ဥာဏ်ဏ်ရည်ပြေးစေမည့် ကလေးကစားစရာများ ကလေးများနှင့် အထူးကိုက်ညီ

ရန်ကုန်၊ သြဂုတ် ၁၉
ကလေးများအကြိုက်ရောင်းရသော ကလေးကစားစရာပစ္စည်းဆိုသော်လည်း ကလေးသူငယ်များ၏စိတ်ပျော်ရွှင်မှုနှင့် ဥာဏ်အရည်အသွေးကိုပါ မြှင့်တင်ပေးနိုင်ခြင်း၊ တန်ဖိုးနည်းပါး၍နယ်စွန်နယ်ဖျားတောရွာ များအထိပါ လွယ်လင့်တကူသယ်ယူသွားနိုင်ခြင်း၊ ကလေးများကိုယ်တိုင် မိမိနှစ်သက်ရာ ကစားနည်းပါသောကစားစရာများကိုစိတ်တိုင်း ကျရွေးချယ်နိုင်ခြင်းတို့ကြောင့် တောရော၊ မြို့ပါမကျန်အဖိုးနည်းဝန်ပါ ကလေးကစားစရာများ ဈေးကွက်ကျယ်ပြန့်လာခြင်းကြောင့်သိမ်ကြီး ဈေး စီ ရုံတွင် ကလေးကစားစရာနှင့်အရုပ်မျိုးစုံရောင်းချသော မဝင်းမာ (လသာ)ကို ပဲတင်သံဂျာနယ်က မေးမြန်းခဲ့ပါသည်။
သူက ကလေးများ၏အကြိုက်နှင့်စရိုက်ပေါ်မူတည်၍ ကစားစရာအမျိုးရောင်းချရပုံမတူကြကြောင်းကိုပြောရာတွင် ”အရောင်းအဝယ်ပိုင်းဆိုင်ရာကတော့ ကလေးကစားစရာပစ္စည်းဆိုတော့ ရောင်းဝယ်မှုကကောင်းပါတယ်။ တချို့ကစားစရာတွေက ကလေးတွေရဲ့ဥာဏ်ရည် ဥာဏ်သွေးတိုးတက်စေတဲ့နည်းပညာဆိုင်ရာလေးတွေပါတယ်။ တချို့ ကလေးတွေက အရုပ်မဆက်တတ်ကြဘူး။ ဦးနှောက် သိပ်အသုံးမပြုတတ်ကြဘူး။ လုပ်ပြီးသားဆက်ပြီးသားလေးတွေ ဝယ်ကြတယ်။ တချို့ကလေးတွေက ကိုယ်တိုင်ဆက်မှ ကျေနပ်တဲ့ကလေး တွေရှိတယ်။ အဲလိုကလေးမျိုးတွေအတွက် လုပ်နည်းဆက်နည်းညွှန်ပြပေးထားတဲ့ အရုပ်ထုပ်တို့၊ အရုပ်ဘူးတို့မှာပါကြတယ်။ တချို့မိဘတွေက ကိုယ်ကလေး ငြိမ်ရင်ပြီးတာပဲဆိုပြီး လွှတ်ထားတတ်ကြတယ်။ အဲလိုကလေးတွေကျတော့ အန္တရာယ်မဖြစ်စေနိုင်တဲ့ကစားစရာမျိုးလေးတွေ ပြောပြီး ရောင်းချပေးတယ်။ နယ်ကတစ်ဆင့်လာရောက်ဝယ်ယူမှုလည်း များတယ်။ ကျွန်မရဲ့ဆိုင်က (ဒိုင်)တစ်မျိုးလဲဖြစ်နေတယ်။ ဘယ်ဆိုင်မှာမှမရှိတဲ့ ကလေးကစားစရာတွေလည်း ကျွန်မဆိုင်မှာရှိတယ်။ ဒါကြောင့် ကျွန်မဆိုင်ကဝယ်သူပိုများသလို၊ ဝယ်လိုအားလည်းများတယ်” ဟု ပြောသည်။
ဆက်လက်ပြီး ဈေးကွက်အတွင်းရောင်းချရမှုနှင့်ပတ်သက်၍ ပြောရာတွင် ”ဈေးဝယ်သူအများစုက လူတန်းစားမရွေး ဝယ်ယူလို့ရနိုင်အောင် ဈေးနှုန်းသက်သာပြီး ပြန်ရောင်းချရာတွင်ဈေးသက်သာမှုရှိတဲ့ ပစ္စည်းမျိုးကိုပိုပြီးဝယ်ယူကြတယ်။ တချို့ကလည်း ရန်ကုန်မြို့ရှိ ကျောင်းရှေ့မှာ ပြန်ရောင်းချဖို့လာရောက်ဝယ်ယူကြတာရှိတယ်။ သူတို့က နည်းနည်းဝယ်ပေမဲ့ ကြာတော့ ကိုယ့်မိတ်တွေဖြစ်လာတာပေါ့။ တချို့ကတစ်လလုံးအတွက် တစ်ခါတည်းစုပြီးလာဝယ်တတ်ကြတယ်။ တချို့က လည်း တစ်ပတ် ၂ ခါ၊ ၃ ခါဝယ်တတ်ကြတယ်။ ကျွန်မရောင်းလာ ခဲ့တာ ၁၅ နှစ်ရှိပါပြီ။ ကလေးကစားစရာပစ္စည်းတွေကို တရုတ်ပြည်ကတစ်ဆင့် ကုန်သည်တွေထံမှ တစ်ဆင့်ဝယ်ရတယ်။ အမြတ်ခွန်ကတော့ တစ်နှစ်ကို ၃ သိန်းနီးပါးဆောင်ရတယ်”ဟု ပဲ့တင်သံသို့ ပြောကြားသည်။
ကလေးကစားစရာပစ္စည်းဝယ်ယူ၍တစ်ဆင့် ပြန်လည်ရောင်းချ သူ သင်္ဃန်းကျွန်းမြို့နယ်နေ မသဇင်ကလည်း ”ကလေးတွေအတွက် ဒီလိုကစားစရာတွေ ရှိပေလို့ပေါ့။ ကျွန်မတို့တုန်းကဆိုရင် အိုးပုတ်တွေနဲ့ပဲ ဆော့ခဲ့ရတာ။ ဒီလိုကလေးတွေ ဥာဏ်ရည်ကောင်းစေမဲ့ ကစားနည်းလေးတွေ၊ အရုပ်ဆက်နည်းလေးတွေက သူတို့ခေတ်သူတို့အခါမှာ ပေါ်လာတော့အများကြီး ကလေးတွေအတွက်ရော၊ လူကြီးတွေအတွက်ပါကောင်းသွားတာပေါ့။ ကစားကွင်းသွားရင် လူကြီးတွေ ပိုက်ဆံပိုကုန်ပြီးကလေးတွေ ထိခိုက်နာကျင်မှုတွေပဲ ဖြစ်လာတာများတယ်။ အခု ရန်ကုန်မြို့ထဲမှာကိုပဲကလေးနဲ့ လူကြီးက ကလေးဦးရေက အရေအတွက်ပိုများလာတယ်။ ဒါကြောင့် ကလေးတွေပစ္စည်းကဈေးနှုန်းချို သာစွာနဲ့ဝယ်ယူမှုပြုပြီး ကလေးတွေလက်ထဲအရောက်ထည့်နိုင်ဖို့က ကျွန်မတို့ကြားခံအရောင်းကိုယ်စားလှယ်တွေပဲရှိတယ်။ တချို့ကလေးတွေဆို ကျောင်းသွားရင် မုန့်ဝယ်မစားတော့ဘူး။ အရုပ်ဆက်ရတာလေးတွေကို ခုံမင်ပြီး ဝယ်ယူကြတယ်” ဟု ပဲ့တင်သံသို့ ဖြေကြားခဲ့ သည်။
ဝ၁၄

Leave a Reply

Your email address will not be published.