]နိုင်ငံရေးသမားဆိုတာ ထောင်ချခံရရင် သစ်သားလို ပြာဖြစ်သွားမလား၊ သံမဏိလို ပြန်ထွက်လာမလား တိကျပြတ်သားစေချင်တယ်}}ဆိုတဲ့ ကိုသန်းနိုင်(တောင်တွင်းကြီး)

သူ့ဟန်ပန်က နိုင်ငံရေးလောကဓံ အပါးဝနေသည်။ စကားပြောသည့်အခါ တိကျပြတ်သားစွာ ပြောတတ်သည်။ ငယ်စဉ်ဘဝကပင် ခေတ်ဆိုးစနစ်ဆိုး၏ ဒုက္ခမျိုးစုံကို ဝန်ထမ်းသားသမီးဘဝဖြင့် ကြုံတွေ့ခဲ့ရသည်။ ထို့ပြင် ဖခင်ကျောင်း ဆရာဆီမှ နိုင်ငံရေးအသိတရားများကို လက်ဆင့်ကမ်းရရှိခဲ့ပြီး စာအုပ်များ၏ အကျိုးကျေးဇူးများကို နားလည်ခဲ့သည်။ ၈၈ ကာလတွင် တောင်တွင်းကြီး နိုင်ငံရေးကို သူငယ်ချင်းများနှင့် စတင်ခဲ့သည်။ ဤသည်မှာ သူ့ဘဝ၏ အပြောင်း အလဲအစပင်။ ငယ်စဉ်က မာကျောပြင်းထန်သော နိုင်ငံရေးခံယူချက်ဖြင့် အကျဉ်း ကျခံနေစဉ်ကာလများ၌ ကြီးမားရက်စက်သော နှိပ်စက်ညှဉ်းပန်းမှုများကို ကြုံတွေ့ရသည်။ သေလူအဖြစ် သတ်မှတ်ခံရသည်။ ထိုရက်စက်ညှဉ်းပန်းမှုများ ခံနေရစဉ်ကာလအတွင်း သူ့ကိုယ်သူ သံမဏိဖြစ်အောင် မွေးမြူသည်။ ရန်သူကို လက်စားချေရန် အသက်ရှင်သန်ရမည်ဟု ဆုံးဖြတ်ကာ မီးလျှံကြားမှ ပြန်ရုန်းထခဲ့ သည်။ ယနေ့တိုင် စစ်အာဏာရှင်အသွင်ပြောင်း အစိုးရ၏ အထူးစောင့်ကြည့်ခံရသူ အဖြစ် ရှိနေဆဲ။ သူဖြတ်သန်းခဲ့သော နိုင်ငံရေးအတွေ့အကြုံများထဲမှ နိုင်ငံရေး ဖြတ်သန်းမှုတချို့ကို ဖော်ပြလိုက်ပါသည်။
]]ကျွန်တော် တောထဲက ပြန်လာတော့ ပြည်တွင်းမှာလည်း အချင်းချင်း ချိတ်ဆက်ထားခဲ့ပြီးသားပါ။ ကျွန်တော့်သူငယ်ချင်းက အောင်မျိုးလွင်လို့ ခေါ် တယ်။ ကျွန်တော် တောထဲကို ထွက်သွားတဲ့အချိန်မှာ ကျွန်တော့်သူငယ်ချင်း မြင့်နိုင်က အဖမ်းခံရတယ်။ ၁၉၈၉ မှာ သူက ဘယ်သူ့ကိုမှမဖော်ပါဘူး။ တစ်ယောက်တည်းခံတယ်။ ကျွန်တော်က အဲဒီအချိန်မှာ ပြန်ဝင်လာတာ။ ကျွန်တော်မသွားခင်က သူငယ်ချင်းဖြစ်တဲ့ ကိုမောင်မောင်ဝမ်းကို စာတစ်စောင် ပေးတယ်။ တောင်ကြီးရောက်ရင် ဝင်ပေးဖို့ လူကြုံပေးလိုက်တာပါ။
]]အဲဒီကာလတုန်းက ကျွန်တော်တို့ မကညက (မြေလတ်ကျောင်းသားညီညွတ် ရေးတပ်ဦး)ရဲ့ တံဆိပ်တုံးက ကျွန်တော့်ဆီမှာ။ အဲဒါလည်း လွှဲပေးလိုက်တယ်။ မြေလတ်တပ်ဦးကနေ နဝတရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်တဲ့ သဘောထား ကြေညာချက်တစ်စောင်ပါ ရေးပေးလိုက်တယ်။ စောစောက စာက အောင်မျိုးလွင် ကို ပေးဖို့စာ။ လက်ထဲကို ထည့်ပေးပါ။ ဖောက်မဖတ်ပါနဲ့။ အင်မတန်အရေးကြီး ပါတယ်လို့ မှာလိုက်တယ်။ စာထဲမှာက ကျွန်တော် တောခိုမယ့် အစီအစဉ်၊ ဘာတွေလုပ်မယ်ဆိုတဲ့ အစီအစဉ်တွေ အသေးစိတ်ပါတယ်။ ပြီးမှ ကျွန်တော် နယ်စပ်ကို ထွက်သွားတာ။
]]ပြဿနာက မောင်မောင်ဝမ်းက တောင်ကြီးကို မဝင်ဘူး။ အောင်မျိုးလွင် လက်ထဲကို စာမရောက်ဘူး။ တံဆိပ်တုံးကတော့ လူတစ်ယောက်ဆီ ရောက် သွားတယ်။ ကျွန်တော်က အဲဒါတွေမသိဘူး။ တောထဲက ပြန်လာပြီး ဟန်မပျက် နေနေတယ်။ နောက်တော့ ၁၉၈၉ မှာပဲ အဖမ်းခံရတယ်။ ပေါက်သွားတာ။ သူငယ်ချင်းတစ်ဦးနဲ့ အောင်မျိုးလွင်လည်း အဖမ်းခံရတယ်။ ခက်တာက ဘာက ဘယ်လိုပေါက်သွားတယ်ဆိုတာ ကျွန်တော်မသိဘူး။ မသိတော့ စစ်ကြောရေးမှာ ဘူးခံနေတာပေါ့။ ရန်သူကို သစ္စာရှိဖို့မလိုဘူးဆိုပြီး ဘူးခံနေတာ။ ကြည့်ရတာ ကျွန်တော့်ကို ရိုက်ရင်းနှက်ရင်းနဲ့ သနားလာတယ်ထင်ပါတယ်။ ကျွန်တော့်ကို စာပြတယ်။ မင်းဒီစာကို သိလားတဲ့။ လက်ရေးက ကျွန်တော့်လက်ရေး။ မောင် မောင်ဝမ်းဆီက ရလိုက်တဲ့စာ။ ထောက်လှမ်းရေးရဲ့ နည်းပညာက မောင်မောင်ဝမ်း ကိုဆွဲပြီး သူ့ဆီက လိုတာယူထားပြီး လူကို ပြန်လွှတ်ပေးလိုက်တယ်။ အဲဒါကို ကျွန်တော်မသိဘူး။ ပြဿနာက ဘာလဲဆိုတော့ ရေနံချောင်းကို ပြန်ရောက်နေတဲ့ မောင်မောင်ဝမ်းက ထောက်လှမ်းရေးလက်ထဲ ကျွန်တော့်စာရောက်သွားပြီဆိုတာ ကျွန်တော့်ကို အချိန်မီအကြောင်းမကြားနိုင်ဘူး။ ကြည့်ရတာ ကျွန်တော်တောထဲ ထွက်သွားတာကို သူမသိသလို၊ ပြန်ရောက်နေတာလည်း မသိဘူး။ ကျွန်တော်က ဘယ်သူ့ကိုမှ မပြောတဲ့အတွက် မသိတာဖြစ်မယ်။
]]သူအချိန်မီ အကြောင်းကြားလို့ရှိရင် ကျွန်တော်ပြေးမှာပေါ့။ အစောကြီး ကတည်းက လွတ်တယ်။ ထောက်လှမ်းရေးက ကျွန်တော့်ကို ဘာပြောလဲဆိုတော့ မင်းကွာ၊ မင်းကိုလုပ်ရတာ ငါတို့သနားလာပြီတဲ့။ ကျွန်တော့်ကို စာထုတ်ပြ တယ်။ ကျွန်တော် ဘာမှမတတ်နိုင်တော့ဘူး။ အထဲမှာ မောင်မောင်ဝမ်းနဲ့ ဆုံတော့ မှ သူကလည်း ဖြစ်ပျက်တာတွေ ပြောပြတယ်။ အဲဒီတော့မှ အကြောင်းစုံ သိရတာ။ သူလည်း စာကို ဖောက်မဖတ်ထားဘူး။ ဖတ်ထားရင် ဒီစာကို သူ မပေးဖြစ်တဲ့အတွက် ဖျောက်ဖျက်ပစ်မှာပေါ့။ သူက ကျွန်တော့်ကို သစ္စာဖောက် တာလို့ ကျွန်တော်မခံယူပါဘူး။ ကျွန်တော် ဘာတွေလုပ်နေတယ်ဆိုတာ သူမသိ သလို သူဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်မသိခဲ့ဘူး။ ကျွန်တော့်ကို စစ်ခုံရုံးက ထောင် ၇ နှစ်ချတယ်။ ကျွန်တော့်အမှုတွဲ တစ်ယောက်နဲ့ သူငယ်ချင်းတစ်ယောက် က ၅ နှစ်စီ ကျတယ်။ ကျွန်တော့်အသက် ၂၃ နှစ်။ ၅ နှစ် ၈ လ နေခဲ့ရတယ်။
]]နာမည်ကျော် သရက်ထောင်အကြောင်း ပြောပြရဦးမယ်။ ပထမအကြိမ် သရက်ထောင်ကို ရောက်တဲ့ကာလတွေဟာ ကျွန်တော့်ဘဝမှာ အကြမ်းတမ်းဆုံး၊ အရက်စက်ဆုံး၊ လူစိတ်အကင်းမဲ့ဆုံး ထောင်အာဏာပိုင်တွေရဲ့ လူ့အဖွဲ့အစည်း ကြီးထဲမှာ ဖြတ်သန်းခဲ့ရတယ်။ ထောက်လှမ်းရေးမှာ စစ်ကြောရေးဝင်ခဲ့ရတုန်းက နှိပ်စက်ညှဉ်းပန်းတာတွေ၊ ရေအိုးရွက်တာတို့၊ ခေါင်းကိုစွပ်ပြီး ]တော့ချာ}ပေးတာ တို့၊ သတင်းစာဖတ်တာ၊ ဆိုင်ကယ်စီးတာ၊ ]ကီ}ထိုင်တာစတဲ့ ညှဉ်းပန်းမှုတွေ ကြိမ်ဖန်များစွာကြုံရတယ်။ နှစ်တစ်လက်မ တုတ်ကျိုးတဲ့အထိ အရိုက်ခံရတယ်။ ၄ ရက်မှ ထမင်းတစ်နပ်ကျွေးတယ်။ ရေမသောက်ရဘူး။ မျက်နှာသစ်ရင်း ရေ ခိုးသောက်လို့ အရိုက်ခံရတယ်။ ဒါတွေဟာ ထောင်နဲ့ယှဉ်လိုက်ရင် ဘာမှမပြောပ လောက်ဘူး။
]]ပထမတော့ ထောင်ပိုင်ဦးလှဖေလက်ထက်မှာ သာသာယာယာပဲ။ ၁၉၉၀ NLD ရွေးကောက်ပွဲနိုင်ပြီးတဲ့အချိန်မှာ ထောင်ပိုင်ပြောင်းသွားတယ်။ ဦးသောင်း ညွန့်ရောက်လာတယ်။ အဲဒီအချိန်ကစပြီး သရက်ထောင်ဟာ လောင်မီးကျတော့ တာပဲ။ ထမင်းကလည်း မဝရေစာကျွေး၊ ရေချိုးရတာလည်း မဝ၊ စည်းကမ်းချက် တွေက တစ်စစနဲ့ နေလို့မရအောင် တင်းကျပ်လာတယ်။
]]နောက်တစ်ခါဖြစ်တာက ရေနံချောင်းက ကျောင်းသားလူငယ်တွေ ခရမ်းသီး ခူးစားတာကို ဘစ(ဘိန်းစား)တွေကပဲ သွားတိုင်လို့ အရိုက်ခံရတယ်။ ဒါကို ကျွန်တော်တို့ကျောင်းသားကြီးတွေက မကျေနပ်လို့ ထောင်ပိုင်တန်းစီချိန်မှာ တင်ပြ တယ်။ ရေနံချောင်းက ကိုမြင့်ဦးက ဦးဆောင်တင်ပြတာပါ။ သူက မှိုင်းရာပြည့်က တည်းက တကယ့်ကျောင်းသားဟောင်းကြီး။ သေဒဏ်ပေးခံရတဲ့ ဆလိုင်းတင် မောင်ဦးနဲ့အမှုတွဲကျခဲ့တဲ့သူပေါ့။ သူတင်ပြတာကလည်း ကောင်းကောင်းမွန်မွန် ပါပဲ။ ဒါပေမဲ့ ထောင်အာဏာပိုင်တွေက ဒီကိစ္စမှာ ပါဝင်တဲ့သူ အားလုံးကို အခန်းထဲက ထုတ် ထုတ်ပြီး ရိုက်တယ်။ သုံးယောက်တစ်ခန်း၊ လေးယောက် တစ်ခန်းခွဲထားပြီး တစ်ခန်းစီ ထုတ်ရိုက်တယ်။ ကျွန်တော်တို့ထဲက ပထမ ဝင်းလှိုင် (ဘော်ကြီး)ကို အရင်ခေါ်ထုတ်ပြီး ရိုက်တယ်။ နောက် ကျွန်တော်နဲ့ မင်းနိုင်ဝင်းကို ရိုက်တယ်။ မင်းနိုင်ဝင်းကို ဆယ့်ငါးချက်ကျော် ရိုက်တယ်။ ရော်ဘာပိုက်တွေ၊ ဂမ်းပိုက်တွေ၊ ကြိမ်ပိုက်တွေနဲ့ ရိုက်တယ်။ ကျွန်တော့်အလှည့်ကျတော့ အချက် ပေါင်း မရေမတွက်နိုင်အောင် ရိုက်တယ်။ ရာကျော်မယ်။ ဝတ်ထားတဲ့ထောင် အင်္ကျီ မွစာကိုကျဲသွားတယ်။ ကျောကုန်းက အရေပြားက ရောင်ကားပြီး ပွင့်ထွက်သွားတယ်။ ၂ ပတ်လောက် တိုက်ထဲမှာ သေလူဆိုပြီး ပစ်ထားတယ်။ ဘာဆေးဝါးမှ ကုသခွင့်မပေးဘူး။ ခြုံစရာစောင်၊ လဲစရာအဝတ်၊ ခင်းစရာအခင်း နတ္ထိဘာမှ မရှိဘူး။ ခြောက်ပေ ငါးပေ ဖျာကြမ်းလေးပေါ်မှာ လေးငါးယောက် စုနေရတယ်။ ကျွန်တော်သေပြီလို့ အားလုံးကတွက်ထားပြီးသား။ ၂ ပတ်ကြာ တယ်။ ၂ ပတ်ကြာတဲ့အချိန်မှာ တိုက်ထဲက ပြန်ထုတ်ပေးတယ်။
]]ကျွန်တော်သာ စိတ်ဓာတ်ကျမယ်ဆိုရင် သေသွားပြီ။ ကျွန်တော့်မှာ စိတ်ဓာတ် တစ်ခုပဲ ကျန်တော့တယ်။ ကျွန်တော့်မိသားစုက ချို့တဲ့တယ်။ သုံးလမှာ တစ်ကြိမ် ပဲ ထောင်ဝင်စာ တွေ့နိုင်တယ်။ ကျွန်တော့်အတွေးက လူကလည်း လူငယ်၊ စိတ်ဓာတ်ကလည်း ရှိနေတော့ ငါ အသေမခံနိုင်ဘူး။ ရန်သူကို လက်စားချေဖို့ ငါအသက်ရှင်မှဖြစ်မယ်။ အဲဒီစိတ်။ ထောင်အာဏာပိုင်တွေ၊ စစ်အာဏာရှင်တွေ၊ စစ်အစိုးရဆိုသူတွေက ငါတို့ရန်သူတွေ။ ဒီလူတွေကို လက်စားချေဖို့ ငါအသက် ရှင်နေမှဖြစ်မယ်။ ဒါကြောင့် ကင်းလိပ်ချောတွေ၊ ဖားခုံညင်းတွေ၊ တောက်တဲ့တွေ ရသမျှဖမ်း၊ အရေဆုတ်၊ ကြော်စား။ ထောင်က ထမင်းနဲ့ရအောင် အသက်မွေး တယ်။ ကျွန်တော် အမြဲတမ်းပြောလေ့ရှိတဲ့စကားတစ်ခွန်း ရှိပါတယ်။ ထောင်ဆို တာ စင်တီဂရိတ်ထောင်နဲ့ချီပြီး ပူတဲ့မီးဖိုကြီး။ အဲဒီမီးဖိုကြီးထဲကို ပစ်ထည့်ခံလိုက် ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ သစ်သားဆိုရင် ပြာဖြစ်သွားလိမ့်မယ်။ အကယ်၍ သံချောင်းတွေကို ပစ်ထည့်မိပြီဆိုရင်တော့ သံမဏိဖြစ်သွားရမယ်။ ငါပြာတော့ အဖြစ်မခံနိုင်ဘူး။ ငါတစ်နေ့ထောင်က ပြန်လွတ်မှာပဲ။ အဲဒီအခါ သံမဏိအဖြစ် ပြန်ထွက်မယ်လို့ ဆုံးဖြတ်ထားတဲ့အကြောင်းပါ။ ၁၁/၉၂ နဲ့ ဆွဲ ထုတ်စဉ်က ထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောက်လှမ်းရေးက အင်တာဗျူးဝင်တယ်။ မေးခွန်းတွေထဲမှာ NLD အပေါ် သဘောထား၊ ဒေါ်အောင် ဆန်းစုကြည်အပေါ် သဘောထား။ စစ်အစိုးရအပေါ် သဘောထား၊ အပြင်ရောက် ရင် နိုင်ငံရေးလုပ်ဦးမှာလား၊ ဒါတွေပေါ့လေ။ ထောက်လှမ်းရေးက လိုချင်တာ ဘာလဲ။ ရှင်းပါတယ်။ NLD ကို မထောက်ခံဘူး။ ဒေါ်စုကို မထောက်ခံ ဘူး။ စစ်အစိုးရကို ထောက်ခံတယ်။ ယုံတယ်။ အပြင်ရောက်ရင် နိုင်ငံရေး မလုပ်တော့ဘူး။ ဒါတွေဖြေရင် လွှတ် ပေးမယ်ပေါ့။
]]ကျွန်တော့်ကို ဗျူးတာ တစ်နေ ကုန်ကြာတယ်။ သူတို့ လိုချင်တဲ့ အဖြေရမသွားဘူး။ အဲဒီတော့ ဝမ်းနည်း ပါတယ်ဆိုပြီး ထောင်ထဲပြန်ပို့တယ်။ တကယ်လို့ ကျွန်တော် သူတို့အလိုကျ ဖြေရင် ၃ နှစ်လောက်စောပြီး လွတ် တာပေါ့။ ကျွန်တော် ဖြေတာက ရှင်းပါ တယ်။ အဲဒီအချိန်က ကျွန်တော် NLD ပါတီဝင် မဟုတ်သေးဘူး။ ဒါပေမဲ့ NLD ရှိမှ ဖြစ်မယ်။ ဒေါ်စုရှိမှဖြစ်မယ်။ စစ်အစိုးရကို မထောက်ခံနိုင်ပါ။ အပြင် ရောက်ရင် နိုင်ငံရေးလုပ်ဦးမယ်ဆိုပြီး။
]]ကျွန်တော် လွတ်ရက်စေ့လို့ လွှတ် ပေးချိန်မှာ ထောင်မှူးက မေးတယ်။ သန်းနိုင်၊ မင်း နိုင်ငံရေးလုပ်ဦးမှာ လားတဲ့။ လုပ်ဦးမှာလို့ ကျွန်တော်ပြောခဲ့ တယ်။ နောက်ထပ် ထောင်တစ်ကြိမ် ထပ်ကျတယ်။ ပြန်လွတ်လာတယ်။ နိုင်ငံရေးဆက်လုပ်နေတယ်။ ရန်သူကို ဘယ်တော့မှ ဦးမညွှတ်တဲ့အထဲမှာ ကျွန်တော် ပါချင်တယ်။ မှတ်ကျောက် အတင်ခံချင်တယ်။ ဒါကျွန်တော့်နိုင်ငံ ရေးပဲ}}
ဝ၆၁

Leave a Reply

Your email address will not be published.