ဈေးပေါတဲ့နိုင်ငံ

(က)
ဒီတစ်ခေါက်တော့ ကျွန်တော်တို့သင်္ဘောက ရန်ကုန်ကို
လာဖို့ဖြစ်လာပါတယ်။ စင်္ကာပူ-ရန်ကုန်ပုံမှန်ပြေးနေရာက
လွန်ခဲ့တဲ့ ၄ လကစပြီး စင်္ကာပူ-အင်ဒိုနီးရှားကိုပဲ ဆက်တိုက်သွားဖြစ်နေပါတယ်။ အခုလည်း အင်ဒိုနီးရှားလို့ သေချာပြီးခါမှ
ရန်ကုန်သွားဖို့ ကုမ္ပဏီက အချိန်ကပ်ပြီး ညွှန်ကြားခဲ့တာပါ။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ပျော်နေကြပါတယ်။ နာရီပိုင်းလောက်ပဲဖြစ်ဖြစ် မိသားစုနဲ့ပြန်တွေ့ရမယ်။ မြန်မာအစားအသောက်တွေ၊ စာအုပ်တွေ အားရပါးရ ပြန်ဝယ်တင်ကြမယ်ပေါ့။ အနည်းဆုံးတော့
ကိုယ့်ရေကိုယ့်မြေကို ခဏတဖြုတ် ပြန်နင်းခွင့်ရဦးမှာပေါ့။ကျွန်တော်တို့တင်မက တရုတ်သင်္ဘောသားတွေပါ အူမြူးပျော်ရွှင်နေကြတာ ဟာ ထူးခြားနေပါတယ်။ ကျွန်တော်တို့မြန်မာတွေ ပျော်ရွှင်နေတာ သဘာဝကျပေမယ့် ဒီတရုတ်တွေ အူမြူးနေတာက သဘာဝမှမဟုတ်ဘဲ။ သူတို့မိသားစုလည်း ရန်ကုန်မှာ မရှိ။ မြန်မာအစားအသောက်တွေကို ကြိုက်လွန်းလို့လည်းမဟုတ်။ မြန်မာ့မြေ၊ မြန်မာ့ရေကို မြတ်နိုးလွန်းလို့လား။ ဒါတော့ လုံးဝမဖြစ်နိုင်။ ဒါဆို ရန်ကုန်ကို သင်္ဘောဝင်တာနဲ့ ဒီတရုတ်တွေ ဖုံးမရ ဖိမရ အူမြူးနေကြတာ ဘာကြောင့်လဲ။ ဒီမေးခွန်းအတွက်
အဖြေရဖို့ မခက်ခဲပါဘူး။ သူတို့ဘာသာ ဖြေဆိုပြီးသားပါ။
]]ရန်ကုန်မှာ လိင်ပျော်ပါးခ ဈေးပေါလို့}}တဲ့။ သူတို့ရဲ့ ရန်ကုန်လာချင်ရခြင်းအကြောင်းပြချက်က ကျွန်တော့်အတွေးထဲ ဂယက်တော်တော်ထçသွားပါတယ်။ တချို့တရုတ်သင်္ဘောသားတွေက
ရန်ကုန်ဆိပ်ကမ်းကို ရောက်ဖူးကြတာမို့
ရန်ကုန်မရောက်ဘူးတဲ့ သူတို့တရုတ်တွေအပြင် တခြားနိုင်ငံသားတွေကိုပါ
မောင်းလိုက်ထုပါတော့တယ်။ ]]ရန်ကုန်မှာ ကောင်မလေးတွေ
ဈေးသိပ်ပေါတယ်}}တဲ့။ ဈေးပေါတယ်ဆိုတဲ့စကားဟာ ကျွန်တော်တို့လို ဝယ်ယူစားသုံးသူလူတန်းစားအတွက် နားဝင်ချိုစရာပါ။
ဒါပေမဲ့ အခု ဒီတရုတ်တွေပြောနေတဲ့
]]ရန်ကုန်က ကောင်မလေးတွေ ဈေးပေါတယ်}}ဆိုတဲ့ စကားဟာ ကျွန်တော့်နားထဲ ဝေဒနာ အစိမ်းသက်သက်ကြီးအတိုင်း ကြားနေရတာပါ။ ညဘက် ဂျူတီယူချိန်မှာ ကျွန်တော်နဲ့ ဂျူတီအတူယူရတဲ့ တရုတ်တစ်ယောက်က ထပ်ပြောလာပါတယ်။ ဒီစကားပါပဲ။ ရန်ကုန်က ကောင်မလေးတွေ ဈေးပေါတယ်တဲ့။ ကျွန်တော်လည်း လွှတ်ခနဲထွက်သွားတဲ့
ဒေါသနဲ့ ခပ်ပြင်းပြင်း တုံ့ပြန်မိလိုက်တယ်။
(ခ)
]]ရန်ကုန်မှာ လိင်ပျော်ပါးခ ဈေးပေါတယ်}}ဆိုတဲ့ ကာမဂုဏ်သမားတွေရဲ့စကားကို
ဒီလောက်စာဖွဲ့နေစရာမလိုပါဘူးလို့ ပြောချင်ပြောကြလိမ့်မယ်။
တခြားမြန်မာတွေလိုပဲ ]]အေး ဟုတ်တယ်ကွ}}လို့ ဖြစ်ဖြစ်၊ မသိကျိုးကျွန်မထူးဆန်းသလိုဖြစ်ဖြစ် ကျွန်တော်လည်း ငြိမ်နေသင့်တယ်လို့ ထင်ချင်ထင်ကြလိမ့်မယ်။ ဒါပေမဲ့ ဒီနိုင်ငံခြားသားတွေရဲ့ နှုတ်ထွက်စကားထဲမှာ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့လူမျိုးတွေရဲ့
ပုံရိပ်နဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ထင်းထင်းကြီး မြင်နေရလေတော့ ကျွန်တော့်အတွေးဟာ ခန္တီတရားထဲမှာ ငြိမ်ထိုင်နေလို့ မရတော့ပါဘူး။
ရေကြည်ရာမြက်နုရာကို ပြောင်းရွှေ့ကြတယ်ဆိုတာ အခုခေတ်မှာ
စခဲ့တာ မဟုတ်ပါဘူး။ သမိုင်းဦးဘုံမြေစနစ်ကတည်းက ရှိခဲ့တာပါ။ ပြီးတော့ အသိÓဏ် မြင့်တဲ့လူသားတွေမှ မဟုတ်ပါ။ သက်ရှိတိရစ္ဆာန်တွေတောင် သဘာဝအလျောက် အလိုလိုနားလည်မှုနဲ့ အသက်ရှင်ရေးအတွက် ရုန်းကန်ခြင်းလှုပ်ရှားမှုပါပဲ။ လူသားတွေ ရေကြည်ရာမြက်နုရာကို ပြောင်းရွှေ့သွားကြတာ စာအုပ်တွေထဲ
ဖတ်ဖူးခဲ့ပါတယ်။ ရုပ်ရှင်တွေထဲ ကြည့်ခဲ့ဖူးတယ်။ သတင်းတွေထဲ ကြားခဲ့ဖူးပါတယ်။ သိမှတ်စိတ်နဲ့ပဲ နားလည်ခဲ့တယ်။ ဒါပေမဲ့
အခုလိုအချိန်ကာလတွေမှာတော့ ရေကြည်ရာ မြက်နုရာဆိုတဲ့စကားလုံး အဓိပ္ပာယ် ကို သိမှတ်စိတ်နဲ့သာမက နှလုံးသားနဲ့ပါ မြင်တွေ့လာရတာပါပဲ။လေယာဉ်နဲ့ပဲ သွားသွား၊ တောလမ်းကပဲ ခိုးထွက်ခိုးထွက်၊ သင်္ဘောသားပဲ လုပ်လုပ် ဒါတွေဟာ ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့သွားကြတာပါလားလို့ နားလည်လာပါတယ်။
အရွယ်ကောင်း လူငယ် ကျား/မ တွေ ရေကြည်ရာ မြက်နုရာအရပ်တွေဆီ တဖြုတ်ဖြုတ်ထွက်ခွာသွားကြတယ်။ ရေကြည်သောက်ရနိုးနိုး၊ မြက်နုဝါးရနိုးနိုး နဲ့ တချို့လည်း တရားဝင်လမ်းက သွားကြ၊ တချို့လည်း တရားမဝင်လမ်းက သွားကြ။ ဘယ်လမ်းက သွားသွားပါ တူညီတာတွကတော့ ငွေခင်းပြီး သွားရ တဲ့လမ်းတွေပါပဲ။ မလေးရှား၊ ထိုင်း၊ စင်္ကာပူနဲ့ တရုတ်နိုင်ငံတွေက အသွားအများ ဆုံးပါပဲ။ (ကျောင်းတက်ဖို့ သွားကြတဲ့သူတွေကို ြွခင်းချက်ထားပါရစေ။)ရွာတွေ မှာလယ်ယာလုပ်သားလိုအပ်ချက်တွေ ခုန်တက်လာတာက သက်သေပါ။ ရွာတွေ ရဲ့ သာရေးနာရေးတွေမှာ စည်ကားလှတယ် မဟုတ်တော့ဘဲ နည်းနည်းနဲ့ ကျဲကျဲ ဝိုင်းလာရပါတယ်။
ဒီအခါမှာ တကယ်ပဲ ရေကြည်သောက်ကြရရဲ့လား၊ တကယ်ပဲ မြက်နုတွေ့ ခဲ့ကြရဲ့လားလို့ မေးခွန်းတွေပေါ်လာပါတယ်။ တစ်နည်းအားဖြင့် အလုပ်သမား အခွင့်အရေး၊ လူသားအခွင့်အရေးနဲ့ လုပ်အားခတွေ တန်းတူရကြပါသလားဆိုတဲ့ မေးခွန်းတွေပါပဲ။
မြန်မာပြည်က ထွက်စဉ်ကတော့ လစာဘယ်လောက်၊ တစ်နှစ်ဘယ်လောက် ပြန်လာရင်ဘယ်လိုဆိုတဲ့ အိပ်မက်တွေနဲ့ပါ။ ဟိုနိုင်ငံရောက်လို့ အလုပ်ဝင်မှ ရန်ကုန်က အေးဂျင့်က ၆ လစာကြိုဖြတ်ထားတာတွေဟာ ရိုးနေပါပြီ။ ထိုင်းနိုင်ငံ က ငါးဖမ်းစက်လှေတွေ၊ အလုပ်ရုံ၊ စက်ရုံတွေမှာ တားမြစ်ဆေးတန်ခိုးတွေနဲ့ အလုပ်အကျွေးပြုနေရတဲ့ မြန်မာအလုပ်သမားတွေ ဇာတ်လမ်းက အပ်ကြောင်း ထပ်နေပါပြီ။
တချို့ပြည်တော်ပြန်တွေ ပြောလေ့ရှိကြပါတယ်။ ]]သူဌေးက မြန်မာတွေဆို အရမ်းသဘောကျတာ}}တဲ့။ သဘောကျရခြင်းအကျိုးတရားမှာ ရင်နာစရာ အကြောင်းတရားရှိနေတာကို သူတို့မသိလို့ပါ။ ကုန်ထုတ်လုပ်မှုလုပ်ငန်းရှင်ဟာ ကုန်ထုတ်လုပ်မှုစရိတ်ကို အနည်းဆုံးပမာဏနဲ့ ထုတ်လုပ်ချင်ကြတာထုံးစံပါ။ ဒီတော့ ကောင်းကောင်းခိုင်းလို့ရပြီး လုပ်ခနည်းနည်းပဲ ပေးရတဲ့အလုပ်သမားတွေ ကို သူတို့အကြိုက်ဆုံးပါပဲ။
စာနယ်ဇင်းတွေမှာ သတင်းလိုလို၊ ကြော်ငြာလိုလို မကြာမကြာ
ဖတ်ရတတ်ပါတယ်။ ဘယ်နိုင်ငံကဖြင့် မြန်မာအလုပ်သမားအရေအတွက် ဘယ်လောက်လိုချင်တယ် စတဲ့ သတင်းတွေပါ။ ရေနောက်၊
မြက်ခြောက်အရပ်မှာ မျှော်လင့်ချက် အသက်ငင်နေတဲ့ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းကြီးလို့ မြင်နိုင်ပါတယ်။
ဒါပေမဲ့ သေချာပြန်တွေးကြည့်တော့ တစ်ချိန်က အမေရိကန်နိုင်ငံမှာ ထွန်းကားခဲ့တဲ့ ကျွန်စနစ်နဲ့ သိပ်မကွာလှပါဘူး။ ခိုင်းတာလုပ်၊
ကျွေးတာ စား၊ ထားရာနေ၊ ပြန်မပြောတဲ့ ပြဿနာပြန်မလုပ်တတ်တဲ့ လူသားတွေဟာ အကောင်းဆုံးအလုပ်သမားတွေပါပဲ။ သင်္ဘောသားလောကမှာ မြန်မာသင်္ဘောသားတွေဟာ ခိုင်းလို့အကောင်းဆုံး အလုပ်သမားတွေထဲမှ ပါပါတယ်။ တချို့နိုင်ငံခြားသားတွေ ပြောဖူးကြတယ်။ မြန်မာတွေနဲ့ အလုပ်လုပ်ရတာ ကောင်းတယ်။ ပြဿနာမရှာတတ်ကြဘူးတဲ့။ အခုလက်ရှိ မြန်မာသင်္ဘောသားလောကမှာ လစာအမေရိကန်ဒေါ်လာ ၂၀ဝ အောက်နဲ့ အလုပ်လုပ်နေကြတဲ့သူတွေတောင် ရှိနေပါသေးတယ်။ မြန်မာအလုပ်သမားတွေရဲ့ အကာအကွယ်မဲ့မှုနဲ့ အလုပ်အကိုင်လိုအပ်ချက်တွေကို အခွင့်ကောင်းယူပြီး ပြည်တွင်းရဲ့ ဝန်ဆောင်မှုကုမ္ပဏီတွေက မတန်တဆဝန်ဆောင်ခတွေနဲ့
စေလွှတ်ကြသလို ပြည်ပလုပ်ငန်းရှင်တွေဘက်ကလည်း အနိမ့်ဆုံးလစာငွေနဲ့ ခိုင်းစေကြပါတယ်။ တကယ်တော့ ဒါဟာ လူ့စွမ်းအားအရင်းအမြစ် နိမ့်ကျမှုဖြစ်ကြောင်း လက်ညှိုးထိုးပြလေ့ရှိပေမယ့် မြန်မာအလုပ်သမားတွေနောက်မှာ ဘာကျောထောက်နောက်ခံမှ ရှိမနေတာ။ ဘာဥပဒေကမှ ဝန်းရံမပေးနိုင်တာဟာ အဓိကပျော့ကွက်တစ်ခုပါပဲ။ ဖိလစ်ပိုင်နိုင်ငံရဲ့ အမျိုးသမီးသမ္မတတစ်ယောက်ဟာ ဖိလစ်ပိုင်လူမျိုး အိမ်အကူတစ်ယောက်ရဲ့ ပြဿနာကို ဖြေရှင်းဖို့ အမေရိကန်နိုင်ငံအထိ ကိုယ်တိုင်သွားရောက်ခဲ့ဖူးပါတယ်။ မလေးရှားမှာ
မြန်မာအလုပ်သမားတချို့ အကြမ်းဖက် အသတ်ခံရတာတွေ၊
ထိုင်းမှာ မြန်မာတစ်ယောက်ရဲ့ အသက်ဟာ ခွေးတစ်ကောင်လောက်တောင် တန်ဖိုးအထားမခံရမှုတွေအတွက် ထိရောက်ကျေနပ်စရာအဖြေတွေ ဘာတစ်ခုမျှ ထွက်မလာခဲ့ပါဘူး။ ဈေးပေါပေါနဲ့ ဝယ်ထားတဲ့ ပစ္စည်းဆိုရင် တန်ဖိုးမထားတတ်ကြပါဘူး။ ပျက်စီးဆုံးရှုံးသွားရင်လည်း ဈေးပေါပေါနဲ့ပဲ ပြန်ဝယ်နိုင်တယ်ဆိုတဲ့အသိက ရှိနေတာပဲ။ ဒီတော့ ဈေးပေါပေါနဲ့ ခိုင်းစေလို့ရတဲ့ အလုပ်သမား(လူသား)ကိုလည်း ဘယ်သူ၊ ဘယ်နိုင်ငံကမှ တန်ဖိုးမထားနိုင်ပါဘူး။
(ဂ)
ပြန်တွေးကြည့်တော့ ကျွန်တော်တို့နိုင်ငံမှာ လူသားတွေသာ ဈေးပေါတာ မဟုတ်ဘဲ ရေမြေတောတောင် သဘာဝသယံဇာတတွေ အကုန်လုံး ဈေးပေါတာကို တွေ့ရပါတယ်။ ကျွန်းသစ်တန်ပေါင်များစွာအတွက် ယွမ်ငွေအတုနဲ့လည်း ပေးဝယ်နိုင်ပါတယ်။ စံပယ်တောင်၊ ကြေးနီတောင်နဲ့ ရိုးမကြီးတွေပါ ဈေးပေါပေါနဲ့ ချရောင်းခဲ့ကြတာပဲ။ မိန်းကလေးတွေကိုလည်း ဇနီးမယားအဖြစ် ပေါင်းသင်းဖို့
ဈေးပေါပေါနဲ့ ရောင်းချကြတာပဲ။ နောက်ဆုံး၊ တစ်နိုင်ငံလုံးရဲ့ ပင်မသွေးကြောကြီးဖြစ်တဲ့ ဧရာဝတီကိုတောင် ဈေးပေါပေါနဲ့
ချရောင်းဖို့ ကြိုးစားနေတာပဲ။ ဒီတော့ ရန်ကုန်မြို့မှာ လိင်ပျော်ပါးခ ဈေးသိပ်ပေါတာပဲဆိုတဲ့စကားကို ကျွန်တော် မနာသင့်ပါဘူး။ ဒါပေမဲ့ ကျွန်တော်အတွေးထဲမှာ ကုန်စိမ်းတန်းက ဈေးသည်တွေရဲ့
အော်ဟစ်ဈေးရောင်းချနေသံကို ပြန်ပြန်သတိရနေတာပါပဲ။ ကန်စွန်းရွက်စည်းတွေ၊ ချဉ်ပေါင်ရွက်စည်းတွေ မြှောက်မြှောက်ပြီး ]]ဈေးပေါတယ်ဟေ့ ဈေးပေါတယ်}}တဲ့။
(ဃ)
ဟုတ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့နိုင်ငံမှာ ချမ်းသာခြင်း၊
ကျန်းမာခြင်းနဲ့ တရားမျှတမှုကလွဲရင် အရာအားလုံးကို
ဈေးပေါပေါနဲ့ ဝယ်ယူသုံးစွဲနိုင်ပါတယ်။
ရဲမြတ်စွာ

Leave a Reply

Your email address will not be published. Required fields are marked *