ဂြိုဟ်အမြင်အယှဉ်များကြောင့် ပြောင်းလဲလာနိုင်သည့် မြန်မာ့နိုင်ငံရေးပဲ့တင်သံများ

စကြဝဠာအတွင်း အင်္ဂါဂြိုဟ် သည် ထူးခြားသောခွန်အား၊ စွမ်း အား(အပြုစွမ်းအား)နှင့် ပဋိပက္ခပြု မှု၊ ရန်လိုတတ်မှု၊ အငြင်းပွား၍ ပြဿနာများဖန်တီးမှု(အပျက်စွမ်း အား)ကို ပိုင်ဆိုင်ထားသောဂြိုဟ် တစ်လုံးဖြစ်သည်။ တခြားသော ဂြိုဟ်များနှင့် အမြင်အယှဉ်ရှိလျှင် မြင်ယှဉ်နေသောကာလအတွင်း သက်ဆိုင်ရာနိုင်ငံများ၏ နိုင်ငံရေး ဇာတ်ခုံကို အကြီးအကျယ်အပြောင်း အလဲဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ ဆော်လေ့ရှိသော ဂြိုဟ်တစ်လုံး လည်းဖြစ်သည်။ နက္ခတ္တဝေဒပညာ ရှင်များ အထူးပြု၍ စောင့်ကြည့်ရ သည့်ဂြိုဟ်ဖြစ်ပြီး မြန်မာနိုင်ငံ အတွက် အလေးထားရမည့်ဂြိုဟ် တစ်လုံးဖြစ်သည်။
အင်္ဂါဂြိုဟ်အပြောင်းအလဲနှင့် မြန်မာ့နိုင်ငံရေးဖြစ်စဉ်
၂၀၁၄ ခု နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့မွန်းလွဲ ၁ နာရီ ၃၃ မိနစ် ၄၈ စက္ကန့်အချိန်တွင် အင်္ဂါ ဂြိုဟ်သည် ဥစ်အိမ်မကာရရာသီသို့ ရောက်ရှိတော့မည်။ မြေရာသီအိမ်ရှိ အင်္ဂါဂြိုဟ်နှင့်စနေဂြိုဟ်(ဒီမိုကရေစီ၊ ပြည်သူလူထုဂြိုဟ်)တို့ ပရိဝတ္ထန အိမ်ချင်းလဲလှယ်ကာ အဂ္ဂနိမာရုတ ယောဂ(မီးဓာတ်နှင့်လေဓာတ်တို့တွေ့ ဆုံမည့်ရာဇယုဂ်)ကို ဖြစ်ပေါ်မည်။ ကောင်းကင်က ပြဆိုသည့်နိမိတ်များ ကြောင့် မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ ထူးခြားမှုရှိလာမည်။
နိုင်ငံတော်အစိုးရအနေဖြင့် လေးနှစ်သက်တမ်းသို့ ချင်းနင်းဝင် ရောက်လာချိန်အထိ နိုင်ငံရေးစိန်ခေါ် မှုများ၊ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အကျပ်အတည်းများကို (၂၀၁၄ ခု ဒီဇင်ဘာမှ ၂၀၁၅ ဧပြီလအတွင်း) အတိုင်းအတာတစ်ခုအထိ ရုန်း ထွက်လာစေရန် ကြိုးစားဆောင်ရွက် လာနိုင်မည်ဖြစ်ကြောင်းကို ကောင်း ကင်နိမိတ်များက ပြဆိုထားသည်။
၂၀၁၆ ဇန်နဝါရီ နောက်ပိုင်းကာလတွင်သာ ပြင်ဆင်လာနိုင်မည့် ဖွဲ့စည်းပုံ
ပြည်သူလူထုမှ ပြင်ဆင်ရန် လို လားနေသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ-၄၃၆၊ ပုဒ်မ-၅၉(စ) မှာ ကောင်းကင်ဂြိုဟ်နက္ခတ်များ၏ နိမိတ်ပုံများအရ ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့်အချက်များ ပြင်ဆင် ရန် လွန်စွာအားနည်းနေပြီး ၂၀၁၆ ခု ဇန်နဝါရီနောက်ပိုင်းကာလမှသာ ပြင်ဆင်နိုင်မည်ဖြစ်သည်။ ပြည်သူ များအနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို နိုင်ငံရေး အကျပ်အတည်းတစ်ခုအသွင်ဆောင် သည့် မင်းမဲ့စရိုက်ဆန်သော ဆန္ဒ ထုတ်ဖော်မှုများပြုလုပ်ပါက မလို လားအပ်သောအကျိုးဆက်များ ဖြစ် ပေါ်နိုင်သည်။ အထူးသဖြင့် ၂၀၁၅ ခု ဧပြီလဝန်းကျင်တွင် သတိပြုရန် လိုအပ်သည်။
တပ်မတော်နှင့် ရဲတပ်ဖွဲ့များ အရေးပါလာနိုင်သည့် ရာဇယုဂ်
အဂ္ဂနိမာရုတယောဂ(ရာဇ ယုဂ်)ရသည့် ၂၀၁၄ ခု ဒီဇင်ဘာလ တွင် ဗြိစ္ဆာလဂ်ပိုင်ရှင် မြန်မာနိုင်ငံ ၏နိုင်ငံရေးတွင် မြန်မာ့တပ်မတော် ၏အခန်းကဏ္ဍများ ပိုမိုအရေးပါလာ နိုင်သည်။ အကြမ်းဖက်တိုက်ခိုက် မှုများ ဖြစ်ပွားနိုင်သော အန္တရာယ် မြင့်မားလာသောနိုင်ငံစာရင်းတွင် ပါဝင်နေသည့် မြန်မာနိုင်ငံအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ခေတ်မီ ဆက်သွယ်ရေးနည်းပညာရပ်များ၊ လက်နက်များဖြင့် အများပြည်သူလုံ ခြုံရေးနှင့်အေး ချမ်းတည်ငြိမ်မှုကို ပိုမိုပီပြင်စွာကိုင်တွယ်ထိန်းသိမ်းလာ နိုင်လိမ့်မည်။
သတင်းမီဒီယာလောကအတွက် သတင်းထူးများ ထွက်ပေါ်လာနိုင်
ယနေ့ခေတ်တွင် သတင်းမီဒီ ယာသည် စတုတ္ထမဏ္ဍိုင်အနေဖြင့် ပြည်သူများကိုအကျိုးပြုခွင့်အထိုက် အလျောက်ရလာပြီဖြစ်သည်။ ကောင်းကင်နိမိတ်ပုံများအရ ဒီဇင် ဘာလအတွင်း သတင်းမီဒီယာလော ကအတွက် နိုင်ငံတော်အစိုးရမှ ထူး ခြားသောပံ့ပိုးကူညီမှုများ၊ စာနယ် ဇင်းဖြန့်ချိ၊ ထုတ်ဝေ၊ ရေးသားခွင့် ဆိုင်ရာမူဝါဒများ၊ ပြဋ္ဌာန်းချက်များ အသစ်ထွက်ပေါ်လာနိုင်သည်။ နိုင်ငံ တော်အစိုးရအကြီးအကဲများနှင့် သတင်းမီဒီယာလောကသားများ ပို မိုနွေးထွေးမှု၊ ပွင့်လင်းမြင်သာမှု များရရှိလာနိုင်သည်။
အိမ်ခြံမြေဈေးကွက် တက်ရိပ်သို့ ဦးတည်နိုင်
လယ်ယာ၊ မြေ၊ ခြံ၏ အဓိက ဇာတ်ဆောင်ဂြိုဟ်၊ အင်္ဂါနှင့်စနေ ဂြိုဟ်တို့ ကောင်းကင်တွင် ထူးခြား သောအမြင်အယှဉ်များကြောင့် အိမ် ခြံမြေ၊ လယ်ယာမြေဈေးကွက်များ ဒီဇင်ဘာလအတွင်း တက်ရိပ်သို့ ဦးတည်လာနိုင်သည်။ သိမ်းဆည်းခံ လယ်ယာမြေများ၊ ဘိုးဘွားပိုင်မြေ များပိုင်ဆိုင်ခဲ့သည့်ပိုင်ရှင်များအတွက် သတင်းကောင်းများကြားရနိုင်သည်။
ကားဈေးကွက်ထိခိုက်နိုင်သည့် ဒီဇင်ဘာ
ဒီဇင်ဘာလတွင် လွတ်လပ်ရေး ဇာတာ၊ ဗြိစ္ဆာလဂ်ပိုင်ရှင်မြန်မာနိုင်ငံ အတွင်း အခွန်အခပြောင်းလဲမှုနှင့် ငွေကြေးဈေးကွက်များကြောင့် ပြည် တွင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း များ အထိုက်အလျောက်ထိခိုက်လာ နိုင်သည့်အပြင် ကားဈေးကွက်ကိုပါ ထိခိုက်လာနိုင်သည်။ သယ်ယူပို့ ဆောင်ရေးကဏ္ဍနှင့်ပတ်သက်သည့် ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲများ ဖြစ်ပေါ် လာနိုင်သည်။ ကောင်းကင်ဂြိုဟ်၊ နက္ခတ်များကို တွက်ချက်ပြီး ရှု ထောင့်အမျိုးမျိုးမှ ဝေဖန်ဆန်းစစ် သည့်တိုင် ရာနှုန်းပြည့်တိကျမှန် ကန်သော အဖြေမပေးနိုင်သည်မှာ နက္ခတ္တဗေဒပညာရပ်၏ သဘာဝပင် ဖြစ်သည်။ အနာဂတ်ကာလကို ခန့်မှန်းပြောဆိုခြင်းသည် အလွန်ခဲ ယဉ်းသောအရာသာဖြစ်ပေသည်
ဆရာဝဏ္ဏ(ဝေဒ)၊
B.Sc(Maths),H.G.P
မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့

Leave a Reply

Your email address will not be published.