မြန်မာနိုင်ငံကိုယ်စားပြု ကြာသပတေးဂြိုဟ် နောက်ပြန်သွားမည့်ဖြစ်စဉ်မှ နိုင်ငံရေးပဲ့တင်သံများ

ဂြိုဟ်၊ နက္ခတ်တို့ လှည့်ပတ်သွား မြဲ၊ မဖောက်လွဲမှု၊ မကွဲမပြား၊ ဥတုများ လည်း၊ သုံးပါးညီညွတ်၊ နှလုံးကြည် လင်၊ ရွှင်သည်မျက်နှာ၊ လူများစွာ လည်း၊ မေတ္တာပွားများ၊ ချစ်သနား၍၊ သားတစ်ယောက်တည်း၊ အမိနည်းသို့ တွေ့လျှင် ချစ်ကြင်၊ မြင်လည်းသနား၊ ကြားလည်းနာလို၊ ဆိုလည်းချစ်ဖွယ်၊ စားလည်း ဝမ်းမြောက်၊ သောက်သည်း ဝမ်းသာအခါလေးမြင့်၊ ချစ်ဖော်တင့်၏ ဟု ဂြိုဟ်၊ နက္ခတ်၊ တာရာ အသွား အလာညီညွတ်ပါက နိုင်ငံသာယာဝ ပြောနိုင်ကြောင်း မဟာတိတ္ထုံကျမ်းတွင် ပြဆိုထားသည်။
မြန်မာနိုင်ငံကိုယ်စားပြု
ဂြိုဟ်၊ တာရာများ
ဟင်္သာတာရာကြည့်၍ မြန်မာ့ နိုင်ငံရေးကို သုံးသပ်နိုင်သကဲ့သို့ ကောင်း ကင်ရှိ ကြာသပတေးဂြိုဟ်၏ အသွား အလာကိုမူတည်၍ မြန်မာနိုင်ငံ၏ ကံ ကြမ္မာကို ဆုံးဖြတ်ရာတွင် အထောက် အကူရတတ်သည်။ လွတ်လပ်ရေး ဇာတာ ဗြိစ္ဆာလဂ်ပိုင်ရှင် အင်္ဂါဂြိုဟ် ဖောက်ပြန်သွားလာသောအခါတွင် မြန် မာ့နိုင်ငံရေးအကျပ်အတည်းများ ဖြစ် တတ်ကြောင်း နက္ခတ္တဝေဒပညာရှင် များက ဖွင့်ဆိုထားကြသည်။
ကြာသပတေးဂြိုဟ် အသွားနှုန်းပြောင်းလဲမည့်ဖြစ်စဉ်
မြန်မာနိုင်ငံ၏ ကံကြမ္မာကို ဆုံး ဖြတ်ရာတွင် အထောက်အကူဖြစ်စေ သည့် ကြာသပတေးဂြိုဟ်သည် ၂၀၁၄ ခု ဒီဇင်ဘာ ၈ ရက်မှ ရက်ပေါင်း ၁၂၀ ကြာ နောက်ပြန်သွားမည်ဖြစ် သည်။ ထိုနောက်ပြန်သွားမည်ဖြစ်စဉ် ကြောင့် မြန်မာ့နိုင်ငံရေးတွင် လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးစိန်ခေါ်မှုများ၊ အကျပ်အတည်းများကို အကောင်းဆုံး အနေဖြင့် အတိုင်းအတာတစ်ခုအထိ အောင်မြင်စွာအကောင်အထည်ဖော် လာနိုင်မည်။
၂၀ဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အလျှော့အတင်းရှိလာနိုင်
ကောင်းကင်ဂြိုဟ် အပြောင်း အလဲ ရွေ့လျားမှုများအရ ဒီဇင်ဘာ ၈ ရက်မှ ဧပြီ ၉ ရက် ၂၀၁၅ အတွင်း ၂၀ဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကဏ္ဍတွင် ပြည်သူလူထုက ပြင်ဆင်ရန်လိုလား သည့် အရေးကြီးပုဒ်မ ၄၃၆ အပါအဝင် ၅၉ (စ)၊ ၄၃ တို့ကဲ့သို့သော ဥပဒေများ ကို ပြင်ဆင်ရေးမှာ တင်းမာမှုအရိပ် အယောင်များမှ အတိုင်းအတာတစ်ခု အထိ ဖြေလျှော့လာနိုင်သည့် နှစ်သိမ့် မည့် ပြယုဂ်များ ဖြစ်ပေါ်လာနိုင်သည်။ ပြည်သူများအတွက် မျှော်လင့်ချက်များ ပေးလာနိုင်သည်။ လွတ်လပ်ရေးဇာတာ ဗြိစ္ဆာလဂ်အရ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်သော ကဏ္ဍများတွင် ပါပ ဂြိုဟ် (အပူဂြိုဟ်) များ ဝိုင်းရံထားမှု ကြောင့် ပါပဂြိုဟ်လွတ်ကင်းမည့် ၂၀၁၆ ခု ဇန်နဝါရီ ၁၃ ရက်အထိ ပြင်ဆင်နိုင်ရန် ကြန့်ကြာနေဦးမည်။
ပြည်တွင်းငြိမ်းချမ်းရေး တိုးတက်မှုရှိလာနိုင်
ကြာသပတေးဂြိုဟ် ဥစ်ရာသီအိမ် တွင် နောက်ပြန်သွားနေသည့် ဒီဇင်ဘာ မှ ၂၀၁၅ ခု ဧပြီအတွင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းများ အခက်အခဲကြားမှ အောင် မြင်မှုများ ရလာနိုင်သည်။ အထူးသဖြင့် ၂၀၁၅ ဖေဖော်ဝါရီ ၁၅ ရက်မှ မတ် ၁၅ ရက် အတွင်း ပြည်တွင်းငြိမ်း ချမ်းရေးဆောင်ရွက်ရာတွင် အဖုအထစ် အကျပ်အတည်းများ ရှိနိုင်သော်လည်း အောင်မြင်မှုရှိနိုင်ကြောင်းကြာသပတေး ဂြိုဟ်မှ နိမိတ်ပြဆိုထားသည်။
နှောင့်နှေးကြန့်ကြာနေဦးမည့် နိုင်ငံရေးစားပွဲဝိုင်းဆွေးနွေးမှုများ
မြန်မာနိုင်ငံအတွင်း စည်းလုံးညီ ညွတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့သည် နိုင်ငံ့ ခေါင်းဆောင်အကြီးအကဲများ၏ စစ်မှန် သောစေတနာ၊ တာဝန်ယူမှုနှင့် အတူ တကွညှိနှိုင်းတိုင်ပင်ဆောင်ရွက်ရန် အချိန်ကျရောက်နေကြောင်း မြန်မာနိုင်ငံ ကိုယ်စားပြုသည့် ကြာသပတေးဂြိုဟ်မှ အသိပေးနေပြီဖြစ်သည်။ အတိသောမ ဂြိုဟ် ကြာသပတေးဂြိုဟ်သည် ၂၀၁၅ ဒီဇင်ဘာမှ ဧပြီအတွင်း နောက် ပြန်သွားလာမှုကြောင့် မြန်မာနိုင်ငံရေး အကျပ်အတည်းများကို ပွင့်လင်းမြင် သာမှုများဖြင့် ပြန်လှန်ဆွေးနွေးနိုင်မည့် နိုင်ငံတော်အကြီးအကဲများ၊ ပြည်သူ့ လွှတ်တော်၊ တပ်မတော်အကြီးအကဲ ပါဝင်သည့် ကြီးခြောက်ကြီး ဆွေးနွေး ပွဲမှာ မျှော်မှန်းသကဲ့သို့ အောင်မြင်စွာ ဖြစ်ပေါ်နိုင်ရန်ခဲယဉ်းပြီး နှောင့်နှေး ကြန့်ကြာနိုင်သည်။ ထိရောက်သော နိုင်ငံရေးစားပွဲဝိုင်းဆွေးနွေးမှုများသည် ၂၀၁၅ ဧပြီမှ ဇူလိုင်အတွင်းတွင်သာ ဖြစ်ပေါ်လာနိုင်သည်။ အထူးသဖြင့် ၂၀၁၅ ဇွန် ၁၅ ရက်မှ ဇူလိုင် ၁၅ ရက်အတွင်း ဖြစ်နိုင်သည်။
အသွင်ကူးပြောင်းရေးအတွက် အရေးကြီးသည့် ၂၀၁၅ ခု
၂၀၁၅ ခုနှစ်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နိုင်ငံရေးယှဉ်ပြိုင်မှု၊ အား ပြိုင်မှုများ ပိုမိုပြင်းထန်လာနိုင်သည့် နိုင်ငံရေးအသွင် ကူးပြောင်းရေးတွင် အရေးကြီးသော နှစ်ဖြစ်ကြောင်း လွတ် လပ်ရေးဇာတာ၏ ထူလ၊ အန္တရဒသာ များအရ ပြဆိုထားပြီးဖြစ်သည်။ မည် သို့သော နိုင်ငံရေးအားပြိုင်မှုများ ရှိစေ ကာမူ စက်တင်ဘာ ၁၂ ရက် ၂၀၁၅ ခုနှစ် နောက်ပိုင်းကာလသည် အင်္ဂါ ဂြိုဟ်လွှမ်းမိုးမည့် အင်အားအကြီးဆုံး ကာလဖြစ်သောကြောင့် တပ်မတော်မှ သြဇာအာဏာများ ပိုမိုကြီးထွားလာနိုင် ပြီး ၂၀၁၅ ခု အထွေထွေရွေးကောက်ပွဲ သည် နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးအတွက် အဓိကကျသော အလှည့်အပြောင်းတစ်ခုဖြစ်လာနိုင်သည်။
နက္ခတ္တဝေဒပညာရပ်ဖြင့် ကံကြမ္မာတစ်ခုကို စီရင်ဆုံးဖြတ်ရန်၊ ပြောင်းလဲပြုပြင်ရန် သြဇာအာဏာ တစိုးတစိမျှမရှိပါ။ အနာဂတ်ကာလ၏ ဖြစ်နိုင်ခြေကိုသာ အသိပေးခြင်းနှင့် အကူအညီပေးခြင်းသာဖြစ်ပါသည်။

ဆရာဝဏ္ဏ (ဝေဒ)
B.Sc (Maths), H.G.P
မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့

Leave a Reply

Your email address will not be published.