ရီးယဲလ်မက်ဒရစ် ကမ္ဘာ့ဖလားချန်ပီယံဆု ရရှိ အာဂျင်တီးနားကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ် ကလပ်အသင်းများ၏ ချန်ပီယံဖြစ်လာ

ဒီဇင်ဘာ ၂၀
မော်ရိုကိုနိုင်ငံတွင် ကျင်းပ သည့် ကလပ်အသင်းများကမ္ဘာ့ ဖလားဘောလုံး ဗိုလ်လုပွဲတွင် စပိန် ကလပ်အသင်း Real Madrid က တောင်အမေရိကချန်ပီယံ၊ အာဂျင် တီးနားကလပ်အသင်း San Lorenzo အသင်းကို နှစ်ဂိုး-ဂိုးမရှိသဖြင့် အ နိုင်ယူကာ ကလပ်အသင်းများ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူး သွားခဲ့သည်။ ယခုရရှိသော ကလပ် အသင်း ကမ္ဘာ့ဖလားချန်ပီယံဆုနှင့် ဆိုပါက Real Madrid အသင်းသည် ၂၀၁၄ ခုနှစ်အတွင်း ဖလားလေး လုံး ရရှိခဲ့ခြင်းဖြစ်သည်။
ဥရောပချန်ပီယံလိဂ်ဖလား၊ Copa del Rey ဖလားနှင့် ဥရောပစူ ပါဖလား ချန်ပီယံအသင်းဖြစ်သော Real Madrid အသင်းသည် Sergio Ramos ၏ ခေါင်းတိုက်သွင်းဂိုးဖြင့် ပထမပိုင်း ၃၇ မိနစ်တွင် ပွဲကို ဦးဆောင်ထားနိုင်ခဲ့သည်။
ဒုတိယပိုင်း ပွဲစပြီးခြောက်မိနစ် အကြာတွင် San Lorenzo အသင်းဂိုး သမား၏အမှားကြောင့် Gareth Bale က Real Madrid အတွက် ဒုတိယ မြောက် အနိုင်ဂိုးကို ထပ်မံသွင်းယူ ပေးနိုင်ခဲ့သည်။ ပွဲချိန်တစ်လျှောက် အခက်အခဲမရှိ ဦးဆောင်ကစားသွား နိုင်သော Real Madrid အသင်းက ပြိုင်ပွဲအရပ်ရပ်တွင် ၂၂ ပွဲဆက် တိုက် အနိုင်ရရှိခဲ့သည့် စံချိန်တစ် ရပ်ကိုလည်း စိုက်ထူနိုင်ခဲ့သည်။
Real Madrid မန်နေဂျာ Carlos Ancelottim က အသင်းအတွက် ဖလားတစ်လုံး ထပ်မံရယူရန် ရည် ရွယ်ချက်ဖြင့် Cristiano Ronaldo? Gareth Bale, James Rodrigue ESifh Benzema စသည့် တိုက်စစ်ကစား သမားအစုံအလင်ဖြင့် ပွဲထွက်စေခဲ့ သည်။ ခံစစ်ကို အားပြုကစားသော အာဂျင်တီးနားအသင်း၏ ကစားဟန် ကြောင့် Real Madrid အသင်းအနေ ဖြင့် အစောပိုင်း ကစားချိန်များတွင် မျှော်မှန်းထားသကဲ့သို့ မဖြစ်ခဲ့သော် လည်း၊ ပထမပိုင်းပြီးဆုံးကာနီးတွင် Sergio Ramos က အလယ်တန်းလူ Toni Kroos ၏ ပေးပို့မှုမှတဆင့် အဖွင့်ဂိုးကို ခေါင်းတိ်ုကသွင်းယူနိုင် ခဲ့သည်။ Real Madrid အလယ်တန်း လူ Kroos နှင့် ISco တို့က ကစား ကွက်ကို ကောင်းစွာပုံဖော်ပေးနိုင် ခဲ့ပြီး ဒုတိယပိုင်းစကာစတွင် San Lor-erzo ဂိုးသမား Sebastian Torrico ၏ အမှားမှတဆင့် Gareth Bale က၊ ဒုတိယမြောက် အနိုင်ဂိုးကို သွင်းယူခဲ့သဖြင့်၊ San Lorenzo အသင်းနည်းပြ Edgardo Bauza နှင့်အသင်းသားတို့၏ ချန်ပီယံ အိပ်မက် ပျက်ပြယ်ခဲ့ပါတော့သည်။ Real Madrid အသင်းအတွက် ပွဲပေါင်း ခုနှစ်ရာမြောက်အဖြစ် ပွဲ ထွက်လာသော ဂိုးသမား Iker Casi-llas မှာ ပွဲစဉ် တစ်လျှောက်လုံးတွင် တစ်ဖက် အသင်း၏ ဂိုးသွင်းယူရန် ကြိုးပမ်းမှုနှစ်ကြိမ်ကိုသာ ကာကွယ် ပေးခဲ့ရသည်။
Real Madrid နှင့် San Lor-enzo တို့၏ ဗိုလ်လုပွဲမတိုင်မီ တတိ ယနေရာလုပွဲအဖြစ်၊ နယူးဇီလန်နိုင်ငံ မှ Auckland City အသင်းနှင့် မက္ကဆီ ကိုနိုင်ငံမှ Cruz Azul တို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ ပွဲချိန်မိနစ်ကိုးဆယ် အတွင်း တစ်ဖက်တစ်ဂိုးစီ သရေကျ နေသဖြင့် ပိုင်နယ်တီအဆုံးအဖြတ် ရယူခဲ့ကြရာတွင် ဗကခုူညေိ အသင်း က အနိုင်ရရှိကာ တတိယနေရာကို ရရှိသွားခဲ့သည်။

ဝ၂၇၊
BBC Sport

Leave a Reply

Your email address will not be published. Required fields are marked *