၂၀၁၄ ကမ္ဘာ့အကောင်းဆုံးဆုကို ရော်နယ်လ်ဒိုက ၂ နှစ်ဆက်တိုက် ရရှိ

ဇန်နဝါရီ ၁၂

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ တစ်နှစ်တာ ထူးချွန်ကစားသမားဆုများ ရွေးချယ်ပေးအပ်ပွဲကို ဇန်နဝါရီလ ၁၂ ရက်နေ့ညက ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ချ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ FIFA ၏ ၂၀၁၄ ခုနှစ်အတွင်း အကောင်းဆုံးအမျိုးသားဘောလုံးသမားဆုကို ပေါ်တူဂီနိုင်ငံ လက်ရွေးစင် အသင်းနှင့် ရီးယဲလ်မက်ဒရစ် ကလပ်အသင်းတို့မှ တိုက်စစ်မှူး Cristiano Ronaldo က ပြိုင်ဘက်ဆန်ခါတင်စာရင်းဝင် ဘောလုံးသမားများဖြစ်ကြ သော အာဂျင်တီးနားနိုင်ငံလက်ရွေးစင်အသင်းနှင့် ဘာစီလိုနာကလပ် အသင်း တိုက်စစ်မှူး Lionel Messi ၊ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီနိုင်ငံ လက်ရွေး စင်အသင်းနှင့် ဘိုင်ယန်မြူးနစ် ကလပ်အသင်းတို့၏ ဂိုးသမား Manuel Neuer တို့ကို ဖြတ်ကျော်ကာ Ballon d’Or ဆုကို ၂ နှစ် ဆက်တိုက် ဆွတ်ခူးရယူသွားခဲ့ပြီဖြစ်သည်။
၂၀၁၄ ခုနှစ်၏ အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုကို ဂျာ မနီကလပ် Wolfsburg အသင်းမှ တိုက်စစ်မှူး Nadine Kessler က ဆွတ်ခူးရရှိသွားခဲ့သည်။ တစ်နှစ်တာအတွင်း အလှဆုံးသွင်းဂိုးအတွက် ပေးအပ်သည့် Puskas Award ကို ကိုလံဘီယာနိုင်ငံလက်ရွေးစင်အသင်း တိုက်စစ်မှူး James Rodriguez က ရရှိသွားခဲ့သည်။ Rodriguez သည် ပြိုင်ဘက်များဖြစ်ကြသော နယ်သာလန်တိုက်စစ်မှူး Robin Van Persie နှင့် အိုင်ယာလန်အမျိုးသမီးတိုက်စစ်မှူး Stephanic Roche တို့ကို ကျော် ဖြတ်ကာ Puskas ဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ်၏ အကောင်းဆုံး ၁၁ ယောက်ရွေးချယ်ရာတွင် ဂိုး- Manuel Neuer (ဂျာမနီ)၊ နောက်တန်း- Phillip Lahm (ဂျာမနီ)၊ Sergio Ramos (စပိန်)၊ David Luiz (ဘရာဇီးလ်)၊ Thiago Silva (ဘရာဇီးလ်)၊ အလယ်တန်း – Angel Di Maria (အာဂျင်တီးနား)၊ Andres Iniesta (စပိန်)၊ Toni Kroos (ဂျာမနီ)၊ ရှေ့တန်း – Lionel Messi (အာဂျင်တီးနား)။ Cristiano Ronaldo (ပေါ်တူဂီ) နှင့် Arjen Robben (နယ်သာလန်) တို့ကို ရွေးချယ်သွားခဲ့ သည်။

ဝ၂၇၊
BBC/AP/Fox News

Leave a Reply

Your email address will not be published. Required fields are marked *