စာပေပါရမီ မပါသော်ငြား ဒီဇိုင်နာပါရမီ ပါခဲ့သူ ဒီဇိုင်နာ မေမြတ်ဝါဆို

မြန်မာနိုင်ငံတွင် ဒီဇိုင်နာခေတ် မရောက်ခင် အကြိုကာလကတည်းက ဒီဇိုင်းပညာ၊ ဖက်ရှင်စသည်များကို စိတ်ဝင်တစားနှင့်ကိုယ်ပိုင်ဒီဇိုင်း၊ ဖက်ရှင်များ ထွက်ပေါ်နိုင်အောင် ကြိုး စားခဲ့ကြသည့် ဒီဇိုင်နာများစွာရှိခဲ့ကြ သည်။ ရှည်လျားသည့်အချိန်ကာလ အတွင်း အောင်မြင်သူများရှိသကဲ့သို့ ကျန်ရစ်ခဲ့ကြသူများလည်းရှိသည်။ ဒီဇိုင်နာ မေမြတ်ဝါဆိုက ၂၀ဝ၅ ခုနှစ်ကစတင်၍ ဒီဇိုင်နာ မေမြတ်ဝါဆိုအဖြစ် စတင်ခံယူခဲ့ သည်။ ]]အဲဒီအချိန်ကလေ ဒီဇိုင်နာဆိုတာကို လူတောင်သိပ်မသိသေးဘူး။ ရပ်ကွက်တွေထဲမှာ အပ်ချုပ်ဆိုင်လောက်ပဲရှိကြသေးတာ။ ဒါပေမဲ့ အဲဒီအလုပ်ကိုပဲ ရွေးချယ်လိုက်တယ်။ ကံကောင်းချင်တော့ ဆိုင်ဖွင့်ပွဲလေးလုပ်လိုက်တာမှာ စာနယ် ဇင်းတွေရဲ့ ကျေးဇူးတွေလည်းပါပါတယ်။ နောက်တစ်နေ့မှာ သရဖူမဂ္ဂဇင်းက Summer Style ဆိုပြီးတော့ မချောရတနာနဲ့ စချုပ်ဖြစ်တယ်။ ငါးစုံလောက် ရှိတယ်။ အဲဒီကနေမှ တခြားမဂ္ဂဇင်းတွေမှာလည်း ဆက်တိုက်လုပ်ပေးရတယ်။ အဲဒီလို လုပ်ရင်းနဲ့မှ ဒီလောကထဲရောက်သွားတယ်}} ဟု ဒီဇိုင်နာ မေမြတ်ဝါဆို ဘဝ စတင်ခဲ့ပုံကိုပြောပြသည်။
မေး ။ ။ အခုက MFDG (Myanmar Fashion Designer Group) နဲ့လက်တွဲလုပ် ဖြစ်နေတယ်ဆိုတော့ အခုထိ သူတို့နဲ့လက်တွဲပြီး ဘယ်ပွဲတွေမှာ ဘယ်ဒီဇိုင်း တွေ ဖန်တီးပြသခဲ့ပြီးပြီလဲ။
ဖြေ ။ ။ ပြည်တွင်းမှာ MFDG က Show ၂ ကြိမ်လုပ်တယ်။ အဲဒီ နှစ်ကြိမ် လုံးပါခဲ့တယ်။ ပထမတစ်ကြိမ်က အရမ်းဆန်းပြားထူးခြားတဲ့ ဖက်ရှင်ဒီဇိုင်းတွေ လုပ်ရတာ။ အပြင်မှာတော့ ဝတ်လို့တော့မရဘူး။ တောင်ပံတွေ၊ လိပ်ပြာတွေ၊ နှင်းဆီပန်းပုံကြီးတွေနဲ့ ထူးထူးခြားခြား လုပ်ခဲ့တယ်။ နောက်တစ်ပွဲကတော့ Evening Gown ပေါ့။ ကနုတ်ပန်းဖောက်ဒီဇိုင်းတွေ ဖန်တီးခဲ့တာပေါ့။ အဲ့ဒီ နှစ်ပွဲကြားထဲမှာ သူငယ်ချင်း ငါးယောက်တွဲပြီး Show ပွဲတစ်ခုလုပ်ဖြစ်သေးတယ်။ အဲဒီမှာ အပြင်မှာလိုဝတ်လို့ရတဲ့ Evening Gown တွေ လုပ်ဖြစ်တယ်။ အဲဒါကို ကြိုက်ကြတယ်လို့ ပြောကြတယ်။ အသားဖောက် ကနုတ်တွေနဲ့ပေါ့။ MFDG ဒုတိယပွဲမှာ အဲဒီပုံစံတွေနဲ့ပြဖြစ်ခဲ့တာပါ။ ပြည်ပ Show ကတော့ ဘန်ကောက် MFDG က လုပ်တဲ့ပွဲမှာ ဝင်ပြခဲ့တယ်။ ပါဝင်တဲ့သူအားလုံး ခရမ်းရောင်ကြီးပဲ ပြရတယ်။ ဒီဇိုင်းကတော့ မိမိစိတ်ကြိုက်လို့ပြောတယ်။ အဲဒီမှာ ရွှေချည်ထိုးတွေ နဲ့ ဂါဝန်ပေါ့၊ Evening Gown ပေါ့နော်။ အရုပ်တွေကို ပုဂံခေတ်က အရုပ်တွေ ပုံစံထိုးထားတယ်။ အဲဒီပိတ်စကိုမှ Evening Gown ဖန်တီးတယ်။ အဲဒါကို သူတို့ ဆန်းတယ်၊ လှတယ်ဆိုပြီး သဘောကျလို့ ဓာတ်ပုံတွေတွဲရိုက်ကြတယ်။ Show အနေနဲ့မဟုတ်ဘဲနဲ့ လေ့လာရေးသဘောမျိုး၊ ဆွေးနွေးပွဲသဘောမျိုးလည်း ဟို တစ်လောက သွားဖြစ်ပါတယ်။ ထိုင်းက ဖိတ်ခေါ်လို့ပါ။ ချင်းမိုင်ကို သွားဖြစ် ခဲ့တယ်။ မြန်မာ ဒီဇိုင်နာ ငါး ယောက်ပေါ့နော်။ တော်တော်ဗဟု သုတရပါတယ်။ ကိုယ့်နိုင်ငံမှာ Accessories အားနည်း တယ်။ စက်ပိုင်း ဆိုင်ရာရော၊ ပိတ် စရော အားလုံး ပေါ့။ ဟိုမှာက ချုပ် ရိုးချုပ်သားကအစ အနီးကပ်လေ့လာ ခွင့်၊ အတုယူခွင့် ရခဲ့တယ်။ ဟိုမှာက ခြင်ထောင်ဇာတွေ ခေတ်စားနေတယ်။ ပြီးတော့ သူတို့ ဆီမှာက ဒီဇိုင်နာတစ်ယောက်ကို ပံ့ပိုးပေးမှုအများကြီးရှိတာ အားသာချက်ပဲ။ ပြီးတော့ ရက်ကန်းရုံတွေကိုပါ လိုက်ပြကြတယ်။ ဗဟုသုတတွေ အများကြီး ရခဲ့ပါတယ်။
မေး ။ ။ ဒီဇိုင်နာတွေက ကိုယ့်အားသာချက်အရ ကိုယ့်ရဲ့ပုံစံ ကိုယ့်ရဲ့ဒီဇိုင်းနဲ့ သွားနေကြတယ်။ ဒီဇိုင်နာ မေမြတ်ဝါဆိုကရော ဘယ်လို ဒီဇိုင်းနဲ့သွားဖြစ်လဲ။ ဆိုလိုတာက ကိုယ့်အကြိုက်ဒီဇိုင်းက တစ်မျိုး၊ ခေတ်ရဲ့တောင်းဆိုမှုအရ သွားရ တာက တစ်မျိုး ဖြစ်မယ်ပေါ့။
ဖြေ ။ ။ ဟုတ်ကဲ့။ ဒီဇိုင်နာ မေမြတ်ဝါဆိုလို့ ပိုသိလိုက်ကြတာက အမျိုးသမီး ရေးရာက လုပ်တဲ့ ဖက်ရှင်ရှိုးပွဲမှာ အာဆီယံ ၁၀ နိုင်ငံအတွက် ချုပ်ပေးလိုက်တဲ့ အာဆီယံဝတ်စုံနဲ့ တွဲသိလိုက်ကြတာပိုများပါတယ်။ အာဆီယံနဲ့ ပတ်သက်သမျှ ခုချိန်မှာ ပွဲတိုင်းမှာလည်း ဒီအာဆီယံဝတ်စုံကိုပဲ သုံးဖြစ်တာများတယ်။ ပြီးခဲ့တဲ့ နီနီခင်ဇော် သီချင်းရိုက်တုန်းကဆိုရင်လည်း ဒီအာဆီယံဝတ်စုံတွေနဲ့ပဲ။ အဲဒါနဲ့ ကိုယ့်ကိုတွဲသိသွားကြတယ်။ ဒါက ပွဲအနေနဲ့ပေါ့။ အပြင်မှာ တကယ်လုပ်ဖြစ် နေတာကတော့ မြန်မာဝတ်စုံပေါ့ Customer အများစုကလည်း ဒီဝတ်စုံတွေပဲ လာအပ်ကြတယ်။ အခုနောက်ပိုင်းဝတ်ဖြစ်တာကလည်း မြန်မာဝတ်စုံတွေများ တယ်။ Evening Gown ကတော့ ပွဲတွေမှာပြဖြစ်တယ်။ ပြီးတော့လာအပ်ရင် ချုပ်ပေးဖြစ်တယ်။ ဒီရာသီမှာတော့ ပွဲတက်တွေရှိတော့ Evening Gown တွေ လုပ်ပေးဖြစ်နေတယ်။

မေး ။ ။ မြန်မာ့ရိုးရာ မြန်မာဝတ်စုံတွေအပေါ်မှာ အခြေခံပြီး ဘယ်လို ဒီဇိုင်းသစ်တွေ ဖန်တီးဖြစ်နေလဲ။
ဖြေ ။ ။ မြန်မာဝတ်စုံဆိုပေမယ့် သူတို့ကဒီဇိုင်နာဆီလာတဲ့အတွက် နည်းနည်း လေးတော့ ပိုဆန်းချင်ကြတယ်။ အခုက Drapping ပိုင်းလေးတွေပိုလုပ်ပေးနေရ တယ်။ ပြီးတော့ ကျောဟိုက်လေးတွေပေါ့။ အဲဒီမှာလည်း သိပ်မရိုင်းအောင် ကျောတစ်ပြင်လုံးဆို အရမ်းရိုင်းတယ်လို့ မျက်လုံးထဲမြင်တာပေါ့နော်။ ဒီတော့ အနောက်မှာ ကနုတ်လေးတွေတပ်မယ်။ ပြီးတော့ Lace ဒီဇိုင်းလေးတွေ ခေတ် စားနေတော့ Lace လေးတွေနဲ့ အလှဆင်တယ်။ ပြီးတော့ နောက်တစ်ခု ထူး ထူးခြားခြားက ပွဲတွေမှာ ညီမက ဂါဝန်တွေ၊ Evening Gown တွေပြဖြစ်တယ်။ Drapping တွေက အဲဒီ ပိတ်စဒီဇိုင်းတွေနဲ့မှ မြန်မာဝတ်စုံပြန်ချုပ်ခိုင်းကြတယ်။ အခု နောက်ဆုံး ပြဖြစ်တဲ့ MFDG Show ပွဲကြီးမှာဆိုရင် ကနုတ်လည်ထောင်ဒီဇိုင်း ဖန်တီးဖြစ်တယ်။ အဲဒါကိုမှ Customer တွေက ကြိုက်တယ်။ ဒါပေမဲ့ ဂါဝန် မဟုတ်ဘူး။ မြန်မာဝတ်စုံ ပုံစံပြောင်းပြီး ဖန်တီးခိုင်းကြတယ်။ ညီမက ပိတ်စမှာ ကနုတ်တွေဖောက်ပြီး Handmade ကိုယ်ပိုင်ဒီဇိုင်းဖန်တီးခဲ့တာပါ။အသက် ၂၀ ဝန်းကျင် ကျောင်းသူလေးတွေဆိုရင်လည်း အဲဒီဒီဇိုင်းကို စကပ်ပုံစံလေးတွေ လာအပ်ကြတယ်။ ကြည့်လိုက်ရင် ထဘီပဲ ဒါပေမဲ့ စကပ်ပေါ့။ အဲဒီပုံစံလေးတွေ အများကြီးချုပ်ပေးနေရတယ်။ဒီလထဲ ထွက်မယ့် People မှာလည်းပါမယ်။ ကြည့် လိုက်ရင် မြန်မာဝတ်စုံလေးပဲ။ တကယ်တမ်းချုပ်ထားတာက စကပ်နဲ့အင်္ကျီပေါ့။ လည်ထောင်ဒီဇိုင်းတွေ လုပ်ထားတယ်။အနောက်ကနေ ကနုတ်ထည့်တာတို့၊ဇာ ဖောက်တာတို့ လုပ်ပေးထားတယ်။အဲဒါမျိုးတွေ အခုလက်ရှိ လုပ်ပေးဖြစ်နေတယ်။
မေး ။ ။ ဆရာနွမ်ဂျာသိုင်းရဲ့ သမီးအနေနဲ့ အဖေ့အမွေမယူဘဲ ဒီဇိုင်းဘက်ကို ဘယ်လိုရောက်လာတာလဲ။
ဖြေ ။ ။ ညီမက စာဖတ်တာတော့ တော်တော်ဝါသနာပါတယ်အစ်မ။ ဒါပေမဲ့ အဖေ့လောက် ပါရမီက မရှိခဲ့ဘူး။ ညီအစ်မ သုံးယောက်ဆိုတော့လေ။ ပြီးတော့ အစ်မကလည်း စက်ချုပ်တော့ သူ့ကိုကြည့်ပြီး အားကျခဲ့တယ်။ သုံးတန်း၊ လေး တန်းလောက်ကတည်းက ကိုယ့်အင်္ကျီ ကိုယ့်ဟာကို ကောင်းကောင်းချုပ် တတ်နေ ပြီ။ ၁၀ တန်းအောင်လောက်ကျမှသာ သင်တန်းတွေတက်ပြီး သေချာချုပ်ဖြစ်တာ ပေါ့။ အဓိက အဖေ အားပေးတာပေါ့နော်။ သူက အပြင်ထွက် အလုပ်လုပ်တာ မကြိုက်ဘူး။ အိမ်ထဲမှာပဲ လုပ်စေချင်တာ။ လေယာဉ်မယ် လျှောက်ဖို့ လုပ်သေး တယ်။ အဖေက ဖိုင်တွေကို လွှင့်ပစ်ပြီး တစ်နေ့ တစ်နေ့ ငါစိတ်ပူနေရမယ့် အလုပ်မျိုးမလုပ်နဲ့။ ဘယ်သူမှလာမချုပ်လဲ နေပစေ။ မိန်းကလေးဆိုတော့ ဒီအလုပ်လုပ်တာကို သူကျေနပ်တယ်ဆိုပြီးအားပေးခဲ့တာပါ။
ဝ၁၆

Leave a Reply

Your email address will not be published. Required fields are marked *