ခင်ဗျားကိုမေးနေ မေးခွန်းလွှာ ကျုပ်ရင်ဘတ်ရေ ကျူပ်ကြိမ်ဖန်များလာ

ကျေးဇူးဝင်ဗေဒဆိုတာ ဘာ
ခင်ဗျားကိုမေးနေမေးခွန်းလွှာ
ကျုပ်ရင်ဘတ်ရေ ကျုပ် ကြိမ်ဖန်များလာ

လမ်းမှန်ကမ်းမှန်မြေကမ္ဘာထက်
မိုးရေချိန်လက္မအလွန်
သွေးနွံနစ်စစ်ပွဲအပြိုပြိုအလဲလဲ
အပြိုပြိုအလဲလဲဆိုတာ ဘာ
ခင်ဗျားကိုမေးနေမေးခွန်းလွှာ
ကျုပ်ရင်ဘတ်ရေ ကျုပ် ကြိမ်ဖန်များလာ

သွေးပေါင်ချိန်လက်ဆန့်တန်းစက္ကန့်လို
ရှိုက်ငိုအိမ်အပြေးအလွှား
အပြုံးအရယ်ကင်းမဲ့ရာ
အပြုံးအရယ်ကင်းမဲ့ရာဆိုတာ ဘာ
ခင်ဗျားကိုမေးနေမေးခွန်းလွှာ
ကျုပ်ရင်ဘတ်ရေ ကျုပ် ကြိမ်ဖန်များလာ

အားပါးတရစိတ်လိုက်မာန်ပါ
ရူးသွပ်မှုပေပဲပ (ဘယ်သူမပြု)
(ဘယ်သူပြု) မုသားစကားကင်းကြပါ
အရှေ့ အနောက် တောင် မြောက်ဆိုတာ ဘာ
ခင်ဗျားကို မေးနေမေးခွန်းလွှာ
ကျုပ်ရင်ဘတ်ရေ ကြိမ်ဖန်များလာ

သမားရိုးကျမိရိုးဖလာဝေဒနာတို့
ဥုံ မချင့်မရဲ
ဖွ မချင့်မရဲလားပဲ
မီးခိုးမှိုင်း ယမ်းရိုင်းညှော်စော်နံ့များ လွင့်မျောရာ
မိုးကောင်းကင်ပေါ် ခေါစာပစ်တင်ခဲ့ရာ
ခေါစာပစ်တင်ခဲ့ရာဆိုတာ ဘာ
အတိတ်= ပစ္စုပ္ပန်= လူ
အနာဂတ်ကို မျက်နှာမူ မျှော်ကိုးရာ
ခင်ဗျားကိုမေးနေမေးခွန်းလွှာ
ကျုပ်ရင်ဘတ်ရေ ကျုပ် ကြိမ်ဖန်များလာ

ဟောသလို တောင်ကုန်းတောလမ်း နွေလေးမှာ
တောင်ကုန်းတောလမ်း နွေလေးဆိုတာ ဘာ
ရာသီများစွာ မချိတင်ကဲ ရင်ခွင်ဆိုတာ ဘာ
ထိုမှာ သစ်ရွက်များ ကြွေနေ ကြွေကြွေနေ
ထိုမှာ မိုးရေစက်များ ကြွေနေ ကြွေကြွေနေ
ထိုမှာ ကွဲအက်နှင်းများ ကြွေနေ ကြွေကြွေနေ
ကျုပ်ရင်ဘတ်ရေ ကျုပ် ကြိမ်ဖန်များလာ

စစ်ဘေးစစ်လှောင်ပြီး စစ်ဘေးရှောင်
ကျောင်းခေါ်ခေါင်းလောင်သံလေးများ
စစ်မီးစစ်ပြာဝရုန်းသုန်းကား
တံပိုးလှိုင်းတို့ကြားမှာလည်း
ခြေတစ်ဆုံး ခေါင်းတစ်ဆုံး
အပူတစ်ဆုံး မလှမပခေတ်ဝဲသြဃ
လက်ဗွေရာမကအပေါင်ခံထားကြရ
အပေါင်ခံထားကြရဆိုတာ ဘာ

မွေးဖွား (ကလေးများရဲ့

ကလေးများကဲ့သို့
မကြီးပြင်းသေးသောရွာငယ်များ)
ခင်ဗျားကိုမေးနေမေးခွန်းလွှာ
ကျုပ်ရင်ဘတ်ရေ ကျုပ် ကြိမ်ဖန်များလာ

ကလေးငယ်များ များသထက်များစွာ
ဖွဲ့ထား နှလုံးသားထဲမှာဆိုတာ ဘာ
ဘာ ဘာလဲဘာ
ဘာကြောင့်လဲဆိုတာ မေးမေးမောမော
တရံရောအခါကာလက
စသည်ပဲစစ
ဒီမှာ ]]ကောင်းကင်စစ်ပွဲဆိုတာများ ရှိပါသလား}}
ဒီမှာ ]]မကောင်းသော ငြိမ်းချမ်းရေးဆိုတာများ
ရှိပါသလား}}
လေပြေလေညင်းဆိုတာကတော့ ရှိတယ် ဘာ
သဘာဝတေးသီချင်းတို့ကို သယ်ဆောင်ပေး
နွေးထွေးစွာ သဘာဝတေးသီချင်းတို့ဆိုတာ ဘာ

မိဘအသွေးအသားတို့ရဲ့

ထုဆစ်အမည်နာမများ
ဒီမှာ ကျည်ဆန်ထိပ်ဖူးထက် မပတ်သက်စေလိုရာ
ခင်ဗျားကိုမေးနေမေးခွန်းလွှာ
ကျုပ်ရင်ဘတ်ရေ ကျုပ် ကြိမ်ဖန်များလာ

ကောင်းသောစစ်ပွဲဆိုတာများရှိပါသလား
မကောင်းသော ငြိမ်းချမ်းရေးဆိုတာများ ရှိပါသလား
ရာသီများစွာ မချိတင်ကဲ
ရင်ခွင်ဆိုတာကရော ဘာ
ခင်ဗျားကိုမေးနေမေးခွန်းလွှာ
ကျုပ်ရင်ဘတ်ရေ ကြိမ်ဖန်များလာ

ကျုပ်ရင်ဘတ်ရေ ကြိမ်ဖန်များလာ …
အောင်ဇင်မင်း

Leave a Reply

Your email address will not be published.