]ပြဿဒါး၊ ရက်ရာဇာများ ပါဝင်နေသည့် ၂၀၁၅ ခုနှစ် မြန်မာ့နိုင်ငံရေးပြက္ခဒိန်}

နှစ်တစ်နှစ်၏ မြန်မာ့ပြက္ခဒိန်ကို လေ့လာကြည့်လျှင် ရက်ရာဇာ၊ ပြဿ ဒါး၊ ဝါရမိတ္တူစသည့် ရက်များကို နေ့၊ တိထီ၊ ယုဂ်၊ ကရိုဏ်း၊ နက္ခတ် ငါးပါး အင်္ဂါတို့ မူတည်ပြီး မင်္ဂလာအခါများ ပါဝင်လေ့ရှိသည်။ လူမှုကိစ္စရပ်များကို ဆောင်ရွက်ရာတွင် လူ့ပြည် ပြဿဒါး ရက်ကို အဓိကရှောင်ရန် လိုအပ်သည်။ ရက်ရာဇာနေ့များတွင် လူမှုရေးဘာသာ ရေးကိစ္စအဝ၀တို့ကို ဆောင်ရွက်ပြီးစီး အောင်မြင်နိုင်သည်ဟု မြန်မာလူမျိုးတို့ ယူဆလေ့ရှိကြသည်။ နှစ်တစ်နှစ်၏ ကောင်းကျိုးဆိုးပြစ်များ ရှောင်ရန်၊ ဆောင်ရန်ရက်များကို မြန်မာ့ပြက္ခဒိန် တွင် ကြိုတင်ဖော်ပြထားလေ့ရှိသည်။
ရက်ရာဇာ၊ ပြဿဒါးများ
ပါဝင်နေသည့် မြန်မာ့နိုင်ငံရေးပြက္ခဒိန်
၂၀၁၅ ခုနှစ်သည် မြန်မာ့နိုင်ငံ ရေးတွင် သမိုင်းတွင်မည့် နှစ်တစ်နှစ် ဖြစ်လာနိုင်ကြောင်း နက္ခတ္တဝေဒပညာ ရှင်များက ကြိုတင်ဟောကိန်းထုတ် ထားကြသည်။၂၀၁၅ ခုနှစ် မြန်မာ့နိုင်ငံ ရေးပြက္ခဒိန်တွင် ရက်ရာဇာ၊ ပြဿဒါး၊ ဝါရ မိတ္တူများဖြင့် ရောနှောနေသော် လည်း နိုင်ငံရေးရက်ရာဇာ များစွာပါ ဝင်နေသော ထူးခြားသည့် နှစ်တစ်နှစ် ဖြစ်ကြောင်း ကောင်းကင်ရှိဂြိုဟ်၊ နက္ခတ်များက ကြိုတင်နိမိတ်ပေးထား ပြီးဖြစ်သည်။ နိုင်ငံတော်ဇာတာ၏ အဓိကဇာတ် ကောင်အင်္ဂါဂြိုဟ်သည် ၂၀၁၅ ခုနှစ်တွင် ဖောက်ပြန်သွားလာမှု မရှိခြင်းနှင့် ကောင်းကင်ရှိ မြန်မာနိုင်ငံ ကိုယ်စားပြုဂြိုဟ်၊ ကြာသပတေးဂြိုဟ် တို့အား ကောင်းစွာရပ်တည်ထားခြင်း က မြန်မာ့နိုင်ငံရေးတွင် ရက်ရာဇာများ တိုးပွားလာစေပြီး ပြဿဒါးရက်များကို ပြေပျောက်စေနိုင်သည့် နိမိတ်သင်္ကေတ များဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ရေးနှင့် ဂြိုဟ်နက္ခတ်အမြင်
နိုင်ငံတော်ဇာတာ ဗြိစ္ဆာလဂ်၊ ကန် ကြာပေါက်သော ကန်စန်းအရ ၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးအနေဖြင့် ပြဿဒါးရက်များ ပါဝင်နေကြောင်း ဂြိုဟ်၊ နက္ခတ်အမြင် အရ တွေ့ရှိရသည်။ နိုင်ငံ၏ဥပဒေများ ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ လွှတ်တော် အတွင်း အခြေအတင်ဆွေးနွေးခြင်းနှင့် သက်ဆိုင်သော ရာသီအိမ်တွင် ရာဟု ဂြိုဟ်လွှမ်းမိုးမှုများနှင့် နေကြတ်၊ လ ကြတ် နှစ်ကြိမ်စီဖြစ်ပေါ်မည့် ဖြစ်စဉ် များကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် နှောင့်နှေးကြန့်ကြာမှု များ၊ အဖုအထစ်များသည် ၂၀၁၆ ခု ဇန်နဝါရီ ၁၃ ရက်အထိ ရှိနေဦးမည် ဖြစ်သည်။ အထူးသဖြင့် ပုဒ်မ-၄၃၆ ကို ပြင်ဆင်ရန်မှာ ပိုမိုခက်ခဲမည်ဖြစ် ကြောင်း တပ်မတော်အုပ်စိုးသော အင်္ဂါ ဂြိုဟ် နိုင်ငံတော်ဇာတာ၏ ရာဇပလ္လင် ထက်တွင် အားကောင်းစွာ ရပ်တည်နေ သည့် ကံကြမ္မာများက တံဆိပ်ခပ်နှိပ် ထားပြီးဖြစ်သည်။
ဂြိုဟ်၊ နက္ခတ်များမှ ညွှန်ပြနေသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး
၂၀၁၅ ခုနှစ် ကောင်းကင်ဂြိုဟ် များအနက် နိုင်ငံတော်ဇာတာတွင် ပြည် တွင်းငြိမ်းချမ်းရေးတိုင်းရင်းသားရေး ရာကိစ္စများကို အုပ်စိုးထားသော စနေ ဂြိုဟ်သည် ထူးခြားစွာရပ်တည်မှုများ ရှိနေချိန်ဖြစ်သည်။ ထိုအချိန်ကာလနှင့် အတူ နိုင်ငံတော်အစိုးရနှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းရေးကို ဖော် ဆောင်နေသော ကာလတို့ ထူးခြားစွာ တိုက်ဆိုင်နေချိန်လည်းဖြစ်သည်။
၂၀၁၅ ခု မတ် ၁၅ ရက် မတိုင်မီ ကာလအတွင်း နိုင်ငံတော်အစိုးရအဖွဲ့ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များသည် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးလာနိုင်မည်ဖြစ် သော်လည်း တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့ ကျန်နေဦးမည်ဖြစ် ကြောင်း ကြာရှည်မှု၊ နှောင့်နှေးကြန့် ကြာမှု ကန့်သတ်ချုပ်ချယ်မှုကို အုပ်စိုး သော စနေဂြိုဟ်၏ စီးနင်းခံနေရသည့် နိုင်ငံတော်ဇာတာမှ အသိပေးထားပြီး ဖြစ်သည်။ မတ် ၁၆ ရက်မှ သြဂုတ် ၁ ရက်အတွင်း ကောင်းကင်ရှိ စနေ ဂြိုဟ်နောက်ပြန် (ဝကြ)သွားမည့်ဖြစ် စဉ်ကြောင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုများတွင် အဖုအထစ်များ ဖြစ်ပေါ်လာနိုင်ပြီးကြန့်ကြာစေနိုင်မည်။
မြန်မာ့သမိုင်းတွင် ဒုတိယမြောက် ပင်လုံညီလာခံကဲ့သို့သော တိုင်းရင်း သားစည်းလုံးညီညွတ်မှုအားပြသရန် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက် မှတ်ရေးထိုးပွဲတစ်ရပ် မတ် ၁၅ ရက် အတွင်း ဖြစ်ပေါ်လာနိုင်သည်။
တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အချို့နှင့် ပဋိပက္ခဖြစ်စဉ်
ဇန်နဝါရီ ၆ ရက်မှ ဖေဖော်ဝါရီ ၁၁ ရက်အတွင်း ကောင်းကင်ရှိ ပဋိ ပက္ခများ သွေးထွက်သံယိုမှုများကို အုပ် စိုးသော အင်္ဂါဂြိုဟ်အမြင်အယှဉ်များ ကြောင့် မြန်မာ့တပ်မတော်နှင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ပဋိ ပက္ခများ ဖြစ်ပေါ်လာနိုင်သည်။ ဖေဖော် ဝါရီ ၁၂ ရက်မှ မတ် ၂၃ ရက်အတွင်း တည်ငြိမ်အေးချမ်းမှုများ ရရှိလာနိုင်ပြီး အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပွဲမှ သည်နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းဆီ သို့ ရောက်ရှိလာနိုင်ကြောင်း ဂြိုဟ် နက္ခတ်များမှ နိမိတ်ပြဆိုထားသည်။
နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံရေးထိပ်သီးခေါင်းဆောင်များ ထပ်မံတွေ့ဆုံမှု
နိုင်ငံတော်ဇာတာ ဗြိစ္ဆာလဂ်ကို မူတည်၍ တွက်ချက်ရာတွင် နိုင်ငံတော် အကြီးအကဲများနှင့် နိုင်ငံရေးထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ကောင်းကင်ရှိ ကြာသပတေးဂြိုဟ် အမြင်၊ နိုင်ငံရေးထိပ်သီးခေါင်းဆောင် များ တွေ့ဆုံဆွေးနွေးပွဲကို ကောင်းကင် ရှိ ကြာသပတေးဂြိုဟ်အမြင်၊ အားရှိ သော ဇန်နဝါရီလမှ ဖေဖော်ဝါရီ ၁၃ ရက်အတွင်း၊ မတ် ၁၅ ရက်မှ ဧပြီ ၁၄ ရက်အတွင်း ကာလများတွင် ထပ်မံတွေ့ဆုံကာ တစ်ဦးနှင့်တစ်ဦး နားလည်မှုတည်ဆောက်နိုင်ကြမည်ဖြစ် ပြီး အနာဂတ်ငြိမ်းချမ်းသာယာ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ကို အတူ တကွဟန်ချက်ညီညီဖြင့် လျှောက် လှမ်းနိုင်ကြမည်ဖြစ်ကြောင်း ဂြိုဟ် နက္ခတ်များမှ နိမိတ်ပြဆိုထားသည်။
နိုင်ငံတော်၏ တည်ငြိမ်အေးချမ်း ရေးကို ဖော်ဆောင်ရာတွင် မည်သူသာ သည်ဖြစ်စေ နာသည်ဖြစ်စေ အတိတ် ကို အတိတ်မှာ ထားခဲ့ရမည်သာဖြစ် သည်။ နိုင်ငံတော်၏ အနာဂတ်လှပ လာစေရန်မှာ နိုင်ငံသားတိုင်းတွင် တာဝန်ရှိပေသည်။

ဆရာ ဝဏ္ဏ(ဝေဒ)
B.Sc (Maths), H.G.P
မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့

Leave a Reply

Your email address will not be published.