားမြစ်မှုတွင် ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးနှင့် မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်တို့အဖွဲ့က သပိတ်မှောက်ကျောင်း သားများနှင့် တွေ့ဆုံစကားပြောမှု ရှိလာခဲ့သည်။ ထိုတွေ့ဆုံမှုအရ သမ္မတရုံးဝန်ကြီးဦးအောင်မင်း ခေါင်းဆောင်သော အစိုးရတာဝန်ရှိ သူများနှင့် သပိတ်မှောက်ကျောင်းသားကိုယ်စားလှယ်တို့ နေပြည်တော် တွင် တွေ့ဆုံရန် ကမ်းလှမ်းမှု ပေါ်ပေါက်ခဲ့ကာ ကျောင်းသားများ ကလည်း တွေ့ဆုံရန် လက်ခံခဲ့သည်။ သပိတ်မှောက်ကျောင်းသား အားလုံး၏ လတ်တလောအနေအထားအရ ညအိပ်ရပ်နားရန် လိုအပ် နေသည်သာမက ယင်းတို့၏ တောင်းဆိုချက်များအားလုံးကို အာမခံ ပေးနိုင်မှု မရမချင်းလည်း ချီတက်မှုကို ရပ်နားလူစုခွဲရန် မဖြစ် နိုင်ရာ ပိတ်ဆို့မှုများကို ဖယ်ရှားပေးရန်နှင့် သပိတ်လမ်းကြောင်း ဆက်လက်ချီတက်ခြင်းကို ခွင့်ပြုရန် တောင်းဆိုခဲ့သည်။
ထိုဖြစ်ရပ်များဖြစ်နေချိန်သည် နေပြည်တော်တွင် လွှတ်တော် သုံးရပ် ကျင်းပနေချိန်လည်းဖြစ်ရာ ကျောင်းသားများ သဘောမတူ နိုင်သည့် ဥပဒေကို အတည်ပြုခဲ့ကြသော လွှတ်တော်များအနေဖြင့် ယခုဖြစ်ရပ်အား လက်ပိုက်မကြည့်ခဲ့ကြဟု ယူဆရန် ရှိပေသည်။ နိုင်ငံရေးယဉ်ကျေးမှုသစ်အရ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင် တို့အကြား ပွတ်တိုက်မှု၊ အားပြိုင်မှုနှင့် အပြန်အလှန် တာဝန်လွှဲချမှု များကြောင့် ထိခိုက်နစ်နာခဲ့ရသော နိုင်ငံ့ရေးရာများ ရှိခဲ့ပြီးဖြစ်ရာ ယခု အမျိုးသားပညာရေးအရေးကိစ္စတွင်မူ အုပ်ချုပ်ရေးနှင့် ဥပဒေပြု ရေးမဏ္ဍိုင်တို့အနေဖြင့် အချင်းမများ မာနမထားဘဲ ပူးတွဲရင်ဆိုင်ဖြေ ရှင်းသည့်နည်းလမ်းကို သုံးမှသာ မြန်မာ့နိုင်ငံရေးပုံရိပ်ဟောင်းဖြစ် သော ငြိမ်းချမ်းစွာ ဆန္ဒပြသည့် နိုင်ငံသားများအား အာဏာ(အုပ်ချုပ် ရေးနှင့် ဥပဒေပြုရေးအာဏာ)ရှိသူများက အကြမ်းဖက်၊ အနိုင့်အ ထက် နှိမ်နင်းသည့် အကျည်းတန်ပုံရိပ်ကို ပယ်ဖျက်နိုင်မည်ဖြစ်ပါ ကြောင်း တိုက်တွန်းအပ်ပါသည်။
နိုင်ငံသားတို့အသံကို လွတ်လပ်စွာ ပဲ့တင်ထပ်စေမည်။

အယ်ဒီတာ

Leave a Reply

Your email address will not be published.