ဒီမိုကရေစီ စရဏတရား

တောင်ပြာတန်းတစ်နေရာမှာ
နှင်းမှုံတွေက မသဲမကွဲ
ကျွန်တော်ကလည်း မရဲတရဲ။
ဆရာခင်ဗျာ
အောင်ဆန်းအရိုင်းလို့ ဆရာရေးခဲ့တယ်နော်
အောင်ဆန်း တကယ်ရိုင်းသလား ဆရာ
ကျွန်တော်မေးတဲ့အခါ
မှေးရီနေတဲ့ ဆရာ့မျက်လုံးဟာ
မျက်မှန်ပင့်ပြီး အတွေးမဆုံးသေးသလို
အပေါ်ကိုကြည့်ပြီး ဆရာ ပြုံးနေတယ်
ဆရာ ဖြေတာ ကျွန်တော်ကြားလိုက်တယ်။
ဆရာက ဖြေတယ်
အဲဒီလိုရေးတဲ့အချိန်တုန်းက
အောင်ဆန်းက အောင်မြင်သူဘဝ
အောင်ဆန်းက သက်ရှိထင်ရှား
အောင်ဆန်းဆိုတာ အမျိုးသားခေါင်းဆောင်
အောင်ဆန်းဟာ လူထုခေါင်းဆောင်
အောင်ဆန်းမှာ အာဏာရှိတယ်
အောင်ဆန်း လက်တစ်ဖျောက်တီးလိုက်တာနဲ့
လူတစ်ယောက် အသက်ပျောက်သွားနိုင်တယ်။
ဒါပေမဲ့ အောင်ဆန်းက
]]ဌေးမြိုင်က ငါ့ကိုအရိုင်းလို့ ပြောနေတာကွာ
ငါ ဒီလောက်မရိုင်းပါဘူး}}
ဒီလိုစကားတုံ့ပြန်တာပဲ ရှိတယ်
ဒီ့အတွက် ဆရာ အဖမ်းမခံခဲ့ရဘူး
နေအိမ်လည်း အကျယ်ချုပ်မခံခဲ့ရဘူး
ဆရာ ထောင်လည်းမကျခဲ့ဘူး
ဆရာ ဒါပဲ ဖြေတယ်
ဒါပါပဲဗျာ
အောင်ဆန်း ရိုင်း မရိုင်း
သမိုင်းအဖြေဟာ
ဒါပါပဲ။

ရွှေနောင်ရိုး၊မန္တလေး၊

Leave a Reply

Your email address will not be published.