၁၇ နှစ်ကြာလက်တွဲခဲ့သည့် လီဗာပူးအသင်းနှင့် လမ်းခွဲတော့မည့် အသင်းခေါင်းဆောင် စတီဗင်ဂျာရတ် အမေရိကန်သို့ သွားရောက်ကစားရန် စိတ်ကူးထား

ဇန်နဝါရီ ၂၊ ၃

အသက် ကိုးနှစ်အရွယ်ကပင် အင်္ဂလိပ်ပရီးမီးယားလိဂ်ကလပ် အသင်း လီဗာပူးသို့ ရောက်ရှိခဲ့ သော အသက် ၃၄ နှစ်အရွယ်ရှိ လီဗာပူးအသင်းခေါင်းဆောင် Steven Gerrard သည် ယခုနှစ်ရာသီ ကုန်ဆုံးချိန်တွင် အသင်းမှထွက်ခွာ တော့မည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂ ရက်နေ့က အတည်ပြုပြောကြား လိုက်ပြီဖြစ်သည်။
Gerrard သည် လီဗာပူးအသင်း အတွက် ၆၉၅ ပွဲ ကစားပေးခဲ့ကာ သွင်းဂိုးပေါင်း ၁၈၀ အထိ သွင်းယူ ပေးခဲ့သည့် အလယ်တန်းကစား သမားဖြစ်သည်။ လီဗာပူးအသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ချက်မှာ ဘဝ တစ်လျှောက် အခက်ခဲဆုံး ချမှတ်ခဲ့ ရသော ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်နှင့် မိသားစုကပါ အချိန်ယူ စဉ်းစားဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း Gerrard က ပြောကြား ခဲ့သည်။
အသင်းမှ နုတ်ထွက်သော် လည်း ကစားသမားဘဝနှင့် ဆက် လက်ရပ်တည်သွားဦးမည်ဖြစ်ကာ ပြိုင်ဘက်အသင်းများသို့ ကူးပြောင်း ခြင်းပြုမည် မဟုတ်ကြောင်းလည်း Gerrard က ပြောကြားခဲ့သည်။ သူ၏ ဆုံးဖြတ်ချက်မှာ သူ၏ ကစား သမားဘဝအတွက် မတူညီသော အတွေ့အကြုံသစ်များ ရယူလိုမှု အပေါ် အခြေခံ ချမှတ်ခဲ့ခြင်းဖြစ်ပြီး ကစားသမားဘဝ ကုန်ဆုံးသည့်အခါ ကျမှ နောင်တရ မနေလိုကြောင်း လည်း Gerrard က ပြောခဲ့သည်။
ယခုအချိန်မှသည် ရာသီကုန် နောက်ဆုံးပွဲအထိ လီဗာပူးအတွက် အောင်ပွဲများရယူနိုင်ရန် အစွမ်းကုန် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းလည်း Gerrard က ပြော ကြားခဲ့သည်။
Gerrard သည် Merseyside ဒေသ၊ Whiston ရွာဇာတိဖြစ်ကာ အသက်ကိုးနှစ်အရွယ်ကပင် လီဗာ ပူး ဘောလုံးသင်တန်းကျောင်းသို့ ဝင်ရောက်ခဲ့သူဖြစ်သည်။ သူ၏ ပွဲ ဦးထွက်ပွဲစဉ်မှာ ၁၉၉၈ ခုနှစ် နိုဝင် ဘာလအတွင်း Blackburn Rovers အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ် ဖြစ်ပြီး လူစားလဲချိန်တွင် ဝင်ရောက် ကစားခွင့် ပွဲဦးထွက်ရရှိခဲ့ခြင်းဖြစ် သည်။
Gerrard သည် ပရီးမီးယားလိဂ် ပွဲစဉ်ပေါင်း ၄၉၄ ပွဲ ကစားကာ သွင်းဂိုး ၁၁၆ ဂိုး ရရှိခဲ့ပြီး အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ပွဲစဉ် ပေါင်း ၁၁၄ ပွဲ ကစားကာ ၂၁ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ဆုဖလား ဆယ်ခုရရှိခဲ့ပြီး တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားများ ဖြင့် အသင်းဖွဲ့ရွေးချယ်သည့် PFA Team of the Year စာရင်းတွင် ရှစ် ကြိမ်တိုင်တိုင် ပါဝင်ခဲ့သူလည်းဖြစ် သည်။ Fit Pro ၏ ကမ္ဘာ့အကောင်း ဆုံး ၁၁ ယောက်စာရင်းတွင်လည်း သုံးကြိမ်အထိ ပါဝင်ခဲ့ပြီး ပရီးမီး ယားလိဂ်၏ တစ်လတာအတွင်း အကောင်းဆုံးကစားသမားဆုကို ခြောက်ကြိမ်ရရှိခဲ့သူဖြစ်သည်။
Gerrard သည် အမေရိကန် ပြည်ထောင်စု Major League Soccer မှ ကလပ်အသင်းတစ်ခုခုသို့ ပြောင်းရွှေ့မည်ဖြစ်သည်ဟု သိရှိရ ပြီး လော့စ်အိန်ဂျလိစ်အသင်းဖြစ် သည့် Los Angeles Galaxy အသင်း သို့ ပြောင်းရွှေ့ရန် ဖြစ်နိုင်ခြေရှိ သော်လည်း Gerrard ကိုယ်တိုင်က LA Galaxy နှင့် သဘောတူညီချက် ရယူထားခြင်း မရှိသေးကြောင်း၊ အသင်းရွေးချယ်မှုပြီးသည့်အခါ ကြေညာပေးမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။
လီဗာပူးမှ Gerrard ထွက်ခွာမှု အတွက် နည်းပြ Brendan Rodgers အပေါ် ဝေဖန်မှုများရှိခဲ့သော်လည်း Gerrard က Brendan နှင့် ယခုထက် စောတွေ့ခဲ့ပါက ယခုအချိန်တွင် မိမိတို့ လက်တွဲရယူခဲ့သော ဆု ဖလားများအကြောင်း စားမြုံ့ပြန်နေ နိုင်ကြမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
၂၀၁၄ ခုနှစ် နိုဝင်ဘာလ အတွင်းက Stoke City အသင်းနှင့် ယှဉ်ပြိုင်ရသော ပွဲစဉ်သည် လီဗာ ပူးအသင်းအတွက် Gerrard ပွဲဦး ထွက်ခဲ့သည်မှ ၁၆ နှစ်ပြည့်မြောက် သော ပွဲစဉ်ဖြစ်သော်လည်း နည်းပြ Brendan Rodgers က Gerrard ကို ကစားခွင့်မပေးခဲ့ဘဲ ချန်လှပ်ထား ခဲ့ခြင်းက Brendan Rodgers နှင့် Gerrard တို့အကြား ဆက်ဆံရေး အက်ကြောင်း ထင်စေခဲ့သည်ဟု ဝေ ဖန်သူအချို့က ပြောကြားခဲ့ကြသည်။
အသင်းတစ်သင်းတွင် အနေ ကြာလာပါက တစ်ချိန်ချိန်တွင် အရံ ခုံပေါ်ထိုင်ခိုင်းကာ အသင်းကို ကြီး ကြပ်သည့်ဘက်သို့ ပြောင်းရွှေ့ရန် ပြောကြားလာမည်ဆိုသည်ကို သိရှိ သော်လည်း လက်တွေ့တွင် ထိုသို့ ပြောကြားမှုက စိတ်ထိခိုက်ခံစား စရာ ဖြစ်ရကြောင်း Gerrard က ပြောကြားခဲ့သည်။
အသင်းဖော်များကလည်း Gerrard ၏ ကစားသမားကောင်း အရည်အသွေးများ၊ အသင်းခေါင်း ဆောင် ပီသမှုများကို ထုတ်ဖော် ချီးကျူးခဲ့ကြပြီး အလယ်တန်းလူ Henderson က Gerrard အတွက် FA ဖလားကို ယခုနှစ် အရယူသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဝင်ဘာလေကွင်းတွင် ကစားရမည့် FA ဖလား ဗိုလ်လုပွဲနေ့ရက်သည် Gerrard ၏ အသက် ၃၅ နှစ်ပြည့် မွေးနေ့နှင့် တိုက်ဆိုင်နေသည်ဖြစ် ရာ ဖလားကိုသာ ရရှိခဲ့ပါက သူ့ အတွက် အကောင်းဆုံး မွေးနေ့ လက်ဆောင် ဖြစ်ပေတော့မည်။

ဝ၂၇၊
BBC Sport

Leave a Reply

Your email address will not be published. Required fields are marked *