အကန်းဘုရင်

အခါတစ်ပါး၌
ငါတို့ မြတ်စွာဘုရားရှင်သည် အလောင်းတော်ဘဝဖြင့် ရှင်သာမဏေငယ်အဖြစ် ကျင်လည်ခဲ့သော ဘဝတစ်ခုရှိခဲ့လေသည်။ ထိုအလောင်းတော်
ရှင်သာမဏေလေးသည်
ကြီးစွာသော ဣန္ဒြေ၊ အကျင့်၊ သီလ၊ သမာဓိတို့နှင့် ပြည့်စုံလှသဖြင့် ထိုတိုင်းပြည်၏ ရှင်ဘုရင်ကိုးကွယ်သော ရှင်သာမဏေလေးအဖြစ် ကျော်ကြားလှသည်။
ရှင်သာမဏေလေးသည် မြစ်ခြားလျက်ရှိသော
အရပ်ဒေသသို့ ခရီးတစ်ခု
သွားရန် အကြောင်းကိစ္စ ပေါ်ပေါက်လာသဖြင့်
မြစ်ဆိပ်သို့ ြွကလာခဲ့သည်။
ထိုမြစ်ဆိပ်၌ လှေငယ်တစ်စီးသာရှိ၏။ ထိုလှေငယ်ရှင်ပုဏ္ဏားသည် ထိုမြစ်ဆိပ်မှ
ကူးတို့ပို့ခြင်း အတတ်ပညာဖြင့်
အသက်မွေးသည်။
ထိုမြစ်ကို ကူးဖြတ်လိုသူတိုင်း ပုဏ္ဏားသည် ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် လှေငယ်ကိုလှော်ခတ်၍
ကူးတို့ ပို့ဆောင်လေ့ရှိသည်။ မြစ်ဆိပ်၏ တစ်ဦးတည်းသော ကူးတို့ရှင်ဖြစ်သည်။
ပုဏ္ဏားသည် ထိုလှေလှော်ခတ်ခြင်းကို ပိုင်နိုင်ကျွမ်းကျင်သည့်အလျောက် ထိုအတတ်ပညာအပေါ်၌ အလွန်ကောက်ကျစ်သောအမှုကို ပြုလေ့ရှိသည်။
ပုဏ္ဏား၏ ကောက်ကျစ်မှုသည် မြစ်ကို ကူးဖြတ်လိုသူလာလျှင် အဖိုးအခကို ဦးစွာပြောဆိုလေ့မရှိ။ လိုရာကမ်းတစ်ဖက်သို့ ဆိုက်ရောက်လေမှ
အဖိုးအခကို
မတန်တဆ တောင်းဆို၏။
မရလျှင် ရိုက်ပုတ်ကြိမ်းမောင်း ကန်ကြောက်လေ့ရှိသည်။ ဤနည်းဖြင့်
အတတ်ပညာကို အမှီပြုလျက်
အနိုင့်အထက် မင်းမူစိုးမိုးနေသည်။ ပုဏ္ဏားအကြောင်းကို
မသိသော ခရီးသွားတို့သည် ကြိမ်ဖန်များစွာ
ညှဉ်းပန်းနှိပ်စက်ခံကြရသည်။
အလောင်းတော် ရှင်သာမဏေငယ်သည် ထိုမြစ်ဆိပ်သို့
ဆိုက်ရောက်လာခဲ့သည်။ အလျင်အမြန်သွားရမည့်ခရီးကြောင့် ပုဏ္ဏား၏လှေငယ်ကို တစ်ပါးတည်းစီးကာ
လိုရာကမ်းသို့ ထွက်ခွာလာတော့သည်။ ပုဏ္ဏားသည်
ဤရှင်သာမဏေငယ်ထံမှ မတန်တဆအခကြေးငွေကို တောင်းခံမည်ဟု ကြံရွယ်လျက် တစ်ဖက်ကမ်းသို့ ပို့ဆောင်ခဲ့တော့သည်။ ကမ်းတစ်ဖက်သည်
ပုဏ္ဏား၏ ကျေးရွာဇာတိဖြစ်သဖြင့်
ပုဏ္ဏားသည် ပို၍ပင် ရဲတင်းနေတော့သည်။ လှေငယ်ကို ကမ်း သို့ဆိုက်ကပ်ပြီး ချိန်တွင် ရှင်သာမဏေငယ်ထံမှ မတန်တဆ အဖိုးအခကို တောင်းလေသည်။ ဤတွင် –
]]အို…ပုဏ္ဏား သင်သည်
မသွားခင်ကပင် အဖိုးအခ ဤ၍ဤမျှရှိသည်ကို ကြိုတင်၍ ပြောသင့်သည် မဟုတ်လော။ ယခု ကျွန်ုပ်မှာ သင်တောင်းသော အသပြာမပါ။ ဤမျှ အဖိုးအခ ကြီးမြင့်စွာ ပေးရအံ့ဟု ကျွန်ုပ် မထင်မှတ်ထားခဲ့။ ကျွန်ုပ်မှာ ထိုမျှပေးရန် မပါချေ}}
ပုဏ္ဏားသည် ရှင်သာမဏေငယ်ကို ပြင်းထန်စွာ ရိုက်နှက်ကန်ကြောက် လေသည်။ မြစ်ဆိပ်မှလူများ ဝင်ရောက်ဟန့်တားသည်ကိုပင် မရချေ။ ပုဏ္ဏား ၏ မယားဖြစ်သူသည် ကြားသိရသော သတင်းစကားကြောင့် အပြေးအလွှား ရောက်လာပြီး ပုဏ္ဏားကို တားမြစ်သည်။ ဤသာမဏေငယ်သည် တခြားမဟုတ်။ မင်းကိုးကွယ်သော သာမဏေငယ်ဖြစ်၏ဟု တားမြစ်သည်။ မင်းပြစ်မင်းဒဏ် သင့်တော့မည်ဟုဆို၏။ ထိုအခါ ပုဏ္ဏားသည် မယားဖြစ်သူကို ထပ်မံကန် ကြောက် ရိုက်နှက်တော့သည်။ ဤသတင်းကို ဘုရင့်ရဲမက်များ ကြားသိသဖြင့် ပုဏ္ဏားကို လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတော့သည်။
အလောင်းတော် ရှင်သာမဏေငယ်သည် သွေးလူးသော ဒဏ်ရာဒဏ်ချက် များကြားမှ လွန်စွာမှ သိမှတ်ဖွယ်ရာကောင်းသော တောင်းဆုတစ်ခုကို ပြုခဲ့ပါ လေတော့သည်။ ထိုတောင်းဆုကား –
အထူးကုဆရာဝန်ကြီးသည် အဏုမြူမှန်ပြောင်းမှတစ်ဆင့် ဆေးရည်စိမ်ထား သော မျက်လုံးအစုံကို စူးစမ်းလေ့လာနေရာမှ သက်ပြင်းကိုချရင်း စိတ်ပျက်စွာ ခေါင်းရမ်းနေသည်။ သူ့အနီးတွင် လက်ထောက်ဆရာဝန်နှင့် ဓာတ်ခွဲခန်းမှူးတို့ ရပ်နေကြသည်။ လက်ထောက်ဆရာဝန်သည် လက်ထဲ၌ စာရင်းဖိုင်ကို ကိုင် ထားသည်။ ဆရာဝန်ကြီး၏ အမူအရာကိုကြည့်ပြီး စာရင်းအမှတ် ၈၂၄ ကို ကြက်ခြေခတ်လိုက်သည်။
သွားပေဦးတော့။
ဤမျက်လုံးအစုံသည် အက်စစ်ထိရာမှ ကန်းခဲ့ရသော မျက်လုံးအစုံဖြစ် သည်။ မျက်စိရှင်သည် ပြင်းစွာသော ဝေဒနာကို ခံစားခဲ့ရရင်း အမြင်အာရုံများ ကွယ်ပျောက်ခဲ့ရသည်။ မှတ်တမ်းပြုစုချက်များအရ ထိုမျက်စိပိုင်ရှင်သည် မျက်မမြင်ဘဝဖြင့် ရှစ်နှစ်ကျော် နေထိုင်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် တခြား ရောဂါကို အကြောင်းပြု၍ ကွယ်လွန်ခဲ့ခြင်းပင်။
လက်ထောက်ဆရာဝန်က ကြက်ခြေခတ်ကာ ပယ်စာရင်းသွင်းလိုက်လေပြီ။
]]ကိုင်း၊ ဒီကနေ့ နားကြဦးစို့}}
ဆရာဝန်ကြီးက အပေါ်ရုံဓာတ်ခွဲခန်းသုံး ဝတ်ရုံကိုချွတ်ရင်း တစ်နေ့တာ အလုပ်ကို ရပ်လိုက်သည်။ လက်အိတ်ကို ချွတ်လိုက်သည်။ အအေးဓာတ် ပျံ့လွင့် နေသော ဓာတ်ခွဲခန်းထဲမှ ထွက်လာခဲ့သည်။
ဆရာဝန်ကြီးသည် ကွန်ဒိုတိုက်တွဲကြီး၏ ၁၅ ထပ်မြောက်မှ တိုက်ခန်း၏ ဝရန်တာ လေသာဆောင်တွင် ရပ်နေမိသည်။ ရှားပါး လှချေတကား။ မျက်စိ အစုံ ပေါင်း ရှစ်ရာကျော်ကို သုတေသနပြုပြီးပြီ။ သူလိုချင်သော အမှောင်ဓာတ် ပြည့်ဝသည့် မျက်လုံးအစုံကို မတွေ့သေး။ တချို့မှာ မျက်ခွံချည်းသာပါသည်။ သို့ရာတွင် ထိုမျက်ခွံသည်ပင် သူလိုချင်သော အမှောင်ဓာတ် မျိုးမရှိ။ မွေးရာပါ စုံလုံးကန်းသူများ၊ လုံးဝမျက်စေ့မပါခဲ့သူများ၊ ကျောက်မျက်လုံးပိုင်ရှင်များ၊ မျက် စေ့အတုတပ်ထားသူများ၊ ရုတ်တရက် အမြင်အာရုံ ကွယ်ပျောက်သူများ၊ မျက်စေ့ ကွယ်ခဲ့သည့် အစုံပေါင်းရှစ်ရာ။ လူပေါင်းရှစ်ရာ ကျော်လာခဲ့ပြီ။
ဆရာဝန်ကြီးသည် ခုံပုလေးတစ်လုံးကိုယူ၍ ထိုင်လိုက်သည်။ လက်ထောက် ဆရာဝန်နှင့် ဓာတ်ခွဲခန်းမှူးတို့လည်း လေသာဆောင်သို့ ထွက်လာကြပြီ။ လရောင် သည် လူ့ကမ္ဘာသို့ သွန်းချဖြာဝေနေဆဲ။
သူတို့သုံးဦးသား တစ်နေ့တာ စမ်းသပ်တွေ့ရှိရသည်များကို ပြန်ပြောင်း ပြောဆိုနေကြသည်။ မျက်လုံးအစုံပေါင်းများစွာတွင် တချို့မှာ ပုံရိပ်ဖမ်းစက်ဖြင့် ဓာတ်ပုံထုတ်ထားသည်များလည်းပါ၏။ ခေတ်မီသော ပုံရိပ်ဖမ်းစက်များဖြင့် ကူးယူကာ ထုတ်ထားသဖြင့် မူရင်းမျက်လုံးများလိုပင် အသေးစိတ် လေ့လာလို့ရ သည်ပင်။ ယနေ့ မျက်လုံးအစုံပေါင်း ၄၀ ကျော် စမ်းသပ်လေ့လာခဲ့သမျှ အနီးစပ်ဆုံး အဖြေရှိမည့် မျက်လုံးများအကြောင်း စားမြုံ့ပြန်ကြသည်။
ညသည် တဖြည်းဖြည်း သန်းခေါင်ယံကို ကျော်ဖြတ်နေသည်။
ဆရာဝန်ကြီးသည် တစ်ဦးတည်း ကျန်နေရစ်သည်။ သူ့ရှာဖွေမှုတို့ကို သံသယဝင်လာသည်။ အတွေးတို့ ချဲ့မိသည်။ သို့ရာတွင် ဇွဲတော့မလျှော့ချင်သေး။ လောကဝယ် အဘယ်မျက်လုံးအစုံသည် သူလိုချင်သော အမှောင်ဓာတ်မျိုး ဖုံး လွှမ်းနေမည်နည်း။ တွေ့နိုင်ကောင်းပေရဲ့။
WEEKLY ELEVEN ဂျာနယ်၏ အထူးဆောင်းပါးကို သူဖတ်နေသည်။ စာမျက်နှာ ၃ မျက်နှာရှိသော နိုင်ငံရေးသဘောထား ဆောင်းပါးဖြစ်သည်။ အရေးပါ အရာရောက်သူတစ်ဦး၏ လက်လွတ်စပယ် ပြောကြားလိုက်သော စကားတစ်ခွန်းကြောင့် တိုင်းပြည်ကြီး ဘေးဒုက္ခများသွားနိုင်ပုံကို နှိုင်းယှဉ်ချက် များဖြင့် ရေးသားထားသည်။ သူဖတ်ရင်းဖတ်ရင်း အလွန်အင်မတန် ကြောက်မက် ဖွယ်ကောင်းလှသော ပုဂ္ဂိုလ်ပါလားဟု တွေးလာမိသည်။ ကြည့်စမ်း၊ အနှီ ပုဂ္ဂိုလ်ကြီးသည် မိမိတာဝန်ယူထား သည့် ရာထူး၊ လုပ်ပိုင်ခွင့်၊ တရားမျှတ မှုတို့ကြားမှပင် မိုက်မိုက်မဲမဲစကားကို ဆိုချေပါရော့တကား။
သူသည် ကပျာကယာပင် အွန် လိုင်းပေါ်၌ Images ဖိုင်ကိုဖွင့်သည်။ အနှီပုဂ္ဂိုလ်ကြီး၏ နာမည်နှင့် ရာထူးကို စာလုံးပေါင်းကာ ရှာဖွေသည်။
အလို …
အရိပ်များ၊ အရိပ်များ။
သူချက်ချင်းပင် ထိုပုဂ္ဂိုလ်ကြီး၏ မျက်လုံးအစုံကို ကော်ပီကူးကာ အဏု မြူကြည့်မှန်ပြောင်းသို့ ပေးပို့လိုက် သည်။ လက်ထဲမှာကိုင်ထားသော မှတ် တမ်းများကို လွှင့်ပစ်ကာ ဓာတ်ခွဲခန်း ဆီသို့ပြေးသည်။ အဏုမြူကြည့်စက်ကို ဖွင့်သည်။ မီးအနီလေး ပွင့်လာချိန်တွင် လုပ်နေကျအတိုင်း လက်ချောင်းများကို ယှက်ထိုးကာ လေးငါးကြိမ်ချိတ်ဆက် ခါရမ်းနေဖြစ်သည်။ ဝင်လေထွက်လေ မှတ်သည်။
သူ့စိတ်ကို ငြိမ်အောင်ပြုရမည်။ ဤနည်းကား အကောင်းဆုံးပင်။ အရေး ကြီးသော ခွဲစိတ်မှုများ၊ သုတေသနပြုချက်များ လုပ်တော့မည်ဆိုလျှင် ထိုနည်း မှာ အလွန်စိတ်ချရသော စိတ်ငြိမ်ဆေးပင်။ အတော်လေး စိတ်တည်ငြိမ်လာချိန် တွင် မျက်မှန်ကိုတပ်သည်။ လက်အိတ်စွပ်စရာလည်း မလို။ ဝတ်ရုံလည်း မခြုံဖြစ်တော့။ ဃသစပ ပို့လိုက်သော မက်ဆေ့ချ်ကိုဖွင့်သည်။ စက်ဝိုင်းလေးက အလျင်အမြန်လည်ကာ မျက်လုံးအစုံ၏ ပုံရိပ်တို့ တက်လာသည်။ စောစောက သူ နမူနာကြည့်ခဲ့ပြီးပြီ။
သူစိတ်ကို ထပ်မံတည်ငြိမ်စွာထားရင်း အဏုမြူမှန်ပြောင်းမှတစ်ဆင့် ကြည့်လိုက်သည်။ အားကနဲ သူလန့်အော်လိုက်သည်။ မြင်ရသည့်မြင်ကွင်းကို သူမယုံနိုင်။ ထိုမယုံနိုင်ခြင်းကို ဝေမျှရန် Forward ခလုတ်ကို နှိပ်လိုက်တော့သည်။ သူ အောင်မြင်ခဲ့ပြီ။ လပေါင်းများစွာ လေ့လာသုတေသနပြုချက်များ အောင်မြင် ခဲ့ပြီ။
ကြည့်စမ်း။ ကန်းနေသော မျက်လုံးပေါင်း ၈၂၄ စုံ။ ထိုမျက်လုံးများတွင် ဘာအမှောင်ဓာတ်မျှမရှိ။ ဘာအရိပ်မျှမရှိ။ ယခုမျက်လုံးအစုံသည် ကြောက်မက် ဖွယ်ရာ အမှောင်ဓာတ်များ ပြည့်နှက်နေပါပကော။
သူ့အီးမေးလ်ဘောက်စ်သို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း ချီးကျူးစကားနှစ်ခု ဝင်လာသည်။ သူ့လက်ထောက်ဆရာဝန်နှင့် ဓာတ်ခွဲခန်းမှူးတို့ကို ဝေမျှလိုက်ရာမှ တုံ့ပြန်လာခြင်းပင်။
ဆရာဝန်ကြီး လွှတ်ချခဲ့သော ဂျာနယ်ထက်တွင် ထိုပုဂ္ဂိုလ်ကြီး၏ ပုံရိပ်ရှိ နေသည်။ ထိုလူသည် မကန်း။ သို့သော် ယခု သူ့မျက်လုံးများသည် အမှောင် ဓာတ်များ ကြောက်ခမန်းလိလိ။ သူကား ရွေးကောက်ပွဲကော်မရှင်၏ အကြီးဆုံး ရာထူးပိုင်ရှင်ကြီး။ ဤအမိမြန်မာပြည်ကြီးကို ထပ်မံ၍ စစ်အာဏာသိမ်းလိုသူကြီး။
ငါတို့၏ ဘုရားအလောင်းတော် ရှင်သာမဏေလေးသည် ကမ္ဘာလောက ကြီးကို တိုင်တည်၍ လေးနက်လှစွာသော တောင်းဆုကို ပြုခဲ့လေ၏။
]]အို…ဤလောက၌ ကြောက်မက်ဖွယ်အကောင်းဆုံး ပုဂ္ဂိုလ်သည်ကား အတတ်ပညာဖြင့် သူတစ်ပါးအား နှိပ်စက်တတ်သူပါတကား။ နောက်နောင်သော သံသရာအဆက်ဆက်တွင် အနှီပုဂ္ဂိုလ်မျိုးနှင့် ဘယ်သောအခါမှ မကြုံရ၊ မဆုံရ လျှင် ကောင်းလေစွတကား၊ ကောင်းလေစွတကား}} ဟု တောင့်တမြညြွေ်ကး ခဲ့ဖူးလေတော့သတည်း။
အတတ်ပညာရှိလျက် လောကကို နှိပ်စက်အပ်သောလူသည် မြင်လျက် ကန်းသောသူလည်းဖြစ်သည်။ ဘဝသံသရာအဆက်ဆက် သူတော်ကောင်းတို့ စွန့်ပယ်ခြင်းကိုလည်း မုချမသွေ ကြုံရမည်။ လူဆန်သူတို့၏ ဖယ်ရှားသုတ်သင် ခြင်းကိုလည်း ကြုံရတတ်သည်။
သူလိုပုဂ္ဂိုလ်ကား အကန်းဘုရင်။

မာန် (တောင်လုံးပြန်)

Leave a Reply

Your email address will not be published. Required fields are marked *