ကမ္ဘာ့နံပါတ်တစ် Djokovic ကို အနိုင်ယူပြီ Rogers Cup ဗိုလ်လုပွဲသို့ Nadal တက်ရောက်

သြဂုတ် ၁၁
သြဂုတ်လ ၁ဝ ရက်နေ့က ကျင်းပခဲ့သောATP Rogers Cup အကြို ဗိုလ်လုပွဲ၌ ကမ္ဘာ့နံပါတ်တစ်အဆင့်ရှိဆားဘီးယားတင်းနစ်သမားDjokovic ကို ပြိုင်ပွဲတွင် အဆင့်’လေး’ ရှိ စပိန်တင်းနစ်သမားNadal က ပွဲချိန် နှစ်နာရီခွဲခန့်ကြာမြင့်စွာ အကြိတ်အနယ်ယှဉ်ပြိုင်ကာ ၆-၄၊ ၃-၆၊ ၇-၆ (၇/၂) ဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။ Nadal သည် ဗိုလ်လုပွဲစဉ်တွင် ကနေဒါတင်းနစ်သမား Milos Raonic နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
Raonic သည်တစ်နိုင်ငံတည်းသားVaske Pospisil ကို ပွဲကစားချိန် နှစ်နာရီ ဆယ့်ခြောက်မိနစ်အတွင်း ၆-၄၊ ၁-၆၊ ၇-၆(၇/၄) ဖြင့် အနိုင် ယူကာ ဗိုလ်လုပွဲတက်ရောက်ခဲ့ခြင်းဖြစ်သည်။ Raonic သည် ကမ္ဘာ့ထိပ်တန်း တစ်ဆယ်အဆင့်သို့ ပထမဆုံးဝင်ရောက်လာသော ကနေဒါတင်းနစ်သမားလည်း ဖြစ်လာခဲ့သည်။ Djokovic ကို အနိုင်ရရှိခြင်းက ၂ဝ၁၃ ခုနှစ်ကုန်ဆုံးချိန်တွင် ကမ္ဘာ့အဆင့် ‘တစ်’အဖြစ် ရောက်ရှိလိုသည့် Nadal ၏ မျှော်မှန်းချက်ကို အခွင့်အရေးပေးခဲ့ပြီဟု ဆိုနိုင်ပေသည်။ Djokovic ကို အနိုင်ယူရန်မှာ အကောင်းဆုံးကစားနိုင်ရမည့် နည်းလမ်းသာရရှိနိုင်ကြောင်း၊ ထို သို့ကစားနိုင်ရန်မှာ စိတ်ဓာတ်ပြင်းပြရန်လိုကြောင်း ကစားချိန်အတွင်း အရေးပါသောအချိန်များ၌ မှန်ကန်သော ဆုံးဖြတ်ချက်များ ပြုလုပ်နိုင် ခဲ့ကြောင်း စပေးဘောများ တောက်လျှောက်ကောင်းနေခဲ့ကြောင်း၊ နောက်စည်းမှ ရိုက်ချက်များလည်းကောင်းခဲ့ကြောင်း၊ တတ်နိုင်ခဲ့သမျှ နောက်စည်းတွင်သာနေခဲ့ပြီး အခွင့်အရေးရမှသာ ရှေ့စည်းအတွင်း ဝင်ရောက်ခဲ့ကြောင်း Nadal က ပြောကြားသွားခဲ့သည်။
French Open ပွဲစဉ် အကြို ဗိုလ်လုပွဲတွင်လည်းNadal ကို ရှုံးနိမ့်ခဲ့ဖူးသော Djokovic အတွက် ယခုပွဲစဉ်မှာ Nadal အား ဒုတိယအကြိမ်မြောက် ဆက်တိုက်ရှုံးနိမ့်ရခြင်းလည်းဖြစ်သည်။ နှစ်ယောက်စလုံး အခွင့်အရေး အပြန်အလှန် ရရှိခဲ့သော်လည်း အဆုံးသတ်တွင် Nadal ကသာ သွားခဲ့သည်ဟု ထင် မြင်ကြောင်းမိမိတို့နှစ်ယောက် ယှဉ်ပြိုင်သည့်အခါတိုင်း ပရိသတ် အတွက် ပွဲကောင်းတစ်ပွဲ ကြည့်ရှု ကြရကြောင်းDjokovic က ပြော ကြားသွားခဲ့သည်။ ဝ၁၇
Ref: www.foxsport.com

Leave a Reply

Your email address will not be published. Required fields are marked *