]နိုင်ငံတော်ဇာတာနှင့် အသင့်တော်ဆုံးဖြစ်မည့် သမ္မတလောင်း၏ ပုံရိပ်ကို ရှာဖွေကြည့်ခြင်း}

၂၀၁၅ ခုနှစ်ကုန်ကာလတွင် မြန်မာနိုင်ငံ၏ ဒုတိယဒီမိုကရေစီ သက် တမ်း ၅ နှစ်ကို ဦးဆောင်မည့် သမ္မတ လောင်းရွေးချယ်တင်မြှောက်မည့် ရွေး ကောက်ပွဲကြီး ကျင်းပတော့မည်ဖြစ် သည်။ နိုင်ငံတော်၏ ဇာတာနှင့် အကိုက်ညီဆုံးပုဂ္ဂိုလ် သမ္မတဖြစ်လာ နိုင်သည်ဟု ကောင်းကင်ဂြိုဟ်နက္ခတ် များမှ နိမိတ်ပြဆိုထားသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြီး အဆင်ပြေချော မွေ့စွာပြီးဆုံးနိုင်ပြီး နိုင်ငံတော်သမ္မတ ဖြစ်လာမည့်ပုဂ္ဂိုလ်သည် အမြော်အမြင် ဆင်ခြင်တုံတရား ပြည့်ဝသူ၊ သြဇာ အာဏာသုံးစွဲခွင့်၊ အဆင့်အတန်းမြင့်မား သူ၊ ကိုယ်ကျိုးကို မငဲ့ကွက်သူဖြစ်ရန် အရေးကြီးလှသည်။
နိုင်ငံတော်ဇာတာနှင့်
ထပ်တူမရှိခဲ့ကြသည့် နိုင်ငံ့အကြီးအကဲများ
နက္ခတ္တဝေဒပညာရပ်အရ နိုင်ငံ တော်ဇာတာ၏ အရေးကြီးသော လဂ်၊ စန်းတို့နှင့် နိုင်ငံတော်ကို အုပ်ချုပ်မည့် အကြီးအကဲများဇာတာ၏ ကိုယ်(လဂ်) နှင့် စိတ်(စန်း)တို့သည် အနီးကပ်ဆုံး နေရာတွင်ရှိသော နိုင်ငံ့ခေါင်းဆာင်များ သာ တိုင်းပြည်ကိုအထူးခြားဆုံး အောင် မြင်တိုးတက်အောင် စွမ်းဆောင်နိုင် တတ်သည်ဟု ဝေဒကျမ်းများတွင် ပြဆို ထားသည်။ မြန်မာနိုင်ငံကို ၁၉၇၄ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ နိုင်ငံတော် သမ္မတအဖြစ် တာဝန်ယူခဲ့သော ဦးနေ ဝင်း၏ ဇာတာတွင် နိုင်ငံတော်၏ စန်း (စိတ်) ရာသီနှင့်ဦးနေဝင်း၏ ဇနမရာသီ သည် အလှမ်းကွာသောဒီဂရီများ ကြောင့် မြန်မာနိုင်ငံအတွက် အတိတ် ဆိုးနှင့် နိမိတ်ဆိုးများကို ကျန်ရစ်ခဲ့စေ သည်။
စနစ်တစ်ခုကို တော်လှန်ခြင်း (သို့) သမိုင်းဝင်ဒီမိုကရေစီအရေးတော် ပုံနှင့်အတူ မွေးဖွားလာသော ရှစ်လေး လုံးအရေးတော်ပုံအပြီး ဗိုလ်ချုပ်မှူးကြီး စောမောင်သည် နိုင်ငံအကြီးအကဲဖြစ် လာခဲ့သည်။ နိုင်ငံတော်ဇာတာနှင့် ဗိုလ် ချုပ်မှူးကြီးစောမောင်၏ ကံကြမ္မာတွင် စိတ်(စန်း)ချင်း တစ်ထပ်တည်းကျနေ သော်လည်း ကိုယ်(လဂ်)အနေအထား တွင် ဒီဂရီအလှမ်းဝေးသဖြင့် နိုင်ငံတော် အတွက် အကျိုးဆောင်နိုင်မှုနှင့် ရေရှည် အုပ်ချုပ်နိုင်မှုကို အားလျော့စေခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေဇာတာ သည် ဥစ်ကသစ်များဖြင့် မွမ်းမံခြယ် သထားသောရှားပါးသည့် ဇာတာတစ် စောင်ဖြစ်စေကာမူ နိုင်ငံတော်ဇာတာ (ပြည်သူပြည်သားတို့၏ ကံကြမ္မာ)၏ စိတ်(ဇနမစန်း)မှ အဝေးဆုံးနေရာ ဖြစ် သော မိန်ရာသီတွင် တည်ရှိနေခြင်းက တိုင်းပြည်တိုးတက်ရေးအတွက် အချိန် နှင့်ငွေများစွာ ဆုံးရှုံးပေးဆပ်လိုက်ရ သော တိုင်းပြည်၏ကြမ္မာငင်စေသော ဇာတာရှင်ဖြစ်သည်။
နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်၏ ကံကြမ္မာ
နိုင်ငံတော်ဇာတာ ကန်စန်းနှင့် တစ်ထပ်တည်းကျနေသော ရာဇယော ဂယုဂ်များရသည့် ကြာသပတေး ဂုရု ဂြိုဟ်ဥစ်၊ ကန်ကြာ ပေါက်သည့် ဇာ တာကောင်းတစ်စောင်ဖြစ်သည်။ နိုင်ငံ တော်၏ သမ္မတသက်တမ်းအတွင်း ခေတ်အဆက်ဆက်မှ သမ္မတများနှင့် မတူ နိုင်ငံတော်၏ တာဝန်များကို ထူး ချွန်စွာထမ်းဆောင်နိုင်ခြင်းသည် နိုင်ငံ တော်ဇာတာနှင့် ဦးသိန်းစိန်ဇာတာတို့ တစ်ထပ်တည်းကျသည့် ကန်ကြာ ပေါက်သည့် ဇာတာကြောင့်ပင်ဖြစ် သည်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ ကာလရှိ ကောင်းကင်ဂြိုဟ်နှင့် ကန် ရာသီတွင် နေကြတ်၊ လကြတ်ဖြစ်စဉ် များကြောင့် ဒုတိယသမ္မတသက်တမ်း အတွက် ရရှိရန် ခဲယဉ်းနိုင်သည့်အပြင် ကျန်းမာရေးသတိပြုသင့်သော ကာလ ဖြစ်လာနိုင်ကြောင်း လေ့လာတွေ့ရှိရ သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကံကြမ္မာ
ဓမ္မကမ္မဓိပတိရာဇယုဂ်ရသော ရှားပါးသည့် ဇာတာပိုင်ရှင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဇာတာ တွင် နိုင်ငံတော်ဇာတာက ကန်စန်းနှင့် ထပ်တူကျနေသည့် ကန်ကြာ ပေါက်နေ သော ထိပ်တန်းဇာတာရှင်ဖြစ်သည်။ နိုင်ငံတော်အတွက် ကိုယ် (လဂ်)၊ စိတ် (စန်း)နှင့် အနီးစပ်ဆုံးကျသော လူထု ခေါင်းဆောင်တစ်ဦးဖြစ်သည်။ အမြင့် ဆုံးရာထူးဖြစ်သည့် သမ္မတဖြစ်ရန် ဂြိုဟ်၊ နက္ခတ်မှ အဟန့်အတားများ ပါရှိသော ဇာတာရှင်ဖြစ်သည်။ မင်း၊ သမ္မတဖြစ်လိုသော ဆန္ဒရှိပြီး အရည် အချင်းနှင့် ပြည့်စုံသူဖြစ်သည်။ သမ္မတ ဖြစ်လိုသော ဆန္ဒနှင့်အရည်အချင်းပြည့် စုံသည့်တိုင် အခြေအနေပေါ်မူတည် နေသည်။ အခြေအနေကို ဖန်တီးစေ ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတမဖြစ်စေရန် အဟန့်အတား ပြု ထားသော ဇာတာရှင်ဖြစ်သည်။
သို့ရာတွင် ၂၀၁၅ ခုနှစ် သြဂုတ် လဆန်းတွင် မြန်မာနိုင်ငံအခြေခံဥပဒေ ပြင်ဆင်ရေးကြိုးပမ်းဆောင်ရွက်ရာတွင် လွှတ်တော် တရားရုံး (သို့) ပြည်သူ့ လွှတ်တော်မှ စိတ်ဝင်စားနေသည့် ဥပဒေ ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင် လာပြီး အများပြည်သူတို့ ဝမ်းမြောက် ကျေနပ်စွာလက်ခံ ကြိုဆိုကြမည့် ဖြစ် စဉ်တစ်ရပ်ဖြစ်ပေါ်နိုင်သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကာလ လွန်ပြီးချိန်၌ နိုင်ငံရေး စင်မြင့်ပေါ်တွင် ပါဝင်လှုပ်ရှားဆဲ ဖြစ်နေဦးမည်ဖြစ် သည်။ သို့ရာတွင် ကျန်းမာရေးအခြေ အနေ ကောင်းမွန်ခြင်း ရှိလိမ့်မည် မဟုတ်ပေ။ နာတာရှည်ဝေဒနာ (ရင် ခေါင်းပိုင်း (သို့) အမျိုးသမီးရောဂါ) ဖြစ်ပေါ်လာနိုင်ပြီး ကျန်းမာရေး သတိ ပြုရမည့်ကာလသို့ ရောက်ရှိလာနိုင် သည်။
သမ္မတလောင်းဖြစ်လာနိုင်သည့်
သူရဦးရွှေမန်း ကံကြမ္မာ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၏ မူလဇာတာမှာ မိန်ရာ သီစန်းဖြစ်ပြီး နိုင်ငံတော်ဇာတာစန်းနှင့် အလှမ်းကွာဝေးလွန်းကြောင်း တွေ့ရှိရ သဖြင့် သမ္မတတာဝန် ထမ်းဆောင်ပါ က သမ္မတဦးသိန်းစိန်ကာလထက် အခက်အခဲများစွာနှင့် ရင်ဆိုင်သွားရနိုင် ကြောင်း တွေ့ရှိရသည်။
သမ္မတလောင်းဖြစ်လာနိုင်သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ဓမ္မကမ္မဓိပတိရာဇယုဂ်နှင့်အတူ ဥစ်အားများဖြင့် ပြည့်စုံနေသည့် စစ် သေနာပတိချုပ်အင်အားအပြည့် ရထား သော ဇာတာကောင်းကို ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ဇာတာတွင် တွေ့ မြင်ရသည်။ နိုင်ငံတော် ဇာတာနှင့် နှိုင်း ယှဉ်လျှင်မူ သမ္မတဖြစ်နိုင်ချေ အား နည်းနိုင်ကြောင်း လေ့လာတွေ့ရှိရ သည်။
မြန်မာ့နိုင်ငံရေးအတွက်
သမ္မတ ဖြစ်သင့်သူ
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကာလအလွန်တွင် မည်သူ နိုင်ငံတော် သမ္မတဖြစ်နိုင်သည် ဆိုခြင်းထက် မည် သူ သမ္မတဖြစ်သင့်သည်။ သူ သမ္မတ ဖြစ်လာလျှင် မြန်မာ့နိုင်ငံရေးအတွက် အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်မည် ဆိုသည့် နိုင်ငံရေးအတွက်သာ အရေး ပါဆုံးဖြစ်ပေလိမ့်မည်။
အချိန်ကာလသည် စက္ကန့်နှင့် အမျှပြောင်းလဲလျက်ရှိသည်။ အစ ကောင်းသော်လည်း အနှောင်းသေ ချာရန်မှာ တာဝန်ယူလုပ်ကိုင်ဆောင် ရွက်သူများ၏ နိုင်ငံတော်အပေါ် ထား သော စေတနာအပေါ် တည်မှီလိမ့် မည်။

ဆရာဝဏ္ဏ (ဝေဒ)
B.Sc(Maths), H.G.P
မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့

Leave a Reply

Your email address will not be published.