နာမည်ပြောင်းမလား ဘဝပြောင်းမလား ကိုယ်ကျင့်သီလနှင့် ဉာဏ်ပညာကြီးမြတ်မှုတို့ကြောင့်

ရရှိလာသောနာမည်တစ်လုံးသည် မိုးကောင်းကင်ကြီးပမာ လူတကာမော့ကြည့်ကြရသည်။ တချို့မှာမူ မိမိနာမည်ကို ထုတ်ဖော်ပြောဆိုလိုက်သည်နှင့် ကြားရသူအပေါင်းမှာ အကုသိုလ်တစ်လှေကြီး ဝင်လာဘိသကဲ့သို့ စက်ဆုပ်ရွံ့ရှာခြင်းများ ဖြစ်ကြရသည်။ နာမည်တစ်လုံးတွင် အသက်ဓာတ်(ဇီဝိတိန္ဒြေ)များ စီးဝင်လျက်ရှိသောကြောင့် ရင်းနှီးမြှုပ်နှံမှုအပေါင်း၌
နာမည်ကောင်းတစ်လုံးအတွက် မြှုပ်နှံမှုမှာ အသာဆုံး အမြတ်ဆုံးဖြစ်သည်။ သို့ဆိုသော်လည်း အောက်တိုဘာ ၃၁ ရက်တွင် အမေရိကန်ပြည်ထောင်စုက စစ်အစိုးရလက်ထက်
အမှတ်(၁)စက်မှုဝန်ကြီးဟောင်း၊ ယခုအခါ ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအတိုင်ပင်ခံ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းကို အမည်ပျက်စာရင်းသွင်း၍ တစ်ဦးချင်းဆိုင်ရာ စီးပွားရေးပိတ်ဆို့မှု စတင်ကြောင်း ကြေညာလိုက်ခြင်းဖြင့် ချစ်ကြည်ရေးတံခါးကို ဖွင့်လှစ်လိုက်သည်ရှိရာ
ဝန်ကြီးဟောင်း ဦးအောင်သောင်းကို နာမည်ပြောင်းမလား၊
ဘဝပြောင်းမလား သတင်းလူသားအဖြစ် ဖော်ပြအပ်ပါသည်။
“တောင်ကြိုတောင်ကြား ပေါက်သည့်ဝါး အဖျားခပ်သွယ်သွယ်၊ အိမ်ကြိုအိမ်ကြား မွေးသည့်သား စကား ခပ်ကြွယ်ကြွယ်” ဟူသော ဆိုရိုးစကားနှင့်အညီ တိုင်းပြည်ကို စစ်ဥပဒေအတိုင်း အသံမထွက်ရအမိန့်ဖြင့် အုပ်ချုပ်နေစဉ်ကာလများဆီက လမ်းကြိုလမ်းကြားမှ ဆယ်အိမ်မှူးတစ်ယောက်သည်ပင် ကိုယ့်ကိုယ်ကိုယ် တိုင်းပြည်၏ ဧရာမတာဝန်ကြီးတစ်ရပ် ထမ်းဆောင်နေသည်ဟု အထင်ရောက်ခဲ့ကြသည်။ သို့ဆိုသော် ထိုခေတ် ထိုအခါက ဝန်ကြီးတစ်ပါးဆိုပါမူ မည်သို့ရှိပေမည်နည်း။ တိုင်းပြည်၏တာဝန်ကို အဘယ်မျှ ဦးဆွေးဆံမြည့် ထမ်းဆောင်ခဲ့ပါသနည်းဆိုသော် လက်မှတ်တစ်ချက်ထိုးလျှင်
ငွေပုံကြီး ဟည်းတိုက်လျက် အိမ်ထဲအရောက် ဝင်လာစမြဲ။ ထိုခေတ်က ဝန်ကြီးတစ်ဦးနှင့်ရက်ချိန်း (Appointment) ရရန်ပင် သိန်းရာဂဏန်းထိ ထုတ်သုံးရလေ့ရှိ၏။ ထို့ကြောင့်လည်း ]]နိုင်ငံတော်အကြီးအကဲများက တိုင်းပြည်တာဝန်ကို
နေ့မအား ညမနား ထမ်းဆောင်လျက်ရှိသည်” ဟူသော စာလုံးမည်းကြီးက အစိုးရသတင်းစာများတွင် လွန်စွာခေတ်စားခဲ့ပါ၏။
စက္ကန့်တိုင်းသည် ရွှေဖြစ်ငွေဖြစ်နေလျက်ရှိခြင်းကြောင့်
လူကြီးများခမျာ လွန်စွာပင်ပန်းကြပါသည်။ ဝန်ကြီးဟောင်းဦးအောင်သောင်းကို အမည်ပျက်စာရင်းသွင်း၍ တစ်ဦးချင်းဆိုင်ရာ စီးပွားရေးပိတ်ဆို့မှုအပေါ်
OFAC (Official of Foreign Assets Control) မှ ထုတ်ပြန်ကြေညာရာတွင် ဦးအောင်သောင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်သည့်အကြမ်းဖက်မှု၊ ဖိနှိပ်မှုနှင့်ခြစားမှုများကြောင့် အရေးယူရခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။ ဦးအောင်သောင်း၏ ၂၀၁၄၊ ဇန်နဝါရီလအတွင်းက ပြည်တွင်းထုတ်သတင်းစာ၊ ဂျာနယ်အချို့နှင့်အင်တာဗျူးတွင်
မိမိသည် လာဘ်ပေးလာဘ်ယူလွန်စွာကင်းရှင်းကြောင်း၊
ဒီမိုကရေစီကို ချစ်မြတ်နိုးရာ၌လည်း
မတစ်ထောင် တစ်ကောင်ဘွားဖြစ်ကြောင်း၊ ၂၁ ရာစု၏
ဝါးရင်းတုတ်တပ်ဖွဲ့ဖြစ်သော စွမ်းအားရှင်အဖွဲ့နှင့် မည်သို့မျှလည်း ပတ်သက် မှုမရှိကြောင်း ငြင်းဆိုခဲ့ဖူးသည်။ အမေရိကန်၏စွပ်စွဲချက်နှင့် ဦးအောင် သောင်း၏ချေပချက်မှာ ဝိရောဓိဖြစ်လျက်ရှိပါ၏။ အမေရိကန်အစိုးရအနေ နှင့် မြန်မာနိုင်ငံဖွားသူတော်စင်ဝန်ကြီးတစ်ဦးကို ကံသုံးပါးတို့ဖြင့် ပြစ်မှား ကျူးလွန်မိခဲ့ပါမူ ကံကြီးထိုက်ပေလိမ့်မည်။ သူသည် ကိုယ်ပိုင်ခါးပိုက် ဆောင်တပ်ဖွဲ့အဖြစ် ထင်ရှားသော တောင်သာလက်မရွံ့တပ်ဖွဲ့၏ ဦးခေါင်း ကိုင်ဖခင်ဟု လူသိများခြင်းနှင့် အမေရိကန်၏စွပ်စွဲချက်ဖြစ်သော ဒီမိုကရေ စီပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်သည့်အကြမ်းဖက်မှုများအကြားတွင် အချိတ် အဆက်ရှိနေနိုင်သည်။ ထို့အတူ ဦးအောင်သောင်းမိသားစုဧည့်ခန်းအတွင်း၌ စီးဆင်းနေဆဲ ဓနမြစ်တစ်စင်းနှင့်အမေရိကန်တို့ပြောသည့် ခြစားမှုအကြား တွင်လည်း ကြောင်းကျိုးဆက်စပ်နေလိမ့်မည်။ အမေရိကန်သမ္မတ၏ ဒုတိယ အကြိမ်မြောက် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၁၂ ရက်တွင် ကျင်းပပြုလုပ်မည့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ စစ်အစိုးရလက် ထက်က ဝန်ကြီးဟောင်းတစ်ဦးကို တောက်ချပြလိုက်ခြင်းမှာ ချိုမိုင်မိုင် ကကွက်လောက်နှင့် မင်းသားခေါင်းပေါင်းမစွပ်ရန်နှင့် မင်းသားကြီးမလုပ် ရ၍ ပတ်မကြီးထိုး ဖောက်မည့်အကြံများကို မျက်ထောင့်နီဖြင့် စိုက်ကြည့် လိုက်ခြင်း ဖြစ်သည်။
အမေရိကန်၏ ပိတ်ဆို့ခြင်းကို ခံထားရသော ပြည်တွင်းမှ ခရိုနီကြီး များကလည်း နိုင်ငံရေးရာသီဥတု အပြောင်းအလဲ၌ လွတ်ငြိမ်းချမ်း သာခွင့်ရနိုးနိုး အကောင်းမြင်နေကြ ချိန်တွင် ဝန်ကြီးဟောင်း ဦးအောင် သောင်း၏အမည်ကို ဆေးမည်း သုတ်လိုက်ခြင်းကြောင့် ရွှေအား ငယ်ကြကုန်ရာ၏။ အာဏာရှင် ခေတ်တွင် ပြည်သူကို ညှဉ်းပန်း နှိပ်စက်တတ်သော အာဏာရှင်နှင့် ထောက်ကူပေးသောဓနရှင်တို့ အပြန် အလှန်အမှီသဟဲပြု၍ ကိုယ်ကျိုး စီးပွားကို နက်နက်တူးဆွခဲ့ကြခြင်း ဖြစ်ရာ လာဘ်ယူသူနှင့်လာဘ်ပေး သူ ကြည်ဖြူရွှင်ပျလျက် သူခိုးသေ ဖော်ညှိခဲ့ကြခြင်းဖြစ်သည်။ ခိုးနည်း အဖြာဖြာကို ကျွမ်းကျင်လိမ္မာကြကုန် သည်ဖြစ်၍]]အခိုးတတ် အကောက် ဖြစ်}} ဆိုသလို သူတစ်ပါးပစ္စည်းကို ခိုးတတ်ခြင်းကြောင့် ကောက်ရခြင်း မျှသာဖြစ်ကာ အပြစ်လွတ်ကြရ သည်။ ယခုအခါ ဦးအောင်သောင်း သည် ပြည်သူ့လွှတ်တော်၌လည်း ဘဏ်များနှင့် ငွေရေးကြေးရေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌအဖြစ် အသည်းထိတ်စရာ နေရာတွင် ရပ်တည်နေသူဖြစ်၏။
ဇာမဏီငှက်သည် မိမိ၏ အတောင်တစ်ချောင်းအတွက် အသက်ကို စွန့်လွှတ်ဘိသကဲ့သို့ အရှက်သိက္ခာအတွက် အသက်ပေးခဲ့ ကြသူများ ရှိကြသည်။ ပျက်ခြင်း ပျက်၊ နာမည်သာအပျက်ခံမည်ဟု အသက်ရှင်ရေးအတွက် အရှက်သေ ပေးခဲ့ကြသူများလည်း မြောက်မြား စွာရှိရာ အမေရိကန်အစိုးရ၏ (OFAC) နာမည်ပျက်စာရင်းသွင်း၍ တစ်ဦးချင်းဆိုင်ရာ စီးပွားရေးပိတ် ဆို့အရေးယူမှုကိုခံရသော စက်မှု(၁) ဝန်ကြီးဟောင်း ဦးအောင်သောင်း ကို အခုအပတ်၏ နာမည်ပြောင်းမလား ဘဝပြောင်းမလား သတင်း လူသားအဖြစ် ဖော်ပြအပ်ပါသည်။
ဝ၂၆

Leave a Reply

Your email address will not be published.