မိကျောင်းကိုက်ခံရသည့် Arjen Robben ပရီးမီးယားလိဂ်အရွှေ့အပြောင်းသတင်းများ ရေပန်းစား

ဇန်နဝါရီ ၁၈

ဇန်နဝါရီလ ဘောလုံးသမား အပြောင်းအရွှေ့ ဈေးကွက်ကာလ အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်းက စပိန်ကလပ်အသင်း ရီး ယဲလ်မက်ဒရစ်မှ အသက် ၂၅ နှစ် အရွယ်ရှိ ကွင်းလယ်ကစားသမား Gareth Bale ကို စတာလင်ပေါင် သန်းတစ်ရာအလိုက်ပေးကာ ဂိုး သမား David de Gea နှင့် အလဲ အလှယ်ပြုလုပ်ရေးစတင်ကြိုးပမ်းနေ ကြောင်း Sunday People သတင်း စာက ရေးသားဖော်ပြခဲ့သည်။
အခြား သတင်းတစ်ရပ်ကမူ ရီးယဲလ်မက်ဒရစ်က Gareth Bale ကို ရောင်းချမည်မဟုတ်ဘဲ David de Gea ကိုသာ စံချိန်တင်ပြောင်းရွှေ့ ကြေးဖြင့် ခေါ်ယူသွားရန်အသင့်ဖြစ် နေပြီဖြစ်သည်ဟုဆိုကြောင်း Daily Star Sunday သတင်းစာက ရေး သားဖော်ပြခဲ့သည်။
ပြင်သစ်ကလပ် မိုနာကို အသင်းက မန်ချက်စတာယူနိုက် တက်သို့ အငှားချထားသော ကိုလံ ဘီယာနိုင်ငံလက်ရွေးစင် အသက် ၂၈ နှစ်အရွယ်ရှိ Radamel Falcao ကို ပြောင်းရွှေ့ကြေး စတာလင် ပေါင် ၄၃ သန်းဖြင့် အပြီးတိုင်ခေါ် ယူရေးကိစ္စတွင်လည်း မန်ယူအသင်း က ဈေးနှုန်းပြန်လည်ညှိနှိုင်းရန် ကြိုး ပမ်းမည်ဖြစ်သည်။
မန်ယူအသင်းနှင့် အဆင်မပြေ ပါက Falcao ကို အာဆင်နယ်၊ လီ ဗာပူးလ်၊မန်ချက်စတာစီးတီးအသင်း တို့က ခေါ်ယူရန် အသင့်ရှိနေကြ ကြောင်းလည်း Sunday Times သတင်းစာကရေးသားဖော်ပြခဲ့သည်။
တော့တင်ဟမ်ဟော့စပါး အသင်းကမူ ယူကရိန်းကလပ် Dni- pro တွင် ကစားနေသည့် အသက် ၂၅ နှစ်အရွယ်ရှိ တောင်ပံကစားသ မား Yevhen Konoplyanka အား ခေါ်ယူရန် ပြန်လည်စိတ်ဝင်စားမှု ပြသခဲ့သည်။ Konoplyanka နှင့် Dnipro ၏ စာချုပ်စာတမ်းမှာ နွေ ရာသီကာလတွင် ကုန်ဆုံးမည်ဖြစ် သည်။
လီဗာပူးလ်အသင်းကမူ ပြီးခဲ့ သည့် နွေရာသီကာလက ပြောင်း ရွှေ့စာချုပ် ချုပ်ဆိုခဲ့ပြီး ပြင်သစ် ကလပ် Lille အသင်းသို့ အငှားချ ထားသည့် အသက် ၁၉ နှစ်အရွယ် ရှိ တိုက်စစ်မှူး Divork Origi ကို အငှားစာချုပ်မစေ့မီ ပြန်လည်ခေါ် ယူနိုင်မည်ဆိုပါက အသက် ၃၂ နှစ် အရွယ်ရှိ လက်ရှိတိုက်စစ်မှူး Rickie Lambert ကို အသင်းမှ ထွက်ခွာခွင့်ပြုမည်ဖြစ်သည်။
ရီးယဲလ်မက်ဒရစ် အသင်းတွင် ရောက်ရှိနေသော တော့တင်ဟမ် ဟော့စပါးအလယ်တန်းကစားသမား ဟောင်း၊ အသက် ၂၉ နှစ်အရွယ်ရှိ Luka Modric မှာ စပိန်နိုင်ငံ မဒရစ် မြို့တွင် မပျော်ပိုက်သည့် ဇနီးသည် ကြောင့် အင်္ဂလိပ်ပရီးမီးယားလိဂ်သို့ ပြန်လာနိုင်ခြေရှိနေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် ချယ်လ်ဆီး အသင်းတို့က အပြိုင်အဆိုင်ခေါ်ယူ နိုင်ရန် မျှော်လင့်လျက်ရှိကြသည်။
ဂျာမန်ကလပ်အသင်း Boru- ssia Dortmund မှ အသက် ၂၆ နှစ် အရွယ်ရှိ နောက်ခံကစားသမား Mats Hummels ၊ အီတလီကလပ် အသင်းမှ အသက် ၂၄ နှစ်အရွယ် ရှိ အလယ်တန်းကစားသမား Kevin Strootman တို့ကို ခေါ်ယူရေးမှာမူ နွေရာသီကာလအထိ မန်ချက်စတာ ယူနိုက်တက်အသင်းက ရွှေ့ဆိုင်း ထားလိုက်ကြောင်း Sunday Mirror သတင်းစာကရေးသားဖော်ပြခဲ့သည်။
မန်ချက်စတာစီးတီးအသင်း နည်းပြ Manuel Pellegrini ကလည်း ဘာစီလိုနားကလပ်အသင်းမှ အသက် ၂၇ နှစ်အရွယ်ရှိ ရှေ့တန်း ကစားသမား Lionel Messi ကို ခေါ်ယူရန် ကြိုးပမ်းလျက်ရှိကြောင်း သတင်းပေါ်ထွက်လာခြင်းအား မှန် ကန်မှုမရှိကြောင်း ငြင်းဆိုသွားခဲ့ သည်ဟု Sunday Times သတင်းစာ က ရေးသားဖော်ပြခဲ့သည်။
ကာတာနိုင်ငံတွင် လေ့ကျင့် ရေးဝင်နေသော ဘိုင်ယန်မြူနှစ် အသင်းမှ အသက် ၃၀ အရွယ်ရှိ နယ်သာလန်နိုင်ငံသား အလယ်တန်း ကစားသမား Arjen Robben မှာ ရေကန်တစ်ကန်အတွင်းသို့ ကျသွား သည့် ဘောလုံးအား လက်ဖြင့်ဆယ် ယူစဉ် ရေကန်အတွင်းမှ မိကျောင်း တစ်ကောင်က ရန်မူကိုက်ခဲခဲ့သဖြင့် ဝဲဘက်လက်မ၊ လက်ခလယ်နှင့် လက်သြွူကယ်တို့ ဒဏ်ရာပြင်းထန် စွာရရှိခဲ့ကြောင်း Bild အမည်ရ ဂျာ မန်သတင်းစာတစ်စောင်က ရေး သားဖော်ပြခဲ့သည်။ လက်တွင်ပတ် တီးထူထဲစွာ စည်းနှောင်ထားသော Arjen Robben ၏ ဓာတ်ပုံကိုလည်း Bild က ဖော်ပြခဲ့သည်ကို တွေ့မြင် ကြရပေသည်။

ဝ၂၇၊
BBC Sport

Leave a Reply

Your email address will not be published. Required fields are marked *