ပုလဲပရဟိတဖောင်ဒေးရှင်း ထူထောင်သူရဟန်းတော်တစ်ပါး၏ ထူးခြားဖွယ်ရာ လူမှုကူညီရေးဆောင်ရွက်မှုများ

ပြည်တွင်းပရဟိတလူမှုအကျိုးပြုလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းနေချိန်ကာလ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင် အသီးသီးရှိ မြို့နယ်တို့တွင်လည်း ပရဟိတအသင်းများ အလျှိုအလျှိုပေါ်ထွက်လျက်ရှိ ရာ မန္တလေးမြို့တွင် ပုလဲဆရာတော်ဟု လူသိများသော ပုလဲပရဟိတဖောင်ဒေးရှင်း ထူထောင်သူ ရဟန်းတော်တစ်ပါး၏ ထူးခြားဖွယ်ရာလူ မှုကူညီရေးဆောင်ရွက်မှု များကို ပဲ့တင်သံဂျာနယ် အုတ်တစ်ချပ်သဲတစ်ပွင် ကဏ္ဍမှတစ်ဆင့် ရေးသာဖော်ပြအပ်ပါသည်။ ငါသည်ပရဟိတအတွက် ဖြစ်စေရမည်။ ပရဟိတသည် ငါ့အတွက်မဖြစ်စေရ ဟူသော ကိုယ်တိုင်ချမှတ်ထားသည့်မူဝါဒကို ကိုယ်တိုင်ကိုယ်ကျ သာမကဘဲ အသင်းသူ အသင်းသားများကိုလည်း အလေးအနက်လိုက်နာစေရန် အမြဲတိုက်တွန်းသည့် ပုလဲဆရာတော် (ဝါ)ဘဒ္ဒန္တ ပညာဝံသဆရာတော်ဘုရားကြီးသည် ယင်း၏ ပရဟိတလူမှုကူညီရေးလုပ်ငန်းကြီးကို စတင်တည်ထောင် စဉ်ကထက် ပိုမိုကြီးမားကျယ်ပြန့် သည့် အနေအထားအထိ ဖြန့်ကြက်နိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါ ပုလဲပရဟိတ ဖောင်ဒေးရှင်းအနေနှင့် ဦးဆောင်ဆရာတော်၏ ဖြောင့်မတ်တည်ကြည်သော စွမ်းအားနှင့်အသင်းသူအသင်းသားများ၏ ကြိုးစားအားထုတ်မှုလုံ့လများဖြင့် လူမှုကူညီရေး လှုပ်ရှားမှုများကို စဉ်ဆက်မပြတ်လုပ် ကိုင်ဆောင်ရွက်လျက်ရှိရာ ဇနသုခ ရေအလှူတော်စီမံကိန်းအဖြစ် သောက်သုံးရေခက်ခဲလျက်ရှိသည့် ရပ်ကွက်များကို နေ့စဉ်ရေဂါလန်တစ်သောင်း ပေးလှူလျက် ရှိကြောင်း သိရသည်။
ထို့အပြင် အသင်းကြီး၏ အလှူဒါနများအနေဖြင့် မန္တလေးမြို့ရှိ ဆေးရုံကြီးလေးရုံကိုလည်း ဇနသုခ သောက်ရေသန့် အလှူ တော်စီမံကိန်းအဖြစ် နေ့စဉ်ရေသန့်ဂါလန်တစ်ထောင်နှင့် ဗြဟ္မစိုရ်အခမဲ့ဆေးရုံအတွက် လစဉ်ရေသန့် ဂါလန်ခြောက်ရာခန့် ပေးလှူခြင်း၊ မန္တလေးငါးမြို့နယ်ရှိ သားဦးသမီးဦး မွေးလူနာများအတွက် သားမျှော်မိခင် ထောက်ပံ့ကူညီရေး စီမံကိန်းအဖြစ် မွေးဖွားစရိတ်ထောက်ပံ့ကူညီပေးခြင်း၊ သဘာဝဘေးများ ဖြစ်ကြသော မီးဘေး၊ ရေးဘေး ငလျင်ဘေး ကြုံတွေ့ကြသူများ အတွက်ကိုလည်း ဇနသုခ လူမှုကူညီရေးစီမံကိန်းအဖြစ် ဆန်၊ ဆီ၊ ပဲ၊ အိုးခွက်ပန်းကန်၊ အဝတ်အထည်နှင့် ဆေးပစ္စည်းများ ကို ဘေးအန္တရာယ်ကျရောက်သည်နှင့် တစ်ပြိုင်နက်တည်း ချက်ချင်းသွားရောက် လှူဒါန်းခြင်းများ လုပ်ဆောင်လျက်ရှိပြီး မြို့တွင်းမြို့ပြင် ဆွမ်းခံထွက်ကြသည့် ရဟန်းသာမဏေများအတွက် သမဏသုခ ဆွမ်းခံကြို/ ပို့ယာဉ်စီမံကိန်းအပြင် အထူး ခြားဆုံးအနေဖြင့် ထမင်း အသက်ခုနစ်ရက် ရေအသက်တစ် မနက်ဆိုသော ခံစားချက်များကို နားလည်ပြီး လေအသက်လျှပ် တစ်ပြက် ဟုဆိုကာ မန္တလေးတစ်မြို့လုံးအတွက် အသက်ကယ် လေအောက်စီဂျင် အလှူတော် စီမံကိန်းအဖြစ် ငှားရမ်းပေးလှူ ခြင်းကိုလည်း လုပ်ဆောင်လျက်ရှိပြန်သည်။
လတ်တလောပရဟိတ ဆောင်ရွက်မှုအနေနှင့် ပြီးခဲ့သည့် ဇူလိုင်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ နယ် လှော်ကားကြီးကျေးရွာ တွဲဖက်အလယ်တန်းကျောင်းရှိ သူငယ်တန်းမှ အဋ္ဌမတန်းအထိ ကျောင်းသားကျောင်းသူ လေးရာ ကျော်ကို နှစ်စဉ်သင်ထောက်ကူပစ္စည်းများအတွက် တစ်နှစ်လျှင် ကျပ် ၂၅ သိန်းကျော် အကုန်အကျခံ လှူဒါန်းခဲ့သေးကြောင်း နှင့် ကျေးလက်နေတောင်သူများ မြွေကိုက်ခံရမှုဖြင့် အသက်ဆုံးရှုံးမှုမရှိစေရန် တန်ဖိုးကြီးမြွေဆိပ်ဖြေဆေးများလည်း သွား ရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆရာတော်အနေနှင့် ယခုကဲ့သို့ ပရဟိတအသင်းကြီးထူထောင်ဖြစ်ပုံနှင့်ပတ်သက်ပြီး ထပ်မံမိန့်ကြားရာတွင် ကိုယ်တိုင် ကြုံတွေ့ဖြတ်သန်းခဲ့ရသည့် ကာလတစ်လျှောက် အများအတွက် အမှန်တကယ်လိုအပ်မည့်အရာတွေကို အလှူရှင်များနှင့် ပူးပေါင်းကာ အတတ်နိုင်ဆုံးဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ကြောင်းနှင့် ဆက်လက်၍လည်း နိုင်ငံတစ်ဝန်းလုံး အသင်းခွဲများ ထပ်မံထားရှိ ရန်ရည်ရွယ်ကြောင်း မိန့်ကြားသည်။ ပုလဲပရဟိတဖောင်ဒေးရှင်းအနေနှင့် လက်ရှိတွင်လည်း ကျောက်ဆည်မြို့ နှင့် ပြင်ဦးလွင်မြို့တို့တွင် အသင်းခွဲများအသင့်ထားရှိပြီးဖြစ်ရာ ရှေ့ဆက်လုပ်ကိုင်ဆောင်ရွက်မည့် လူမှုကူညီရေးလုပ်ငန်းစဉ် များအတွက် အလှူရှင်များလိုအပ်လျက်ရှိကြောင်း သိရသည်။ ဆက်သွယ်လှူဒါန်းလိုသူများအနေနှင့်လည်း အသင်းကြီး တည်ရှိရာ ပုလဲပရဟိတဖောင်ဒေးရှင်း မန္တလေးမြို့ မဟာအောင်မြေမြို့ချမ်း/ မြောက် သီတာအေး ၉ဝ၁ ရပ်ကွက်၊ မဟာမင်း ထင်တိုက် မိုးကုတ်ရိပ်သာကျောင်း ဖုန်းနံပါတ် ဝ၂-၇၆၅၃၄ နှင့် ပုလဲဆရာတော် ဓမ္မကထိက ဗဟုဇနဟိတဓရ ကမ္မဋ္ဌာနာ စရိယ နယ်လှည့် ဓမ္မကထိက ဘဒ္ဒန္တပညာဝံသ ဖုန်း နံပါတ်ဝ၉-၂ဝ၃၅၄၁၅သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။ အသင်းကြီး၏ လုပ်ငန်းဆောင်တာများနှင့် လူမှုကူညီရေး လှုပ်ရှားဆောင်ရွက်မှုများအား ကြည့်ရှုလိုပါကလည်း www.paleparahita .per.mm နှင့် facebook.parahitaFoundation တို့တွင် ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း သိရှိရသည်။
ဝဝ၉

Leave a Reply

Your email address will not be published.