၁၆ နှစ်မှာ နိုင်ငံရေးလုပ်၊ အသက် ၂၀ မှာ ထောင် ၁၁ နှစ် ပြစ်ဒဏ်ချမှတ်ခံရပေမယ့်

ပဲ့တင်သံမှ ဆရာမ မသီတာ (စမ်းချောင်း) က အမျိုးသမီး နိုင်ငံရေး အကျဉ်းသူများကို ထပ်မံတွေ့ဆုံပေးပါဦးဟု တောင်းဆိုသဖြင့် ရှာဖွေစုံစမ်းရာမှ ကိုမာကီးနှင့် စကားလက်ဆုံကျရင်း မျိုးဆက်သစ် အမျိုးသမီးတစ်ဦးအကြောင်း သိလာရသည်။ ၂၀ဝ၇ ခုနှစ် နှစ်ဦးပိုင်း ၈၈ မျိုးဆက်တို့၏ နိုင်ငံရေး ပြန်လည်လှုပ်နှိုးမှုကာလ။ ထိုမှတစ်ဆင့် ရွှေဝါရောင်။ ထိုမှတစ်ဆင့် မြန်မာ့ ဒီမိုကရေစီအရုဏ်သစ် ကာလများတွင် မျိုးဆက်သစ်နိုင်ငံရေးသမားများ အများ အပြား ပေါ်ထွန်းလာခဲ့သည်။ နိုင်ငံရေးသည် မျိုးဆက်ရှိမှ ရှင်သန်ရစမြဲ။
ထိုမျိုးဆက်သစ်များထဲ၌ အတော်လေး ထူးခြားသော နိုနိုဆိုသည့် ချာတိတ် မလေး။ သူ့ကို ၂၀ဝ၇ ခု နှစ်ဦးပိုင်းကတည်းက ထောက်လှမ်းရေးအုပ်စုက အလိုရှိနေသည်တဲ့။ ဘာကြောင့်မှန်း သဲသဲကွဲကွဲမသိ။ နိုနိုနှင့်ပတ်သက်၍ အပေါ် က မဖြစ်မနေ တာဝန်ပေးကြသည်။ ၈၈ မျိုးဆက် အစ်ကို၊ အစ်မများကိုပင် နိုနို့အကြောင်း ထောက်လှမ်းရေးက မေးလာကြသည်။ တစ်ဆင့်စကားဖြင့်ပင် နိုနိုက နာမည်ကျော်နေတော့သည်။ ဘာရယ်ဟု ရေရေရာရာမသိရသော်ငြား နိုနိုကို ဖမ်းမိဖို့အရေးသည် ထောက်လှမ်းရေးဌာနအတွက် အရေးတကြီး ဖြစ်နေသည်။ အပူတပြင်းဖြစ်နေသည် စသည့် သတင်းစကားများကြောင့် နိုနိုကို ပဲ့တင်သံဂျာနယ်အတွက် အင်တာဗျူးခွင့် တောင်းခဲ့မိသည်။
တကယ်တွေ့ရတော့၊ ဟိုမှာ နိုနိုပဲဟု ကိုမာကီးက လိုက်ပါမိတ်ဆက်ပေး ရင်း ညွှန်ပြတော့ တကယ့်ပိစိကွေးလေး။ ပါဝါမျက်မှန်နှင့်။ လူပုံလေးက သေးသေးညှက်ညှက်။ စကားပြောတာတော့ သွက်လက်ချက်ချာသည်။ ပြီးတော့ မသိတာကို မသိကြောင်း ရိုးသားစွာ ပြောပြသည်။ သူ့ကို ထောက်လှမ်းရေးက ဘာလို့ အပူတပြင်း လိုချင်ရတာလဲလို့မေးတော့ မျက်လုံးလေးလည်ရင်း နိုနို လည်း မသိဘူးလေတဲ့။ ထောင်ဒဏ်ချမှတ်ခံရသည်က ၁၁ နှစ်။ နိုနိုက သူ ဖြစ်ပျက်ခဲ့တာတွေ ပြန်ပြောင်းပြောပြပါသည်။
]]နိုနိုက ငယ်ငယ်လေးကတည်းက နိုင်ငံရေးအသိုင်းအဝိုင်းထဲမှာပဲ ကြီး ပြင်းလာရတာပါ။ နိုနိုတို့မိသားစုတွေ အကုန်လုံးက ၈၈ ကာလမှာ နိုင်ငံရေး လှုပ်ရှားကြတယ်။ နိုနို့အစ်ကို အကြီးဆုံးဆိုရင် ၈၈ ကျောင်းသားလှုပ်ရှားမှုမှာ ပါတယ်။ အဲဒီကနေ ခွဲထွက်သွားပြီးမှ ပြည်ပကိုရောက်၊ ဟိုမှာ နိုင်ငံရေး ဆက်လုပ်နေတယ်။ ကိုညီညီအောင်ပါ။ နိုနို ငယ်ငယ်ကတည်းက ကိုလှမျိုးနောင် တို့၊ ကိုဌေးြွကယ်တို့လက်ပေါ်မှာ ကြီးပြင်းလာရတာ။ နိုနိုရဲ့အစ်ကိုကြီးတွေ လိုပါပဲ။ နိုနိုတို့က စမ်းချောင်းဇာတိပါ။
နိုနို ၉ တန်းတက်တဲ့နှစ်မှာ ကိုဌေးြွကယ် ထောင်ထဲကနေ ဆေးရုံတက်ပြီး ဗိုက်ခွဲရတော့ နိုနိုသွားတွေ့တယ်။ နောက်ပိုင်း ကိုဌေးြွကယ် လွတ်လာတယ်။ နိုနို ၁၀ တန်းအောင်တဲ့နှစ်က ၂၀ဝ၅ ပါ။ ၂၀ဝ၆ မှာ တက္ကသိုလ်တက်ဖြစ် တယ်။ ၂၀ဝ၇ နှစ်စပိုင်းလောက်မှာ ၈၈ မျိုးဆက်က အစ်ကိုတွေနဲ့ ကမ်ပိန်းတွေမှာစပြီး ပါဝင်လှုပ်ရှားဖြစ်လာပြီ။ အဲဒီကနေ တစ်လျှောက်လုံး ပါဝင်လှုပ်ရှားဖြစ်သွားခဲ့တာပဲ။ နောက်တော့ ၈၈ မျိုးဆက် အစ်ကိုတွေကြောင့် ဒီငြိမ်းလင်းတို့၊ စည်သူမောင်တို့နဲ့ လက်တွဲပြီး လှုပ်ရှားဖြစ်သွားတယ်။ ကျောင်းသားလှုပ်ရှားမှုတွေမှာ ဝင်လုပ်ဖြစ် တယ်။
၂၀ဝ၇ သြဂုတ်လ ၁၉ ရက်နေ့။ ဘဘဦးကြည်မောင်ရဲ့ နာရေးနှစ်ပတ် လည်နေ့က အပြန်မှာ လမ်းလျှောက်ကမ်ပိန်း လုပ်ဖြစ်ကြတယ်။ လောင် စာဆီဈေးနှုန်းကျဆင်းရေး လမ်းလျှောက်ပွဲပေါ့။ ၂၁ ရက်နေ့ ညနေပိုင်းမှာလည်း ကိုမင်းကိုနိုင်တို့နဲ့ လိုက်ပြီးလှုပ်ရှားတယ်။ ၂၂ ရက်နေ့ မြေနီကုန်းကနေ ပါရမီ လမ်းဆုံအထိ လမ်းလျှောက်ကြတယ်။
အဲဒီတုန်းက ဘယ်အဖွဲ့အစည်းထဲမှာမှ ဝင်ပါတာမျိုး၊ ဖွဲ့ပြီးလုပ်တာမျိုး မဟုတ်ဘူး။ ၈၈ မျိုးဆက်က အစ်ကိုတွေ၊ အစ်မတွေ ဦးဆောင်တဲ့နောက်ကလိုက်ပြီး လှုပ်ရှားရုံသက်သက်ပဲ။ သြဂုတ်လ ၂၂ ရက်နေ့ နောက်ပိုင်းမှာတော့ ဖမ်းတော့ မယ်ဆိုလို့ ရှောင်တိမ်းနေလိုက်ရတယ်။ ရွှေဝါရောင်တော်လှန်ရေးဖြစ်တဲ့အထိပါပဲ။
၂၀ဝ၇ ရွှေဝါရောင်တော်လှန်ရေးဖြစ်တော့ ကျောင်းသားလှုပ်ရှားမှုတွေထဲ မှာ ဝင်ပါတယ်။ ရွှေဝါရောင်တော်လှန်ရေး ဖြိုခွဲခံရတဲ့အထိ တစ်လျှောက်လုံး ဝင်လှုပ်ရှားဖြစ်တယ်။ အောက်တိုဘာ ၁၈ ရက်နေ့ရောက်တော့ သွားပုန်းနေတဲ့ အိမ်မှာပဲ လာဖမ်းတော့ အဖမ်းခံလိုက်ရတာပါ။ အားလုံးပေါင်း ၅ ယောက်ပေါ့။ နိုနိုရယ်၊ အစ်မဖြစ်တဲ့ မသင်းသင်းအောင်ရယ်၊ ကြီးဒေါ်ကြီးရယ်၊ အစ်ကို တစ်ယောက်ရယ်၊ ပြီးတော့ စမ်းချောင်း ကိုကိုကြီးရယ် အဖမ်းခံကြရတယ်။
လာဖမ်းတာကည ၁၂ နာရီ ညမထွက်ရအမိန့် ထုတ်ထားတဲ့ကာလ။ အဲဒီတုန်းက နိုနိုက နေမကောင်းလို့ လှဲနေတာ။ နိုနိုတို့ ပုန်းနေတဲ့ ခြံဝင်းရှေ့ကို ဆိုင်ကယ်တွေလာရပ်တဲ့အသံ စပြီးကြားရတယ်။ အဲဒီမှာကတည်းက နည်းနည်း တော့ သဘောပေါက်နေပြီ။ ဆိုင်ကယ်တွေက အပြင်မှာဝိုင်းထားလိုက်ပြီ။ အိမ်က ခြံဝင်းနဲ့ နှစ်ထပ်တိုက်အိမ်ပါ။ ကြီးဒေါ်ကြီးက ငှားထားတာ။ လာဝိုင်းတော့ ည ၁၂ နာရီလောက်ရှိပြီ။ ရဲတွေက အပြင်ကနေ ကြီးဒေါ်ကြီးရဲ့နာမည်ကို အော်ခေါ်ကြတယ်။ ကြီးဒေါ်ကြီးက ဖွင့်မပေးဘူး။ အထဲမှာ လုပ်စရာရှိတာတွေ ပြင်ဆင်ကြတာပေါ့။ အစ်ကိုတစ်ယောက်ကို ဖုန်းတွေ၊ အရေးကြီးတဲ့ စာရွက် စာတမ်းတွေ၊ ဃီ တွေပေးပြီး လွတ်အောင်ပြေးခိုင်းတာပေါ့။ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတုန်း နိုနိုတို့ညီအစ်မနှစ်ယောက်က အိမ်တံခါးအပြင်ကို ရောက်သွား တယ်။ အပြင်ကလည်း တကြော်ကြော်နဲ့ အော်နေတယ်။ ထွက်လာခဲ့ကြနော်၊ ထွက်မလာရင် ငါတို့ကို ပစ်မိန့်ပေးထားတယ်၊ ပစ်ရလိမ့်မယ်လို့ အော်နေတာပဲ။
နိုနိုနဲ့ မသင်းသင်းအောင်က ခြံထဲမှာ ပုန်းစရာရှာရင်းနဲ့ ကားအောက်ထဲကို ဝင်တိုးပြီး ပုန်းနေကြတယ်။ နောက်တော့ ကြီးဒေါ်ကြီးက ခြံတံခါး ဖွင့်ပေး လိုက်တယ်။ သူတို့က လိုက်ရှာတာပေါ့။ နိုနိုတို့လည်း မလွတ်တော့ဘူး။ အဲဒီမှာပဲ အဖမ်းခံလိုက်ရတာပါ}}
ထိုအချိန်မှာ တကယ့်ကို နိုင်ငံရေး အမှောင်မိုက်ဆုံးကာလ။ စစ်အာဏာရှင် အုပ်စုအနေဖြင့် ရွှေဝါရောင်သံဃာလှုပ်ရှားမှုကြီးကို မီးကုန်ယမ်းကုန် ရက်ရက် စက်စက် ဖြိုခွဲခဲ့ပြီးနောက်ပိုင်း သံဃာတော်များ သွေးမြေကျခဲ့ကြရ၊ ဖမ်းဆီးနှိပ်စက် ညှဉ်းပန်းခံခဲ့ကြရ၊ ထောင်ကျတန်းကျ ကြုံခဲ့ရသည်။ မြန်မာ့နိုင်ငံရေး၏ အဆုံး စွန် မှောင်မိုက်ခြင်း လမ်းဆုံးခရီး။ ထိုကာလတွင် အဖမ်းခံရသော နိုနိုမှာ အသက် ၂၀ အရွယ်ဖြင့် ထောင်ဒဏ် ၁၁ နှစ်။ စစ်အာဏာရှင်တို့၏ မိုက်မဲခဲ့မှု များက လမ်းဆုံးတော့မည့်ကာလ။ အမှားအသင်္ချေများကို ပြန်တွေးတောဖြစ်စေရန် နိုနိုတို့ ထောင်ဒဏ်များကျခံရင်း စတေးခံခဲ့ကြရသည်။ ငယ်ရွယ်မှု၊ လွတ်လပ်မှု၊ တကြွ်ကမှု၊ အားသစ်အင်သစ်များ ထောင်ထဲမှာ ကုန်ဆုံးရသည်။
]]အင်းစိန်ထောင်ကိုရောက်ပြီး သိပ်မကြာဘူး။ စစ်ကြောရေး စတာပါပဲ။ သူတို့က နိုနိုကို ရွှေဝါရောင် သိပ်မမေးဘူး။ သဘောလောက်ပဲမေးတာ။ ကျောင်းသားလှုပ်ရှားမှုတွေ၊ ဒီငြိမ်းလင်းတို့၊ စည်သူမောင်တို့နဲ့ လှုပ်ရှားတာတွေ လည်း သဘောလောက်ပဲ။ သူတို့ တကယ်အဓိကသိချင်တာက ပြည်ပမှာ လှုပ်ရှားနေတဲ့ အစ်ကို ညီညီအောင့် ကိစ္စတွေပါ။ သူနဲ့ ဘယ်လိုဆက်သွယ်သလဲ၊ ဘယ်သူတွေနဲ့ ဆက်သွယ်သလဲ၊ ဘာတွေဆောင်ရွက်သလဲ၊ အဲဒါတွေ အဓိက ထားပြီးမေးတာ။ သူတို့ နိုနိုကို အသည်းအသန်ရှာနေတာလည်း အဲဒါကြောင့်ပဲ နေမယ်။ ရှာတာတော့ နိုနိုကို အသည်းအသန်ကိုရှာတာ။ ဘာမှန်းလဲတော့ နိုနိုမသိဘူး။ ထောင်ထဲမှာလည်း နိုနိုကို တစ်ယောက်ပြီးတစ်ယောက် လာလာ ကြည့်ပြီး ဒါ နိုနိုလားလို့ လာလာမေးတာ။ ဘာကြောင့်မှန်းလည်း နိုနို မသိပါဘူး။
နိုနိုတို့ကို ထောင်ထဲမှာပဲ ထားရင်းနဲ့ ဖေဖော်ဝါရီလရောက်တော့ သင်းဖွဲ့ (၆) ပုဒ်မနဲ့ ဆွဲထားတယ်လို့ အစ်မ သင်းသင်းအောင်တို့ သိသွားတာ။ ဘယ်လို သိသွားလဲတော့ မသိဘူး။ အဲဒီမှာ နိုနိုတို့မသိဘဲ သင်းဖွဲ့ (၆) နဲ့ ဆွဲရပါ့ မလားဆိုပြီး အစ်မတို့နဲ့ ထောင်အာဏာပိုင်တွေနဲ့ စကားတွေများတယ်။ နောက် တော့မှ ရမန်ယူပေးတာ။ သြဂုတ်လ ၂၇ ရက်နေ့ရောက်မှ စပြီး တရားရုံးထုတ် တာ။ အားလုံးပေါင်း ၃၇ ယောက်လောက်ရှိမယ်။ ပုဒ်မတွေက သင်းဖွဲ့ (၆)၊ ပြည်ပဆက်သွယ်မှု၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု၊ ၅၀၅ (ခ)၊ အမျိုးသား ညီလာခံကို နှောင့်ယှက်ဖျက်ဆီးမှု၊ အီလက်ထရောနစ်ပုဒ်မတွေလည်းပါတယ်။ နိုနိုကိုတော့ အီလက်ထရောနစ်ပုဒ်မ မတပ်ဘူး။ ကိုမင်းကိုနိုင်တို့ကို အရင်ဆုံး ၆ လချလိုက်ပြီးတဲ့နောက်ပိုင်း နိုနိုတို့ကို အုပ်စုသုံးစု ခွဲလိုက်တယ်။ ၁၄ ယောက်အုပ်စုတွေ ခွဲလိုက်တာပါ။ နိုဝင်ဘာလ ၂၁ ရက်နဲ့ ၂၈ ရက်မှာ ပြစ်ဒဏ် ချတယ်။ နိုနို ထောင် ၁၁ နှစ်ကျတယ်။ နောက်တော့ အင်းစိန်ထောင်ကနေ မအူပင်ထောင်ကို ထောင်ပြောင်းပို့လိုက်တယ်။
အင်းစိန်ထောင်မှာတုန်းက အမှတ်အရဆုံး ဖြစ်ရပ်က နာဂစ်မုန်တိုင်း တိုက်တဲ့အချိန်ပါ။ တကယ့်ကို မမေ့နိုင်တဲ့ဖြစ်ရပ်ပေါ့။ နိုနိုတို့ ထောင်ထဲမှာ ရှိတုန်း၊ နာဂစ်တိုက်မယ့် ညမှာပေါ့။ တာဝန်ကျတဲ့ဝန်ထမ်းက ကိုယ်ဝန်ဆောင် သည် ဖြစ်နေတယ်။ သူ့ကို တာဝန်မချပါနဲ့၊ ကိုယ်ဝန်ဆောင်သည်ဖြစ်နေတဲ့ အတွက် တစ်ခုခုအရေးအကြောင်းဆိုရင် ကျွန်မတို့တွေ ဒုက္ခရောက်တာထက် သူဒုက္ခရောက်မယ်၊ သူ့ကို တာဝန်မချပါနဲ့လို့ မမီးမီး ကပြောတယ်။ တခြားလူနဲ့ ချိန်းပေးပါဆိုတာ မချိန်းပေးဘူး။ ည ၂ နာရီမှာ နာဂစ်စတိုက်တော့ မိုးတွေက တအားပက်တယ်။ နိုနိုတို့တိုက်က ရင်ခွဲတိုက်ဆိုတော့ အလယ်မှာ လျှောက်လမ်း ရှိတယ်။ ဝန်ထမ်းတွေကို အဲဒီမှာထား၊ မိုးတွေကလည်း တအားရွှဲကုန်ပြီ။ မိုးလင်းခါနီးကျတော့ ရေတွေက များလာပြီ။ အဆောက်အအုံတွေကလည်း ပျက်စီး လာပြီ။ မနက်မိုးလင်းတော့ ဝန်ထမ်းကို ပြန်လွှတ်လိုက်တယ်။ အဲဒီကတည်းက တိုက်ထဲမှာ ဝန်ထမ်းမရှိတော့ဘူး။ ယောကျာ်းလေးဆောင်မှာလည်း မီးတွေရှို့လို့ ပြဿနာတွေဖြစ်နေကြပြီ။ ဒီဘက်က အော်ခေါ်တာလည်း ဘယ်ဝန်ထမ်းမှ မလာ ကြဘူး။ မီးခိုးတွေက အများကြီးဖြစ်လာတယ်။ ဟိုဘက်မှာလည်း သေနတ်သံတွေ ကြားနေရတယ်။ နိုနိုတို့ အနောက်မှာက ထောင်ပတ်လမ်းဆိုတော့ ပြေးလွှား တဲ့အသံတွေ ကြားနေရတယ်။ မနက် ၈ နာရီခွဲလောက်မှာ မီးခိုးတွေက မတရားများလာတော့ တိုက်ခန်းတွေ ထဲမှာ ဘယ်လိုမှ ဆက်နေလို့မရတဲ့ အဆုံး ဝန်ထမ်းတွေကိုလည်း ခေါ်လို့ မရတဲ့အတွက် နိုနိုတို့ ကိုယ့်အခန်းကို ကိုယ် ဖောက်ပြီး ရတဲ့နည်းနဲ့ ထွက်ကြ ရတော့တာပဲ။ ဘယ်လိုဖောက်ပစ်ခဲ့မှန်း တောင် မသိတော့ဘူး။ တကယ့်ကို ထိတ်လန့်တကြားဖြစ်ပြီး ဘယ်လို ဖောက်လာနိုင်မှန်း မသိတော့ဘူး။ အဲဒီ ကာလမှာ ဘေးငါးပါးကို တစ်ပြိုင် တည်းရင်ဆိုင်ရသလိုပဲ။ အဲဒါတော့ တကယ့်ကို အမှတ်ရနေပါတယ်။
နိုနိုက လက်ရှိအချိန်မှာ ဒီငြိမ်း လင်း၊ စည်သူမောင်တို့နှင့်အတူ ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီတွင် တွဲဖက်အတွင်းရေးမှူး (ဘဏ္ဍာရေးမှူး) အဖြစ် ဆောင်ရွက်နေ ဆဲပင်။ ပညာရေးစနစ်သစ်နှင့်အတူ လူ ငယ်များ ရသင့်ရထိုက်သည့် တန်းတူ ပညာရေးကို ရရှိစေဖို့ ကြိုးပမ်းနေသူ များနှင့် လက်တွဲချီ တက်နေဆဲ။ ယနေ့ လူငယ်များ၏ နိုင်ငံရေးအမြင်၊ နိုး ကြားမှု၊ အမှားအမှန် ပိုင်းခြားဝေဖန် တတ်မှုများအပေါ် အားရကျေနပ်မှုရှိ သလို အကြောက်တရားများ မကုန် စင်သေးသည်ကိုလည်း မြင်တွေ့နေရ ကြောင်း ပြောပြလာသည်။
မှန်သည်။ ယနေ့ခေတ် လူငယ် မောင်မယ်များသည် ပွင့်လင်းမြင်သာမှု၊ ွှှု စနစ်နှင့် အသွင်ပြောင်းနိုင်ငံရေး ကာလတို့ကြောင့် ကောလာဟလများ ကို ဝေဖန်ဆန်းစစ်လာနိုင်ကြသည်။ တစ်ခုခုကို မျက်စိမှိတ်ထောက်ခံ တာမျိုး မလုပ်ကြတော့။ နိုင်ငံရေး အဖြီးအဖြန်းတွေကို လက်မခံကြတော့။ သူတို့လိုလားသော ပညာရေးခေတ်သစ် ကို ရရှိကြမည်ဆိုလျှင် မြန်မာ့ဒီမို ကရေစီအနာဂတ်သည် ပို၍လှပ သစ်လွင်လာမည်ထင်ပါသည်။ အမှောင် ကိုခွင်းနိုင်ဖို့က လူငယ်မောင်မယ်များ မပါ၍မရပါချေ။

ဝ၆၁

Leave a Reply

Your email address will not be published.