ပြည်မြို့၏ ၈၈ သမိုင်းမှသည် DVB သတင်းထောက်ဘဝသ နိုင်ငံရေးပေါင်းကူးခဲ့သည့် ဗရှီး (ခ) ကိုမင်းညို DVB

မြန်မာပြည်၏ အဆန်းတကြယ်ဖြစ်ရပ်များ ပေါ်ထွန်းရာမြို့များအနက် ပြည် မြို့သည် အစဉ်ရာဇဝင်ရှိခဲ့သည်။ ပန်းချီ၊ သီချင်း၊ ကဗျာ၊ စာပေ၊ ကာတွန်း စသည့်အနုပညာနယ်ပယ်များတွင် ထင်ရှားကျော်ကြားသူများ ထွက်ရှိသလို အင် မတန်ရွှတ်နောက်ပျော်ရွှင်စွာနေတတ်သည့် လူရွှတ်လူပျော်ကြီးများ ပေါ်ထွန်းရာ ပြည်မြို့။ တစ်ချိန်က ကွန်မြူနစ်ဝါဒကြီးစိုးစဉ်က မြို့ကို အလံနီများ သိမ်းပိုက် ပြီးချိန်တွင် တစ်မြို့လုံးကြားသိစေရန်ကျော်ကြားလှသော မိန့်ခွန်းတစ်ရပ်ကို မြို့ သိမ်းခေါင်းဆောင်က ဟောကြားခဲ့သည်။ ပြည်မြို့သူမြို့သားများ ဘာမှကြောက် ရွံ့မနေကြဖို့၊ မေဒါဝီသမင်မနှင့် တောမှီရသေ့တို့မှ သန္ဓေစကာ သမင်မမှ လူမွေး ဖွားခဲ့သောမြို့၊ အသေးသုံးခဲတံစာရင်း ၁၅ သိန်းစာရင်းပြခဲ့သောမြို့၊ ထိုပြည်မြို့မှာ ညက ပစ်ဖောက်လိုက်သောသေနတ်သံသည် ယင်းတို့က ပြည်မြို့အား ထိန်းချုပ် လိုက်ပြီဟု အသိပေးလိုက်ခြင်းဖြစ်သည့်အကြောင်း၊မြို့သူမြို့သားများအေးအေးချမ်း ချမ်းစိတ်ချလက်ချနေနိုင်ပြီဖြစ်ကြောင်း ဟောကြားခဲ့သော နာမည်ကျော်ပြည်မြို့။
ထိုပြည်မြို့ကို အခေါက်ခေါက်ရောက်လေတိုင်း မရိုးနိုင်သည့် သမိုင်း ဖြစ်ရပ်များအပြင် နိုင်ငံရေးလှုပ်ရှားမှု အဆက်ဆက်ကို ကြားနေရသည်။ ယခုတစ်ခေါက်တွင် ကိုမာကီ ဆက် သွယ်ပေးသဖြင့် ကိုမင်းညိုနှင့် ဆုံခဲ့ရ သည်။ သူက မြို့မှာမရှိ။ ပေါင်းတည် မြို့မှ လယ်ယာမြေသိမ်းဆည်းခံတောင် သူများအရေးကိစ္စအတွက် သတင်းယူ ရန် ခရီးလွန်နေသည်။ ညဘက်ရောက် မှ ဆုံခဲ့ရသည်။ သူထင်နေသည်မှာ စာအုပ်ဈေးပွဲတော်နှင့် စာပေဟောပြောပွဲ အတွက် DVB သတင်းမှာ ဖော်ပြပေးဖို့ ခေါ်နေသည်ဟု။ တကယ်တော့မဟုတ်။ ၈၈ ကာလ ပြည်မြို့၏ နိုင်ငံရေးလှုပ်ရှားမှုများနှင့် မျက်မှောက်ခေတ် အခြေ အနေများကို မေးမြန်းချင်၍ဖြစ်ကြောင်း သူ့ကိုရှင်းပြသည်။ သူကမငြင်း။ လွယ် လင့်တကူပင် ယဉ်ကျေးမှု အဆောက်အအုံပြင်ပရှိ နားနေထိုင်ခုံတွင် ဖြေကြား ပေးပါသည်။ ၈၈ လှုပ်ရှားမှုများ မည်သို့စတင်ခဲ့ပုံကို စ၍ပြောပြပါသည်။
]]မှတ်မှတ်ရရပြောရရင် အဲဒီနေ့က အဘိဓမ္မာ အခါတော်နေ့ကြီး။ ကျွန်တော် တို့က ဘုရားပေါ်တက်ကြမယ်။ ဘုရားပေါ်မှာ တရားပွဲရှိတော့ တရားပွဲပြီးတဲ့ အချိန်မှာ အဲဒီလူစုကို ရအောင်ဆွယ်မယ်ပေါ့။ ရွှေဆံတော်ဘုရားပေါ် တက်ကြ တယ်။ ကျွန်တော်ကတော့ ကျွန်တော့်အိမ်က မုန့်လုပ်ငန်းလုပ်တဲ့အတွက် စက်ဘီး နဲ့ မုန့်လိုက်ပို့ရလို့ နောက်ကျသွားတယ်။ ကျွန်တော် ဘုရားကိုရောက်တော့ ရင်ပြင်တော်ပေါ်တက်တဲ့တံခါးတွေ ပိတ်ထားပြီ။ အရင်က ရင်ပြင်တော်တက်တဲ့ တံခါးတွေ ပိတ်ရိုးထုံးစံမရှိဘူး။ အထဲကလူတွေကလည်း ပြန်ထွက်လို့မရတော့ ရုတ်ရုတ်သဲသဲပဲ။ နောက်တော့မှ အပေါ်မှာ ကျောင်းသားတွေကို ဖမ်းလိုက်ပြီ တဲ့။ သပိတ်မှောက်မယ့်သတင်း ကြိုရထားလို့တဲ့။ ကျွန်တော်လည်း ဘုရားပေါ် တက်ဖို့ ကြံရတော့တာပေါ့။ ပြည်မြို့သားဆိုတော့ ဘယ်ကတက်ရင်ရမလဲဆို တာ သိတာပေါ့။ ြွေမကြီးနှစ်ကောင်ဖက်ကဆိုရင် တံခါးမရှိသေးဘူး။ ကားနဲ့ ပတ်တက်လို့ရတဲ့ဘက်လေ။ ကျွန်တော် အဲဒီကနေ ဘုရားပေါ်တက်တယ်။ သူငယ်ချင်းနှစ်ယောက်က ပြန်ဆင်းလာပြီး အရှည်ကြီးတို့ကို ဆွဲသွားပြီ၊ တက်လို့ မရတော့ဘူးတဲ့။
]]ကျွန်တော်တို့လည်း ပြန်ဆင်းလာပြီး ဘာဆက်လုပ်ရမလဲ တိုင်ပင်ကြတာ ပေါ့။ ပြည်မြို့မှာ အကြီးဆုံးစာသင်တိုက်ကြီးက ဇောတိကစာသင်တိုက်ရှိတယ်။ ကျွန်တော်တို့ အဲဒီကျောင်းက ကိုယ်တော်တွေကို သွားပြောပြကြတယ်။ ကျွန်တော် တို့နဲ့ဝင်ပါဖို့ စည်းရုံးတာပါ။ ဘုရားပေါ်မှာ ပါသွားတာက ၁၂ ယောက်လောက် ရှိတယ်။ ကျောင်းသားတွေချည်းပဲ။ အကုန်လုံးက ၁၀ တန်းနဲ့ အထက်တန်း ကျောင်းသားတွေချည်းပဲ။ တက္ကသိုလ်ကျောင်းသား မပါသေးဘူး။ ပြည်မြို့ရဲ့ ၈၈ သမိုင်းကို တကယ်စခဲ့ကြတာအထက်တန်းကျောင်းသားတွေချည်းပါပဲ။}}
ကိုမင်းညို(ခ) ကိုဗရှီးတို့က ဆရာတော်များကို ပင့်ဖိတ်ကာ မုန့်ဟင်းခါးဆိုင် မှ စားပွဲတစ်လုံး ငှား၍ လမ်းမအလယ်သို့ချကာ ၈၈ သပိတ်တိုက်ပွဲကို စခဲ့ကြ သည်။ အရင်ဆုံးစ၍ တရားဟောသူက တောင်ပိုင်း ABSDF တပ်၊ ၆၀၁ တွင် ကျဆုံး သွားသော ကိုဝင်းကျော်ဖြစ်သည်။ ကိုဝင်းကျော်၏ ဟောပြောလှုံ့ဆော်မှုဖြင့် ပြည်မြို့၏ ရှစ်လေးလုံးအရေးတော်ပုံကို စခဲ့ကြပြီး တစ်မြို့လုံး ပါဝင်လာခဲ့ကြ တော့သည်။ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထောင်ချမှုများ ဆက်တိုက်ဖြစ် လာခဲ့သည်။ အဖမ်းခံကြရသည်။ ရှောင်တိမ်းကြသည်။ ကိုဗရှီးတို့က ကျောင်း ပြန်တက်ရင်း မြေအောက်နိုင်ငံရေးလမ်းကို လိုက်ခဲ့ကြပြန်သည်။
]]ကျွန်တော် ပထမဆုံး မြေအောက်အဖွဲ့အစည်းနဲ့ ဆက်သွယ်မိတာက ကွန်ပျူတာ ဦးရဲထွန်းကြောင့်ပါ။ သူက NFFB ဆိုပြီးဖွဲ့တယ်။ ဖွဲ့ပြီးတော့ နယ်တိုင်း နယ်တိုင်းကို သူကိုယ်တိုင် လက်နက်ကြီးသင်တန်း၊ လက်နက်ငယ် သင်တန်းတွေ၊ စစ်ပညာတွေကို အဖွဲ့လိုက် လိုက်သင်ပေးတယ်။ အဲဒီတုန်းက ကျွန်တော်တို့က သေချာလုပ်ကြရတာ။ ဥပမာ – လူတစ်ယောက် ရထားနဲ့ လာမယ်၊ တွဲက ဘယ်တွဲ၊ ခုံနံပါတ်က ဘယ်လောက်၊ အင်္ကျီက ဘာအရောင်၊ ကော်လံမှာ အပ်ကိုဘယ်လိုထိုးထားမယ်။ အဲဒီလူကို ခေါ်သွားပါ။ ဘာစကားမှ မပြောပါနဲ့။ ဘယ်မှာချပေးလိုက်၊ နောက်နေ့ကျရင် သူ့ကို ဘယ်ကိုခေါ်သွားပါ။ အဲဒီလိုမျိုး သင်တန်းတွေ လက်တွေ့လုပ်ကြရတာ။ ယူဂျီလုပ်ငန်းပေါ့။ အဲဒီတုန်းက ရန်ကုန် ဘက်က ဗထူးမောင်ဆိုတာရှိတယ်။ ကွန်ပျူတာ ဦးရဲထွန်းနဲ့ပတ်သက် ပြီး သိခဲ့ရတာ။ ဒေါ်ချိုချိုကျော်ငြိမ်းတို့လည်း ပါတာပေါ့။ NFFB (National Freedom Fighter of Burma) ဆိုတဲ့အဖွဲ့ထဲမှာ ကျွန်တော်တို့ဝင်ပါပြီး လှုပ်ရှားခဲ့ကြ သေးတယ်။
]]အဲဒီကာလမှာ ဒီကနေ့ထိ ပျောက်ကွယ်နေတဲ့ လူငယ်အချို့ရှိတယ်။ ရန်ကုန်မှာ အာဏာသိမ်းခါနီးကာလ ရခိုင်ဘက်ကို ထွက်ပြေးလာတဲ့ လူငယ် အသုတ် နှစ်သုတ်ရှိတယ်။ စပ်ကူးမပ်ကူးဆိုတော့ ပြည်မှာက သပိတ်စခန်းရှိ သေးတယ်။ အဲဒီအချိန်မှာ ဘာဖြစ်လဲဆိုတော့ ရခိုင်ဘက်ကို သွားမယ်ဆိုပြီး ထွက်သွားတဲ့ အဖွဲ့နှစ်ဖွဲ့ လုံးဝပျောက်သွားတယ်။ ဟိုဘက်မှာက ရခိုင်ကွန်မြူနစ် ပါတီရှိတယ်။ ကျွန်တော်တို့ ပြည်မြို့မှာလည်း ကွန်မြူနစ်အရိပ်က အင်မတန် ကြီးတယ်။ ကျွန်တော်တို့နောက်က ဂိုက်လိုင်းပေးတဲ့သူတွေထဲမှာကို ဦးအောင် ငြိမ်းတို့လို ကျွန်းပြန်ကြီးတွေပါတယ်။ ပြောရရင် ကွန်မြူနစ်အင်အားက ကောင်း တယ်။ အဲဒီလိုနဲ့ ရခိုင်ဘက်ကို ထွက်သွားတဲ့ အဖွဲ့နှစ်ဖွဲ့က လမ်းမှာတင် ပျောက်သွားတယ်။ ဒီကနေ့ထိ ဘာသတင်းမှ မရတော့ဘူး။ တတိယအသုတ် ကိုကျတော့ ဒီမှာ ဘုန်းကြီးကျောင်းမှာ အရင်ထား၊ ကျွန်တော်တို့ နောက် တစ်ယောက်က ရှေ့ပြေးအဖြစ်နဲ့ သွားရတယ်။ ရခိုင်ဘက်ကို တက်ကြတာ။ ပထမနှစ်ဖွဲ့ကိုလည်း ရခိုင်ကွန်မြူနစ်ပါတီရှိတဲ့ဆီကို လွှတ်တာပဲ။ အဲဒီကနေမှ အိန္ဒိယဘက်တို့ ဘာတို့ကိုပို့ဖို့ စီစဉ်ကြတာ။ ဒါပေမဲ့ အဖွဲ့နှစ်ဖွဲ့စလုံး အဲဒီကို မရောက်ဘူး။ လူငယ် ၄၀ ပေါ့။ လုံးဝပျောက်သွားတာ ဒီကနေ့ထိ ဘာသတင်း မှ မရဘူး။ အဲဒီဘက်မှာရှိတာက ကိုသက်ထွန်းဆိုတာရှိတယ်။ ကျွန်တော်တို့ ဆရာတွေ ပြောပြတာက သူက ဦးနေဝင်းလူ။ တကယ်လို့ ဦးနေဝင်း ပြေးရတဲ့ အခါ အဆင်ပြေအောင် ကိုသက်ထွန်းက ကြိုပြီးတောခိုတာလို့ လူကြီးတွေ ပြောပြတယ်။ တကယ်လို့ လူငယ် ၄၀ အဲဒီကို ရောက်သွားရင်တော့ ပြန်လမ်း မရှိတော့ဘူးတဲ့။ အဖြစ်မှန်ကိုတော့ ဒီကနေ့ထိ ဘယ်သူမှ မပြောပြနိုင်ကြသေး ဘူး။ ပျောက်သွားတာတော့ အမှန်ပဲ။}}
ကိုဗရှီးက မြေအောက်လှုပ်ရှားမှုများ လုပ်နေရင်းကပင် အစိုးရဝန်ထမ်း အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ဆည်မြောင်းဌာန၏ ရေအရင်းအမြစ်အသုံး ချမှုဌာနခွဲအတွက် ဦးဆုံးခေါ်ယူသော SAE လူ ၄၀ တွင် ပါဝင်ခဲ့သည်။ ဖောင်ကြီး သင်တန်း တက်ခဲ့ရသည်။ ထိုကာလမှာပင် အဖမ်းခံရသည်။
]]ကျွန်တော်တက်ရတဲ့ ဖောင်ကြီးသင်တန်းက ဇေယျအမှတ်စဉ် ၁၄၄။ တက်နေတုန်းမှာပဲ။ သင်တန်းဆင်းဖို့ ၇ ရက်အလိုမှာ သင်တန်းမှာ လာဖမ်းတော့ တာပဲ။ ဖမ်းရတဲ့ အကြောင်းရင်းက ကျွန်တော့်မှာ ဗညားဆိုတဲ့ ညီတစ်ယောက် ရှိတယ်။ သူက အခုတော့ တောခိုရာကနေ ပြည်ပကိုရောက်သွားပြီ။ ၉၀ မှာ တောခိုတာ။ သူက သခင်သန်းထွန်းရဲ့ ညာလက်ရုံး ဗိုလ်မင်းဒင်ရဲ့ သမီး တောခိုတာကို ကူညီပေးခဲ့တယ်။ ဒေါ်ချိုချိုမင်းဒင်ကို လာဖမ်းချိန်မှာ ကျွန်တော် နဲ့ ဗညားက နောက်ဖေးပေါက်ကထုတ်ပြီး ထွက်ပြေးလို့ရအောင် ကူညီပေးခဲ့ ဖူးတယ်။ သူ့ကို လျှောက်ဖွက်ရတာပေါ့။ ရန်ကုန်ကလာမယ့် တခြား အမျိုး သမီးအဖွဲ့တွေကိုလည်း ဒီကနေ ဒိုင်ခံဖွက်ပေး၊ ခရီးစဉ်တွေ စီစဉ်ပေးခဲ့ရတာတွေ ရှိတယ်။ ဗညား တောခိုသွားပြီးတော့ AB ကနေ လွှတ်လိုက်တဲ့ သန်းကျော်ဋ္ဌေး ဆိုတဲ့သူရောက်လာတယ်။ ကျွန်တော် ဒီမှာ လက်ခံပေးပြီး ဘာကူညီမလဲ မေး တာပေါ့။ သူက ဖောက်ခွဲရေးလုပ်ဖို့လာတာ။ သူပြောပြတာတွေထဲမှာ နည်း နည်းအစွန်းရောက်တာတွေပါတယ်။ လူကြီးသားသမီးတွေ ပြန်ပေးဆွဲမှာတွေ ဘာတွေပါတယ်။ ကျွန်တော် နည်း နည်းဆွေးနွေးပြီးတော့သူနဲ့ အဲဒီမှာပဲ လမ်းစဖြတ်လိုက်တယ်။ နောက်လည်း အဆက်အသွယ်မလုပ်ဖို့ ပြောပြတယ်။ ပြောရရင် အဲဒီလောက်နဲ့ပဲ သူနဲ့ ကျွန်တော် ပြီးသွားတာပါ။ ဒါပေမဲ့ သူ နောက်တစ်ခေါက် ပြန်ဝင်လာတယ်။ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ မိသွားတယ်။ အဲဒီမှာ သူက အလျှော့အတင်း အပေး အယူလုပ်ပြီး လျှောက်ဖော်တာနဲ့ ကျွန် တော့်ကို လာဖမ်းတာပဲ။ သူ အလင်း ဝင်မယ်။ လမ်းကြောင်းတွေ အကုန်ဖော် မယ်ဆိုပြီး ဖော်လိုက်တာ ၃၂ ယောက် အဖမ်းခံရတာပဲ။ ဖောင်ကြီး၊ ပေါင်း တည်၊ ပဲခူး၊ ရန်ကုန် အကုန်ပါသွား တာပဲဗျာ}}
ကိုဗရှီးက အေးအေးဆေးဆေးပင် ဖြတ်သန်းမှုများကို ဆက်ပြောပြနေ သည်။ ယခုလက်ရှိ DVB သတင်း ထောက်တာဝန်ဖြင့် နိုင်ငံရေးလှုပ်ရှား မှုပုံရိပ်များကို ရှာဖွေဖော်ထုတ်ပေးနေ သည်။
မြန်မာ့ဒီမိုကရေစီသမိုင်းတို့မှာ တစ်စစီ ပီပြင်ထင်ရှားလာနေသည်။ စစ်အစိုးရက တော်လှသည်လား။ ဒီမိုကရက်တစ်တို့ဖက်က အားနည်းခဲ့ သည်လား တွေးတောစရာတွေ အများ သား။ သမိုင်းသင်ခန်းစာတို့မှာ ရှာဖွေ ဖော်ထုတ်လေလေ အကျိုးရှိလေလေ ဖြစ်ရသည်ကိုတော့မည်သူမှ ငြင်းနိုင် မည်မထင်ပါချေ။

ဝ၁၆

Leave a Reply

Your email address will not be published.