ကျောက်တန်းမြို့မှ ကြံ့ကြံ့ခံရပ်တည်နေသော နိုင်ငံရေးအကျဉ်းသားဟောင်း ကိုလှသောင်း

မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုတွင် ကြီးမားပြင်းထန်သော တပ်မတော်ထောက် လှမ်းရေးအကြီးအကဲဟောင်းတစ်ဦး၏ လုပ်ရပ်များကြောင့် ဘဝပေါင်းများစွာ အတိဒုက္ခ ရောက်ခဲ့ကြရသည်။ ထိုပုဂ္ဂိုလ်မွေးဖွားရာ ကျောက်တန်းမြို့လေးသည် လှပအေးချမ်းနေ၏။ ပင်လယ်ကမ်းရိုးတန်း၊ ရေလယ်ဘုရား အတက်အဆင်း အနိမ့်အမြင့်များနှင့် တောင်ပေါ်ဒေသလေးတစ်ခုလို ငြိမ်းချမ်းနေမြဲ။ ထိုမြို့လေး သည် ယနေ့ထိတိုင် ဒီမိုကရေစီအရေးနှင့် ပတ်သက်လျှင် တွေဝေတွန့်ဆုတ်နေဆဲ။ မြို့ခံလူ အများစုသည် အာဏာရှင်ဟောင်းနှင့် ပတ်သက်နေသည်။ ဘာသာရေး၊ လူမှုရေး၊ ရပ်မိရပ်ဖများကအစ ထိုပုဂ္ဂိုလ်ကြီးနှင့် တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်နေသည်။ သူက ညှာတာမှုမရှိ။ သွေးရင်းသားရင်းကိုပင် ရက်ရက် စက်စက် ဖမ်းဆီးထောင်ချခဲ့သူ။ မြို့ခံလူငယ်များကိုပင် နမူနာပြကာ ထောင်ချခဲ့ သူ။ သူ့ရက်စက်မှုတွေက ပြောလို့မကုန်။ ၁၉၈၈ အရေးတော်ပုံ ဖြစ်ပွားခဲ့ပြီး အလျင်အမြန် ဖမ်းဆီးအရေးယူခံရသည့် ကျောက်တန်းမြို့ခံ နိုင်ငံရေးသမား တချို့နှင့် တွေ့ဆုံခိုက် ရှစ်လေးလုံးလှုပ်ရှားခဲ့မှု နောက်ခံပုံရိပ်များကို မေးမြန်းဖြစ် ခဲ့သည်။ ထိုမေးမြန်း မှုများထဲမှ ကိုလှသောင်း၏ ကိုယ်တွေ့လှုပ်ရှားမှုများကို သိခဲ့ရသည်မှာ –
]]ကျွန်တော့်နာမည်က လှ သောင်း။ မွေးချင်းအားလုံး ၉ ယောက် ရှိပါတယ်။ ကျွန်တော့်မိဘတွေက ဆုံး သွားပါပြီ။ ကျွန်တော် ၁၀ တန်း အောင်တဲ့အထိ ကျောင်းတက်ခဲ့တယ်။ ပြီးတော့ တက္ကသိုလ်စာပေးစာယူ ပထမနှစ် တက်တယ်။ အဲဒီတုန်းက ကျွန်တော်က မဆလရဲ့ ပါတီယူနစ်ရုံး မှာ ဝန်ထမ်း။ ၁၉၈၄ ခုနှစ်လောက် ကပေါ့။ လစာရတယ်။ စာရေးလုပ်ရ တာပေါ့။ ကျွန်တော်က သူတို့ လုပ်တာ တွေ ပုံစံမကျတာကို တွေ့နေရတယ်။ ရွေးကောက်ပွဲ ရွေးတာကအစပေါ့။ ကျောက်တန်းမှာ ရွာက ၆၄ ရွာရှိ တယ်။ အကုန်လုံး ကျွန်တော် လိုက် သွားခဲ့ရတယ်။ ဒါကြောင့် အကုန်လုံး ကျွန်တော် နှံ့နှံ့စပ်စပ်သိရတယ်။ လုပ်ပုံ ကိုင်ပုံတွေကအစ သိတယ်}}
မဆလပါတီရုံးမှ အလုပ်ထွက် ခဲ့ပြီး ကျောင်းဆက်တက်သည်။ မိဘ များ အဆင်မပြေသဖြင့် ရေနံချက်စက် ရုံမှာ အလုပ်ဝင်ခဲ့သည်။ ၁၉၈၇ တွင် ကျောင်းပြီးခဲ့သည်။ ပါတီမှ နုတ်ထွက် ပြီးသည်နှင့် ကျောက်တန်းမြို့မှာ နေရ ထိုင်ရ ခက်ခဲလာသည်။ အနှိမ်ခံလာရ သည်။ ၁၉၈၇-၈၈ ကာလသို့ ရောက် လာချိန်တွင် အရေးတော်ပုံကြီးဂယက် က ကျောက်တန်းမြို့သို့ ကူးစက်လာခဲ့ သည်။
]]ကျွန်တော် အဲဒီတုန်းက သန် လျင်ရေနံချက်စက်ရုံမှာ နေတာဆို တော့ ကိုဖြိုးမင်းသိန်းတို့နဲ့ ချိတ်ဆက် မိတယ်။ သူတို့က ကျောင်းသားတွေ။ ကျွန်တော်တို့ထက်ငယ်တယ်။ သူတို့က သန်လျင်ကျောင်းသားအဖွဲ့။ ကျွန်တော် တို့က ရေနံအလုပ်သမားအဖွဲ့။ သပိတ် ကိုပေါင်းပြီး စတင်ကြတာ။ မနက် အစောကြီးမှာ ရေနံမြေကို လာတဲ့ ဝန်ထမ်းတွေကို အကုန်ခေါ်ပြီး သန်လျင်ကျိုက်ဒေးယုံဘုရားမှာ သပိတ် စခန်းကို စတာ။ ဦးဆောင်တာက ကိုဖြိုးမင်းသိန်းတို့ပေါ့။ တရုတ်ကြီး ဆိုတဲ့ ကျောင်းသားလည်း ပါတယ်။ သူတို့က တကယ်ကို တက်တက် ြွကြွကလုပ်ကြတာ}}
ရေနံချက်စက်ရုံမှ သပိတ်သည် ၃ ရက်အကြာတွင် ကျောက်တန်းသို့ ကူးစက်ခဲ့သည်။ ကျောင်းသားများနှင့် အတူ ကိုလှသောင်းတို့ နယ်ခံများက ကျောက်တန်းမြို့တွင် သပိတ်မှောက်ရန် ကြိုးပမ်းခဲ့ကြပြန်သည်။ စည်းရုံးရေး ဆင်းကြသည်။ ပြီးမှ ကျောက်တန်း မြို့တွင် ၈၈ အရေးတော်ပုံကို စတင်ခဲ့ ကြသည်။ မြို့မကျောင်း၌ သပိတ်စခန်းဖွင့်ကာ လွတ်လပ်ရေးကျောက်တိုင်ရှေ့ တွင် တရားဟောသည်။ ကိုလှသောင်းက ဦးဆုံးဟောပြောခဲ့သည်။
]]ကျွန်တော် ပထမဆုံး ဟောဖြစ်တယ်။ ကျွန်တော်ဟောတာက ပါတီယူနစ် ကလူတွေ ကိုယ်ထုတ်ထားတဲ့အမိန့်ကို ကိုယ်မလိုက်နာတဲ့အကြောင်း ဟောဖြစ် တယ်။ အဲဒီတုန်းက ကျောက်တန်း-သန်လျင် ကားလေးတွေက ၂ ကျပ်ပေးရ တယ်။ သူတို့သွားတဲ့အခါ မပေးဘူး။ ရွာတွေသွားဖို့ စက်လှေတွေဆင့်ခေါ်တယ်။ ပေးရမယ့် အခကြေးငွေ မပေးဘူး။ စတန်းဘိုင်ဆိုပြီး အလကားစီးတယ်။ ဒါမျိုး တွေ ကျွန်တော်ဟောပြတော့ လူတွေက သဘောကျတာပေါ့။ လက်ခုပ်တွေတီး၊ ပါတီယူနစ်ရုံးတွေ မီးရှို့မယ် ဘာမယ်ဖြစ်ကုန်တော့တာပဲ။}}
ကျောက်တန်းမြို့သပိတ်သည် အထနှေးခဲ့သလောက် အရှိန်အဟုန်ကြီးမား ပြင်းထန်လွန်းလှသည်။ ကျေးရွာပေါင်းစုံ ပါဝင်လာသည်။ သပိတ်အင်အားစုများ ကြီးထွားလာချိန်တွင် ကိုလှသောင်းတို့က ရေရှည်တည်တံ့နိုင်ရန် အစီအစဉ်ဆွဲ ကြသည်။ သပိတ်ဦးဆောင်တပ်ဖွဲ့အဖြစ် ကျောင်းသားများထံ လွှဲအပ်ကာ ဒီမို ကရေစီလူငယ်တပ်ဦးအဖြစ် ဖွဲ့စည်း၍ ကျောင်းသစ်ကြီး၌ တပ်စွဲထားခဲ့သည်။ အပျက်အစီး အဖျက်အမှောင့်များကို ကာကွယ်ရန် ]]နိုင်ငံရေးပညာပေးအဖွဲ့}} အဖြစ် အမည်ပေးကာ ဆူပူအကြမ်းဖက်မှုများကို လိုက်လံတားဆီးနိုင်ခဲ့ကြသည်။ ထိုအဖွဲ့လေး၏ လှုပ်ရှားမှုများကြောင့် ကြီးမားသော ဖျက်ဆီးမှုများ မကြုံခဲ့ရ ခြင်းပင်။ ထိုအဖွဲ့အတွက် ဦးမိုးခိုင်ဆိုသူက အစစအရာရာ ငွေကုန်ကြေးကျခံ၍ ပံ့ပိုးကူညီပေးခဲ့သည်။ အုပ်ချုပ်ရေးယန္တရား ကင်းမဲ့သွားသော ကျောက်တန်း မြို့အား နိုင်ငံရေးပညာပေးအဖွဲ့လေးမှ ထိန်းကျောင်းခဲ့ရသည်။ ထိုအဖွဲ့လေး၏ တကြွ်ကလှုပ်ရှားမှုများကြောင့် ကျောက်တန်းမြို့အတွင်း ပါတီကောင်စီဝင်တို့၏ အိမ်များ ဆက်လက်ဖျက်ဆီးခံရခြင်းဘေးမှ ကင်းဝေးခဲ့သည်။
]]နောက်ဆုံး ကျွန်တော်တို့ ဘယ်အထိ ရပ်တည်ပေးခဲ့ကြသလဲဆိုရင် စစ်တပ်က အာဏာသိမ်းပြီး ဝင်ဖမ်းတဲ့အချိန်အထိ၊ ကျွန်တော်တို့ ကျောက်တန်း မှာ ကျောင်းသစ်ကြီး သပိတ်စခန်းက ရှိနေတုန်းပဲ။ အဲဒီအထိ လာဖမ်းပြီဆိုတော့မှ နောက်ဆုတ်ပေးခဲ့ကြတာ။ ဒါပေမဲ့လည်း ကျောက်တန်းမှာ ၈၈ ကာလတစ် လျှောက်လုံး ဖြစ်ပျက်ခဲ့တဲ့ ဖျက်ဆီးမှုတွေ၊ ပါတီယူနစ်ရုံးတွေ၊ အိမ်တွေ အဖျက် ခံရတဲ့ကိစ္စမှန်သမျှ ကျွန်တော်တို့အပေါ် ခေါင်းစဉ်တပ်ပြီး လာဖမ်းတော့တာပဲ။ ကာကွယ်ပေးတဲ့သူတွေကို ရွေးဖမ်းတာ။ အဲဒါ တကယ့်သမိုင်းပဲ။ လက်ရှိ သက်ရှိထင်ရှားရှိနေတဲ့ မြို့ခံတွေကို အကုန်မေးကြည့်ပါ ကျွန်တော်တို့ သမိုင်း ကို}}
ကိုလှသောင်းတို့ ဦးဆောင်သူများကို စစ်အစိုးရက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့သည်။ ထို့နောက် တိုင်း၊ ဗဟိုစသည့် တရားရုံးအဆင့်ဆင့်သို့ အယူခံ ဝင်ကြသည်။ သက်သေအထောက်အထားများ ပြနိုင်ခဲ့ကြသည်။ ထို့ကြောင့် ၃ နှစ်သို့ လျှော့ပေါ့ပေးခဲ့သည်။ ကိုလှသောင်းနှင့်အတူ ၁၀ တန်းကျောင်းသား ညီဖြစ်သူပါ ပူးတွဲထောင်ကျခဲ့ရသည်။ အဖေဆုံးပြီး အမေတစ်ယောက်တည်း ကျန်ရစ်ခဲ့ကာ စီးပွားရေးချွတ်ခြုံကျခဲ့ရသည်။ ကိုလှသောင်းက စကားပြောနေရင်း လမ်းတစ်ဖက်က အိမ်ကြီးတစ်လုံးကို ညွှန်ပြရင်း
]]ကျွန်တော်တို့ ထောင်ကျပြီဆိုတော့ မိသားစုကလည်း ကုန်ကျတဲ့စရိတ် တွေကို မတတ်နိုင်တော့လို့ အဲဒီအိမ်ကြီးကို ရောင်းခဲ့ရတယ်။ ညီလေးကလည်း ၁၀ တန်း၊ သူလည်း ဆက်မတက်ရတော့ဘူးပေါ့ဗျာ}}
လက်ရှိကာလပေါက်ဈေး သိန်းထောင်ပေါင်းများစွာတန်မည့် လမ်းမကြီး ဘေးမှအိမ်ကို မြင်နေရသည်။ ကိုလှသောင်းက လက်ရှိမြန်မာ့နိုင်ငံရေးအမြင်ကို ဆက်၍ ပြောပြပါသည်။ သူတို့အုပ်စုက ယခုထိ ြီူ အဖြစ် ရပ်တည်နေကြ သည်။ လှုပ်ရှားရုန်းကန်နေကြသည်။ ကျောက်တန်းနယ်သည် မျက်နှာလိုက် သလိုဖြစ်နေဆဲ။ ထောက်လှမ်းရေးအကြီးအကဲဟောင်း၏ သြဇာအရှိန်အဝါ၊ ထိုးဖောက်ရပ်တည်မှုများ ပြန်လည်လွှမ်းမိုးလာဆဲ။ ပြိုင်ဖက်ပါတီကြီးကလည်း ထို အရှိန်အဝါကိုယူ၍ ၂၀၁၅ ကို ပြင်ဆင်နေပြီ။
]]ကျွန်တော့်အနေနဲ့ လက်ရှိအမြင်နဲ့ ဒီမိုကရေစီစနစ်ကို ဘာကြောင့် သဘော ကျတာလဲဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ကို သဘောကျရတဲ့ အကြောင်းက စရလိမ့်မယ်။ သူက အနစ်နာခံပြီးတော့လုပ်တယ်။ ပြီးတော့ သူ့ရဲ့အတွေးအခေါ်၊ နိုင်ငံရေးစိတ်ဓာတ်တွေကို သဘောကျလို့ ကျွန်တော် ဝင်လုပ်နေတာပါ။
]]အခုလက်ရှိ မြန်မာ့နိုင်ငံရေးကတော့ စာစောင်တွေ၊ ဂျာနယ်တွေ အများကြီး ကျွန်တော်တို့ ဖတ်တဲ့အခါမှာ ဒေါသဖြစ်စရာ အကြောင်းလေးတွေ ကျွန်တော်တို့ သိလာ၊ မြင်လာရတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့ကိစ္စတွေမှာ ရှေ့နောက် မညီတာတွေ၊ ပွင့်ပွင့်လင်းလင်း မရှိတာတွေ အများကြီးတွေ့ရတယ်။ ဒါကြောင့် မို့ ဒီမိုကရေစီစနစ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပဲ။ ပိုမိုပြီးတော့ ပွင့်လင်းမြင်သာမှုရှိရမယ်။ ကိုယ်ကိုယ်တိုင်လည်း ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ပြနိုင်ရမယ်။ အခုဆိုရင် ကျွန်တော်တို့ ကျောက်တန်းမြို့ကို တကယ်ဦးဆောင် နေကြတာက ကျွန်တော်တို့တစ်စုပဲရှိတယ်။ ဒါကလည်း တကယ်ကို တာဝန် ရှိတယ်ဆိုတဲ့ ခံယူချက်နဲ့ လုပ်နေကြလို့ပါ။ ကျောက်တန်းနယ်ကို တကယ့် ဒီမိုကရေစီအစစ်ရအောင် လုပ်ပေးချင်လို့ပဲ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို စစ်စစ်မှန်မှန် ဖြစ်စေချင်တဲ့ဆန္ဒ ကျွန်တော့်မှာရှိတယ်။ အခုဟာက တစ်ပါတီစနစ် သာသာပဲ။ ဗဟိုဦးစီးစနစ်သာသာပဲ ရှိနေသေးတယ်လို့ ကျွန်တော်မြင်ပါတယ်}}
ကျောက်တန်းနယ်တွင် လက်ရှိပါတီလေးခု ရပ်တည်နေကြသည်။ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် NLD တို့ဖြစ်သည်။ အဓိက ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနေသည်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဖြစ်သည်။ NLD ၏ လှုပ်ရှားမှုများအပေါ် စောင့်ကြည့်ရုံမှအပ နှောင့် ယှက်ဟန့်တားမှု မရှိပါဟု သိခဲ့ရသည်။ NLD ရပ်ကျေး ၄၄ ရွာအထိ ဆိုင်းဘုတ် တင်ခဲ့ပြီးဖြစ်သည်။ ၂၀၁၅ တွင် ကျောက်တန်းနယ်၏ NLD အဖို့ အပြင်းအထန် ရုန်းကန်ရမည်ဟု ကိုလှသောင်းတို့ အခိုင်အမာလက်ခံထားကြရင်း ဆက်၍ တိုက်ပွဲဝင်နေဆဲ။

ဝ၆၁

Leave a Reply

Your email address will not be published.