မြန်မာ့ကျောက်မျက်တင်သွင်းခွင့်ကို အမေရိကန်တို့ဆက်လက်ပိတ်ပင်

Burma Freedom And Demo-cracy Act မေရိကန်ပြည်ထောင်စုအစိုးရက မြန်မာနိုင်ငံအပေါ်သို့ချမှတ်ထားသော ကျောက်စိမ်းနှင့်ပတ္တမြားအပါအဝင် မြန်မာ့တွင်းထွက်ကျောက်မျက်ရတနာများအမေရိကန်ပြည်ထောင်စုအတွင်းသို့ တင်သွင်းခွင့် ပိတ်ပင်ထားခြင်းကို ဆက်လက်ထားရှိမည်ဖြစ်ကြောင်း သြဂုတ်လ ၆ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အမျိုးသားလုံခြုံရေးအကြံပေး Ben Rhoder ၏ ကြေညာချက် တွင် ဖော်ပြပါရှိခဲ့သည်။ အဆိုပါကျောက်မျက်တင်သွင်းခွင့် ပိတ်ပင်မှုသည် သာမန်အားဖြင့်ဆိုပါက ဇူလိုင် ၂၈ ရက်နေ့တွင်သက်တမ်းကုန်ဆုံးရမည်ဖြစ်သော်လည်း တွင်းထွက် ကျောက်မျက်ရတနာများကိုတူးဖော်ရောင်းချခြင်းဖြင့် စစ်တပ်ထိပ်သီးပိုင်းများနှင့် နောက်ကွယ်မှ လုပ်ငန်းရှင်ကြီးများ အကျိုးကျေးဇူးရရှိရေးသာဖြစ်ကာ အကျင့်ပျက်ခြစားမှုများနှင့်ကာလရှည်လက်နက်ကိုင်ပဋိပက္ခ များဖြစ်ပွားရာတိုင်းရင်းသားလူနည်း စုဒေသများအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုဖြစ်ပွားစေရန် တွန်းအားပေးသကဲ့သို့ ဖြစ်မည်ကို စိုးရိမ်သဖြင့် မြန်မာ့ကျောက်မျက်တင်သွင်းခွင့်ကိုဆက်လက်ပိတ်ပင် ထားရခြင်းဖြစ်သည်ဟု ဆိုသည်။
သြဂုတ်လ ၆ ရက်နေ့က ထုတ်ပြန်ခဲ့သော အဆိုပါကြေညာချက်က အမေရိကန်ပြည်ထောင်စုက သတ်မှတ်ထားသော အမည်မည်းစာရင်းဝင် နိုင်ငံသားအချို့နှင့်အဖွဲ့အစည်းအချို့အား ဆက်သွယ်နိုင်ရန်လည်း လမ်းစဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါစာရင်းတွင် အစိုးရဟောင်းလက်ထက်ကလူ့အခွင့်အရေးချိုးဖောက်မှုများနှင့်အကျင့်ပျက်ခြစားမှုတို့ဖြင့် စွပ်စွဲခံ ထားရသော စစ်တပ်ထိပ်သီးများပါဝင်ပြီး အဆိုပါစာရင်းဝင်လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများတို့နှင့် ဆက် သွယ်ဆောင်ရွက်လိုပါက Treasury Department ထံမှ ခွင့်ပြုချက်တောင်းခံရမည်ဖြစ်သည်။
ဝါရှင်တန်အခြေစိုက် U.S Campaign for Burma အဖွဲ့မှ ဒါရိုက်တာ Jenneder Quigley ကမူ မြန်မာစစ်တပ်နှင့် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများနှင့် ဆက်ဆံရေးကိုဖြတ်တောက်ခြင်း မပြုသေးသည့် သိမ်းဆည်းထားသည့် လယ်မြေများကို မူလပိုင်ရှင်ထံပြန်လည်အပ်နှံခြင်း မပြုသေးသည့် မည်သည့်အမည် မည်းစာရင်းဝင်ကိုမျှ စာရင်းမှပယ် ဖျက်ခြင်းမပြုရန် ပြင်းထန်စွာတောင်း ဆိုခဲ့သည်။
ဝ၂၇

Leave a Reply

Your email address will not be published.