Marikana သတ္တုတွင်းဆန္ဒပြပွဲအကြမ်းဖက်နှိမ်နင်းမှု နှစ်ပတ်လည်အခမ်းအနားကိုကျင်းပ

ပရီတိုးရီးယား၊ သြဂုတ် ၁၆
တောင်အာဖရိက Marikana ပလက်တီနမ်တူးဖော်ရေးလုပ်ငန်းတွင် ပြီးခဲ့သည့်နှစ်အတွင်းကဆန္ဒပြလုပ်သား ၃၄ ဦး သေဆုံးခဲ့ရသည့် အကြမ်းဖက်နှိမ်နင်းမှုဖြစ်စဉ် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကွယ်လွန်သူဆန္ဒပြလုပ်သားများအတွက် ဆုတောင်းပွဲတစ်ရပ်ကျင်းပခဲ့ရာMarikana ပလက်တီနမ်တူဖော်ရေးလုပ်ငန်းကိုပိုင်ဆိုင်သည့် Lonmin ကုမ္ပဏီအကြီးအကဲ Ben magara က သေဆုံးခဲ့ရသည့် ဆန္ဒပြလုပ်သားများအတွက် အထူးတလည်ဝမ်းနည်းပါကြောင်း အခမ်းအနားတက်ရောက်လာသူလုပ်သားများနှင့် ပြည်သူထောင်ပေါင်းများစွာတို့ရှေ့မှောက်တွင်ဝန်ချစကားပြောကြားသွား ခဲ့သည်။
လွန်ခဲ့သည့်နှစ် သြဂုတ်လအတွင်းကဖြစ်ပွားခဲ့သော ဆန္ဒပြလုပ်သားများအား အကြမ်းဖက်နှိမ်နင်းမှုဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်ရန် တောင်အာဖရိကသမ္မတ Jacob Zuma က စုံစမ်းရေးကော်မရှင်တစ်ရပ်ဖွဲ့စည်း စစ်ဆေးစေခဲ့သော်လည်း လုံခြုံရေးအဖွဲ့ဝင်တို့၏တာဝန်မဲ့ပစ်ခတ်မှုများအတွက် မည်သည့်လုံခြုံရေးအဖွဲ့ဝင်တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးအရေးယူခြင်းမရှိသည့်အတွက် Marikana ပလက်တီနမ်တူးဖော်ရေးလုပ်သားများက သမ္မတဇကော ၏ အစိုးရအပေါ်ကျေနပ်မှုမရှိခဲ့ကြပေ။
ဝ၂၇
CNN

Leave a Reply

Your email address will not be published.