ခရစ္စမတ်ပွဲတော်ရက် အမှတ်ပေးဇယားဦးဆောင်သူ ချယ်လ်ဆီးအသင်း ချန်ပီယံဖြစ်လာနိုင်မည်လော

ဒီဇင်ဘာ ၂၈
အင်္ဂလိပ်ပရီးမီးယားလိဂ်အသင်း ချယ်လ်ဆီး၏နည်းပြဖြစ်သော Mourinho ၏ ဘောလုံးရာသီချိန် အပြည့်လုပ်ကိုင်ခဲ့သော ၁၂ နှစ်တာ ဘောလုံးအသင်းမန်နေဂျာ သက် တမ်းတစ်လျှောက် ခရစ္စမတ်ပွဲတော် ရက်တွင် အမှတ်ပေးဇယားထိပ်၌ ရပ်တည်နိုင်မှု ခုနှစ်ကြိမ်ရှိခဲ့ပြီး အဆိုပါ ခုနှစ်ကြိမ်လုံးတွင်၊ လိဂ်ချန် ပီယံဆုကို ရယူနိုင်ခဲ့သည်သာဖြစ် ကြောင်း မှတ်တမ်းများအရသိရှိရ သည်။
ထို့အပြင် ခရစ္စမတ်ပွဲတော်ရက် ၌ ဇယားထိပ်တွင်ရပ်တည်နိုင်ခဲ့ခြင်း မရှိသော ဘောလုံးရာသီတိုင်းတွင် လည်း ချန်ပီယံဆုနှင့်လွှဲချော်ခဲ့ရ သည်ကို တိုက်ဆိုင်စွာပင် မြင်တွေ့ ရပြန်သည်။ လက်ရှိယှဉ်ပြိုင်လျက်ရှိ သော ၂၀၁၄ – ၁၅ အင်္ဂလိပ်ပရီးမီး ယားလိဂ်တွင် မော်ရင်ညို၏ချယ်လ် ဆီးအသင်းက ခရစ္စမတ်ပွဲတော်ရက် တွင် ဇယားဦးဆောင်သူအဖြစ် ရပ် တည်ထားနိုင်သည်ဖြစ်ရာ ယခုနှစ် ချန်ပီယံဖလားမှာ၊ မော်ရင်ညို အတွက် နောက်ထပ်အောင်ပွဲတစ်ရပ် ဖြစ်လာမည်လော ဆိုသည်က စိတ် ဝင်စားဖွယ်ဖြစ်လာပေပြီ။
မော်ရင်ညိုသည် ၂၀ဝ၂-၂၀ဝ၃ နှင့် ၂၀ဝ၃ -၂၀ဝ၄ ဘော လုံးရာသီများတွင် ပေါ်တူဂီအသင်း ပေါ်တိုကို ကိုင်တွယ်ခဲ့ရာ ၂ နှစ် စလုံးတွင် ခရစ္စမတ်ပွဲတော် ရက်၌ ရမှတ် ၃၉ မှတ်ဖြင့် အမှတ်ပေး ဇယားကို ဦးဆောင်နိုင်ခဲ့သည့်အပြင် ရာသီကုန်ဆုံးချိန်တွင် ၂ နှစ်စလုံး ပေါ်တူဂီလိဂ်ချန်ပီယံဆုဖလားကို ရ ယူနိုင်ခဲ့သည်။
အလားတူပင် ချယ်လ်ဆီး အသင်းကို ကိုင်တွယ်ခဲ့စဉ် ၂၀ဝ၄ – ဝ၅ ရာသီ၌ ရမှတ် ၄၃ မှတ်၊ ၂၀ဝ၅ – ဝ၆ ရာသီ၌၊ ရမှတ် ၄၆ မှတ်ဖြင့် ခရစ္စမတ်ပွဲတော်ရက်တွင် အမှတ်ပေးဇယားကိုဦးဆောင်နိုင်ခဲ့ ပြီး ရာသီကုန်ဆုံးချိန်၌ နှစ်နှစ်စလုံး တွင် အင်္ဂလိပ်ပရီးမီးယားလိဂ် ချန် ပီယံဖြစ်ခဲ့သည်။ အီတလီကလပ် အသင်း အင်တာမီလန်ကို ကိုင်တွယ် ခဲ့သည့် ၂၀ဝ၈-ဝ၉ နှင့် ၂၀ဝ၉ -၁၀ ရာသီတို့တွင်လည်း ရမှတ် ၄၂ မှတ် နှင့် ၃၉ မှတ်တို့ဖြင့် ခရစ္စမတ် ပွဲတော်ရက်တွင် အမှတ်ပေးဇယား ဦးဆောင်သူဖြစ်ခဲ့ကာ ရာသီကုန်ဆုံး ချိန်တွင် ၂ နှစ်စလုံး စီးရီးအေချန် ပီယံဆု ဆွတ်ခူးရရှိခဲ့သည်။ စပိန် ကလပ်အသင်း Real Madrid ကို ကိုင်တွယ်ခဲ့သည့် ၂၀၁၁-၁၂ ရာသီ တွင်လည်း၊ ခရစ္စ မတ်ပွဲတော် ရက်တွင် ရမှတ် ၄၀ ဖြင့် ဇယားဦး ဆောင်သူဖြစ်ခဲ့ပြီး ရာသီကုန်ဆုံး ချိန်တွင် လာလီဂါချန်ပီယံ ဆုရရှိခဲ့ ပြန်သည်။
သက်တမ်း ၁၂ နှစ်တာအတွင်း ချန်ပီယံဆုနှင့် လွဲချော်ခဲ့ရသည့် နှစ် များကို လေ့လာကြည့်ပါက ခရစ္စ မတ်ပွဲတော်ရက်တွင် ဇယားထိပ်၌ ရပ်တည်နိုင်ခဲ့ခြင်းမရှိသည်ကိုလည်း ဖော်ပြပါဇယားတွင်မြင်တွေ့နိုင်ပေ သည်။ အင်္ဂလိပ်ပရီးမီးယားလိဂ် ရာဇဝင်တစ်လျှောက် ခရစ္စမတ်ပွဲ တော်ရက်တွင် ဇယားဦးဆောင်ရာမှ ချန်ပီယံဆုဖလားရရှိခဲ့သော အကြိမ် ရေအများဆုံး မန်နေဂျာမှာ မန်ယူ အသင်းမှ Sir Alex Ferguson ဖြစ်ပြီး ၁၉၉၃-၉၄၊ ၂၀ဝ၀ – ဝ၁၊ ၂၀ဝ၆ – ဝ၇၊ ၂၀၁၀ – ၁၁၊ ၂၀၁၂ – ၁၃ ရာသီတို့တွင် စုစုပေါင်း ၅ ကြိမ်အထိရရှိခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်း မန်နေဂျာ မော် ရင်ညိုက ၂၀ဝ၄ – ဝ၅ နှင့် ၂၀ဝ၅ – ဝ၆ ရာသီတို့တွင် နှစ်ကြိမ်တိုင် ဤနည်းအတိုင်းရရှိခဲ့သည်။ ယင်း တို့နှစ်ဦးအပြင် ချယ်လ်ဆီးမန်နေဂျာ Carlo Ancelotti က ၂၀ဝ၉ – ၁၀ ရာသီတွင်လည်းကောင်း Blackburn Rovers အသင်းမန်နေဂျာ Kenny Daglish ၁၉၀၄ – ၉၅ ရာသီတွင် လည်းကောင်း မန်ချက်စတာစီးတီး အသင်းမန်နေဂျာ Roberto Mancini က ၂၀၁၁ – ၁၂ ရာသီတွင်လည်း ကောင်းခရစ္စမတ်ပွဲတော်ရက် အမှတ်ပေးဇယားဦးဆောင်သူအဖြစ်မှ ချန်ပီယံ

Leave a Reply

Your email address will not be published. Required fields are marked *