ချယ်လ်ဆီးတွင် ၁၃ နှစ်ကစားခဲ့သော လမ်းဘတ် လက်လွှတ်မိသော မော်ရင်ညို နောင်တရနေလား

ဒီဇင်ဘာ ၁၃
ချယ်လ်ဆီးဘောလုံးအသင်း အတွက် ၁၃ နှစ်တိုင်တိုင် ကစား ပေးခဲ့ပြီး ပြီးခဲ့သည့်နှစ် နွေရာသီ တွင် အသင်းကထုတ်ရောင်းခဲ့သော Frank Lampard ၏ ပရီးမီးယားလိဂ် နေ့ရက်များမှာကုန်ဆုံးပြီဟု ပရိသတ် တို့အထင်ရောက်မိခဲ့ကြသည်။
New York City အမေရိကန် ဘောလုံးကလပ်သို့ ပြောင်းရွှေ့သွား ခဲ့ပြီးမှ မန်ချက်စတာစီးတီး အသင်း သို့ အငှားစာချုပ်ဖြင့် ရောက်ရှိလာ ကာ ပရီးမီးယားလိဂ်သို့ တစ်ကျော့ ပြန်ခြေချခဲ့သော အသက် ၃၆ နှစ် အရွယ်ရှိ Frank Lampard သည် အသင်းဟောင်း ချယ်လ်ဆီးအသင်း ၏ ချန်ပီယံသရဖူသိမ်းပိုက်မည့်အစီ အစဉ်ကို မန်ချက်စတာစီးတီး အသင်းက ဟန့်တားယှဉ်ပြိုင်ရာတွင် များစွာအထောက်အကူ ပြုနိုင်ခဲ့ သည်။ ဒီဇင်ဘာ ၁၃ ရက်နေ့က လိုက်ဆက်စတာစီးတီးအသင်းသို့ သွင်းယူသောဂိုးက Thierry Henry ၏ ပရီးမီးယားလိဂ်သွင်းဂိုး ၁၇၅ ဂိုး စံချိန်နှင့် တန်းတူဖြစ်စေခဲ့သည်။
စက်တင်ဘာလအတွင်းက Jose Mourinho ၏ ချယ်လ်ဆီး အသင်းနှင့် ယှဉ်ပြိုင်ရစဉ် Lampard သည် မန်ချက်စတာစီးတီးအသင်း အတွက် အရေးပါသောသွင်းဂိုးကို ရယူကာ ရမှတ်တစ်မှတ်စီ ခွဲဝေယူ နိုင်စေခဲ့သည်။ Lampard သည် နှစ် သစ်တွင် အမေရိကန်ပြည်ထောင်စု သို့ပြန်ရန် အချိန်စေ့ရောက်ပြီဖြစ် သော်လည်း New York City သို့ မပြန်ဘဲ မန်ချက်စတာစီးတီးတွင် ဆက်လက်ရှိနေမည်လောဆိုသည် မှာလည်း စိတ်ဝင်စားစရာပင်။
အင်္ဂလိပ်ပရီးမီးယားလိဂ်၏ Match of the Day အစီအစဉ်မှ အား ကစားသတင်းဝေဖန်သူ Robbie Savage နှင့် Danny Murphy တို့က ဇန်နဝါရီလတွင် မန်ချက်စတာစီးတီး အသင်းအတွက် လက်လွှတ်ရမည့် ကစားသမား အရည်အသွေးများကို Lampard က ပိုင်ဆိုင်ထားသည်ဟု ဆိုကြသည်။ Lampard သည် အလွန်တရာအရေးပါသော ကစား သမားဖြစ်ကာ အထူးသဖြင့် ပွဲစဉ် အနေအထားအရ အကျပ်အတည်း ကြုံရသော အခါမျိုးတွင် ပို၍ပင် အရေးပါလှကြောင်း Murphy က ပြောကြားခဲ့သည်။ Savage နှင့် Murphy တို့နှစ်ဦးစလုံး သည် နိုင်ငံ လက်ရွေးစင်အသင်း၏ အလယ် တန်းကစားသမားဟောင်းများ ဖြစ် ကြသည်။ Murphy က သူသာ မန်ချက် စတာစီးတီးအသင်းတွင် ရှိပါက Lampard ကို လက်လွှတ် ခံမည်မဟုတ်ဟု ပြောကြားခဲ့သလို Savage ကလည်း Murphy ၏ စကားကို ထောက်ခံရင်း Lampard သည် ကွင်းတွင်းနှင့်ကွင်းပြင်ပတွင် ပါ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ် ကာ ပရီးမီးယားလိဂ်၏ အကျိုးအပြု ဆုံး အလယ်တန်းကစားသမားဖြစ် သည်ဟု ပြောကြားခဲ့သည်။
အာဆင်နယ်နှင့် ဝေလအသင်း တိုက်စစ်မှူးဟောင်း John Hartson ကလည်း Frank Lampardသည် ယခုအခါ ပရီးမီးယားလိဂ် ရာဇဝင် တစ်လျှောက် စတုတ္ထမြောက် သွင်း ဂိုးအများဆုံး ကစားသမားဖြစ်လာ ပြီဖြစ်ကြောင်း၊ မန်ချက်စတာစီးတီး သို့ ပြောင်းရွှေ့ခြင်းအတွက် သက် သေ ကောင်းစွာပြနိုင်ခဲ့ကြောင်း၊ Lampard သည် မန်ချက်စတာစီးတီး အသင်းအတွက် မည်ကာမတ္တ ကစား သမားမဟုတ်ဘဲ ကြီးကျယ်ခမ်းနား သော ကစားသမားဖြစ်ကြောင်း BBC Final Score အစီအစဉ်သို့ ပြော ကြားသွားခဲ့သည်။
ချယ်လ်ဆီးအသင်း၏နောက် တွင် ရမှတ်သုံးမှတ်အကွာမှ ကပ် လိုက်နေသော မန်ချက်စတာစီးတီး အသင်းသည် အရည်အချင်းရှိသူများ ကို ရနိုင်သမျှ အလိုရှိမည်ဖြစ်ရာ Frank Lampard ကို ရာသီကုန်အထိ ဆက်လက်ခေါ်ယူထားနိုင်ဖွယ်ရှိ ကြောင်း၊ ချယ်လ်ဆီးနည်းပြ မော်ရင် ညိုအနေဖြင့် Lampard ကို လက် မလွှတ်သင့်ခဲ့ဟုတွေးတော ကောင်း တွေးတောနေမည်ဖြစ်ကြောင်း John Hartsonက ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းကို ချစ်သော စိတ်က ပြင်းပြသည်နှင့်အတူ Lampard ၏စိတ်တွင် တစ်စုံတစ်ခု သော အကြောင်းအရာတစ်ရပ် ကိန်း အောင်းနေကောင်းနေမည်ဖြစ်ကြောင်း၊ သူ့ကို အသင်းမှ ထွက်ခွာစေခဲ့သည့် ချယ်လ်ဆီး၏ ဆုံးဖြတ်ချက်မှားယွင်း ကြောင်း သက်သေပြသည့်အနေဖြင့် ဂိုးများ ရသလောက်သွင်းရန် စဉ်းစား နေမည်ဖြစ်ကြောင်းလည်း Hartson က ပြောကြားခဲ့သည်။
BBC သတင်းဌာနမှ အားကစား ဝေဖန်သူ Garth Crooks ကလည်း မန်စီးတီး၏ အဓိက ကစားသမား ယာယာတိုရေးမှာ အာဖရိကဖလားပွဲ သွားရောက်ကစားရန် ရှိသည့် အတွက် Lampard သည် မန်စီးတီး အသင်းတွင် ရှိနေသင့်သည်ဖြစ် ကြောင်း၊ ပြီးခဲ့သည့်ရာသီက Lampard ကို မော်ရင်ညို ရောင်း ထုတ်ခဲ့ခြင်းအပေါ် နားလည်ပေးနိုင် သော်လည်း ယခုကဲ့သို့ အဓိက ပြိုင် ဘက်အသင်းကြီးတွင် ပြန်လည် ရောက်ရှိလာမည်ဟု မမျှော်လင့်ခဲ့ မိကြောင်း၊ Frank Lampard ကဲ့သို့ နောက်ခံရာဇဝင်ကောင်း ရှိသူတစ်ဦး ကို လျစ်လျူရှု၍ မရနိုင်ကြောင်း၊ အထူးသဖြင့် ယာယာတိုရေးမရှိမည့် ဇန်နဝါရီ တစ်လတာအတွက် ပို၍ ပင်လိုအပ်ကြောင်း မန်စီးတီးနည်းပြ Manuel Pellegrini သည် အသင်း အတွက် ဂိုးများသွင်းယူပေးနေသော Lampard ကို အလိုရှိလိမ့်မည်ဖြစ် ကြောင်း ပြောကြားသွားခဲ့သည်။
မန်စီးတီးအသင်းနည်းပြ Pellegrini ကလည်း Lampard ကို ဆက်လက်ခေါ်ယူထားနိုင်ရေး အတွက် ဆွေးနွေးမှုမျိုး မရှိသေး သော်လည်း လုပ်ရမည့်အလုပ်ကို မိမိတို့ အတိအကျသိရှိကြောင်း၊ Lampard ကလည်း မန်စီးတီးအသင်း တွင် ဆက်လက်နေလိုပြီး အသင်း ကလည်း အလိုရှိကြောင်း၊ ယခု မိမိ တို့ ဖြေရှင်းရမည်မှာ New York City နှင့် MLS တို့နှင့်သာဖြစ်ကြောင်း၊ Lampard သည် အလွန်အရေးပါသူ ဖြစ်ပြီး ယနေ့ပွဲစဉ်များတွင် Lampard ကစားခွင့်ရနေသည့်အကြောင်း ရင်းများအနက် အကြောင်းရင်းတစ် ချက်မှာ အသင်းအတွက် သွင်းဂိုး များ ရယူပေးနေ၍ပင်ဖြစ်ကြောင်း၊ Lampard သည် မိမိတို့အတွက် ယခု အချိန် အခိုက်အတန့်တွင် လွန်စွာ အသုံးဝင်လျက်ရှိကြောင်း ပြောကြား သွားခဲ့သည်။ အင်္ဂလန်အသင်း၏ တောင်ပံကစားသမားဟောင်း Chris Waddle ကလည်း Lampard သည် တစ်ဖက်ဂိုးစည်းအတွင်းအမြဲရှိနေ ပြီး နှစ်ပေါင်းများစွာပင် ထိုသို့ပြုလုပ်နိုင်ခဲ့သူဖြစ် ကြောင်း၊ ယနေ့ခေတ်တွင် အခွင့် အလမ်းကို မြင်တတ်သည့် အလယ် တန်းကစားသမားကောင်း များစွာ မကျန်ရှိကြောင်း၊ အရည်အချင်း ပြည့်ဝသော ကစားသမားများသည် လိုအပ်သောအခါတိုင်း ယင်းတို့၏ အရည်အသွေးကို ထုတ်ပြနိုင်လေ့ ရှိကြကြောင်းပြောကြားသွားခဲ့သည်။
ပရီးမီးယားလိဂ် ရာဇဝင်တစ် လျှောက် သွင်းဂိုးပေါင်း ၁၇၅ ဂိုး သွင်းယူကာ Thierry Henry နှင့် အတူ စတုတ္ထမြောက် ပရီးမီးယား လိဂ် သွင်းဂိုးအများဆုံး ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့ခြင်းနှင့် စပ် လျဉ်း၍ Lampard က ထိုသို့ ဆောင် ရွက်နိုင်ခဲ့သည့်အတွက် ပျော်ရွှင်မိ ကြောင်း၊ ထိုစံချိန်ကို ရရှိနိုင်မည်ဟု ယခင်က ထင်မထားခဲ့ကြောင်း၊ Thierry Henry ကိုလည်း လေးစား ပါကြောင်း၊ Henry သည် ပရီးမီး ယားလိဂ်၏ အကြီးကျယ်ဆုံး ကစား သမားများအနက်မှ တစ်ဦးဖြစ်ကာ သူ၏အမည်နှင့် မိမိအမည် ယှဉ်တွဲ ဖော်ပြခံရခြင်းမှာ မယုံကြည်နိုင် လောက်စရာပင်ဖြစ်ကြောင်း ပြော ကြားသွားခဲ့သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၃ ရက် စရင်းပိတ်ကိန်း ဂဏန်းများအရ လမ်းဘတ်သည် ၅၅၈ ပွဲတွင် ၁၇၅ ဂိုးကို သွင်းနိုင် ခဲ့သည်။
ဝ၂၇၊
BBC Sport

Leave a Reply

Your email address will not be published.