ဦးနုက သူသာလျှင်ဝန်ကြီးချုပ်ဖြစ်ကြောင်း ကြေညာချက်အပေါ်ပြည်တွင်းပြည်ပ အမြင်ကွဲပြား

စက်တင်ဘာ ၉ တွင် တစ်တိုင်းပြည်လုံးမှ ဆန္ဒပြအင်အားစုများကို အံ့အားသင့်စေသည့် သတင်းတစ်ပုဒ် ထွက်လာသည်။ ဝန်ကြီးချုပ်ဟောင်း ဦးနုက သူဝန်ကြီးချုပ်အဖြစ်ဆောင်ရွက်မည့် စင်ပြိုင်အစိုးရကို ဖွဲ့စည်း ကြောင်း ကြေညာလိုက်သည်။ ဦးနု၏စင်ပြိုင်အစိုးရတွင် ပါဝင်သူအများ စုမှာ သူတို့အမည်များ အစိုးရအဖွဲ့စာရင်းတွင် ပါဝင်လာသည့်အခါမှသာ သိရသည်။
အငြင်းပွားဖွယ်ရာ ဖြစ်စေသည့် ဦးနု၏ စင်ပြိုင်အစိုးရကြောင့် ထိုအ ချိန်က အစိုးရဆန့်ကျင်ရေးဆန္ဒပြသပိတ်အင်အားစုများဖြစ်သော အလုပ် သမား၊ ကျောင်းသား၊ ဝန်ထမ်း၊ ရဟန်းရှင်လူပြည်သူများအကြား သဘော ထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။ ယင်းကဲ့သို့ ကွဲလွဲမှုများအနက် ကျောင်း သားခေါင်းဆောင် မင်းကိုနိုင်နှင့် နိုင်ငံခြားသတင်းစာဆရာနှင့် နိုင်ငံရေး လေ့လာသူ ဘာတေးလင့်တနာတို့အား ပဲ့တင်သံက မေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
မင်းကိုနိုင်
မေး။ ။ကျောင်းသားတွေက ရှိသမျှ နိုင်ငံရေးခေါင်းဆောင်တွေကို ဟောင်း ဟောင်းသစ်သစ် စုစည်းသွားအောင်ဆိုပြီး ဦးတည်တဲ့အချိန်မှာ ဦးနုက နေပြီးတော့ သူသာလျှင် ဝန်ကြီးချုပ်ဆိုပြီးတော့ လုပ်လိုက်တဲ့ကိစ္စက နိုင်ငံရေးလမ်းကြောင်းမှာ ဘယ်လောက်အထိ အထောက်အကူပြုပါသလဲ။ ဒါမှမဟုတ် တုံ့သွားစေသလဲ၊ လမ်းကြောင်းလွဲသွားစေသလဲ။
ဖြေ။ ။ အဲဒီကိစ္စက ကျွန်တော် တစ်ဦးတည်း ထပြီးတော့ ထောက်ခံခဲ့တယ် ဗျ။ ဘာလို့လဲဆိုတော့ တစ်ဖက်မှာက ဒီအိမ်စောင့်အစိုးရသဘောနဲ့ အစိုးရ တစ်ခုဖွဲ့ဖို့က အခက်အခဲ ရှိနေတယ်။ ခိုင်မာတဲ့ သဘောတူညီချက်၊ ဆုံးဖြတ်ချက်တွေ မရခဲ့ဘူးပေါ့နော်။ အဲဒီအခါကျတော့ ဦးနုက လက်တွေ့ ကျတာတစ်ခုကို ရဲရဲတင်းတင်း လုပ်လိုက်တယ်လို့ ကျွန်တော်ကတော့ ယူဆတယ်။ တကယ်လို့သာ အဲဒီအချိန်မှာ အားလုံးက ဝိုင်းပြီးတော့ ထောက်ခံပေးလိုက်ပြီး လိုက်ပါသွားမယ်ဆိုရင် ကျွန်တော်တို့က ဘယ် နည်းနဲ့မဆို မဆလထက်သာတဲ့၊ နဝတစစ်အစိုးရထက်ကိုသာတဲ့ အုပ်ချုပ် မှုကိုရမှာပဲ။ နောက်ပြီးတော့ ဦးနုဟာ ဘာပဲပြောပြော ဒီမိုကရေစီသမား ပါဗျ။ ကျွန်တော် နားလည်ထားတာကတော့ ကျွန်တော်တို့နဲ့ ရာနှုန်းပြည့် တူချင်မှတူမှာပေါ့။ အဲဒီတော့ သူက အကျိုးရှိမယ့်လမ်းတစ်ခုကို စွန့်စားပြီး တော့ ဆုံးဖြတ်လိုက်တယ်လို့ပဲ ကျွန်တော် မြင်ပါတယ်။
ဘာတေးလင့်တနာ
မေး။ ။ သူသာလျှင် ဝန်ကြီးချုပ်အဖြစ် ဆက်လက်တည်ရှိနေကြောင်း ဦးနုရဲ့ကြေညာချက်ကို ဘယ်လိုထင်မြင်ယူဆပါသလဲ။ တကယ်လို့ လူထု ကသာ သူ့ကြေညာချက်ကိုလက်ခံခဲ့ရင် နိုင်ငံတကာအသိုင်းအဝိုင်းကရော လက်ခံမှာလား။ ဒါမှမဟုတ် ဘာတွေဖြစ်လာမှာလဲ။
ဖြေ။ ။ ပြောရတော့ခက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့မှတ်မိသလောက် ဆိုရင် အဲဒီအချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းက လူအများစုဟာ ဦးနု၊ ဦးအောင်ကြီး၊ ဦးတင်ဦးနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ပူးတွဲပြီး ကြားဖြတ် အစိုးရဖွဲ့ပြီး နိုင်ငံတကာအသိအမှတ်ပြုမှု တောင်းခံတာပိုကောင်းလိမ့်မယ် လို့ ယူဆကြတယ်။ ဦးနုဟာ တရားမဝင်တဲ့အာဏာသိမ်းမှုတစ်ခုနဲ့ ဖြုတ် ချခံခဲ့ရတာမှန်ပါတယ်။ ဒါပေမဲ့ ဒါက ၁၉၆၂ ခုနှစ်ကပါ။ အဲဒီ ၁၉၈၈ ခုနှစ်ကဆိုရင် ၂၆နှစ်ကြာမှ တရားဝင်မှုကို ပြန်တောင်းရတာ ခက်ခဲပါလိမ့် မယ်။
မေး။ ။ ကျောင်းသားတွေက နိုင်ငံရေးခေါင်းဆောင်အားလုံးကို ကြား ဖြတ်အစိုးရတစ်ရပ်ဖွဲ့စည်းဖို့ မေတ္တာရပ်ခံခဲ့ကြတယ်။ ဒါပေမဲ့ဖြစ်မလာခဲ့ ဘူး။ ဒီတော့ ဖြစ်များဖြစ်ခဲ့ရင် အကျိုးဆက်တွေက ဘာတွေများဖြစ်လာမှာ ပါလဲ။ ကြားဖြတ်အစိုးရရဲ့အစီအစဉ်ကို နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ခံမှာလား။
ဖြေ။ ။ အထက်မှာ ပြောခဲ့သလိုပါပဲ။ ဦးနုရဲ့ ”တစ်ဖက်သတ်လုပ် မှု”က အခြေအနေတွေကို ပိုရှုပ်ထွေးစေရုံပဲလို့ ကျွန်တော်ထင်တယ်။ ပိုမိုကျယ်ပြန့်ပြီး လိုအပ်တဲ့လူတွေ ပိုမိုပါဝင်တဲ့ကြားဖြတ်အစိုးရတစ်ရပ် ကသာ နိုင်ငံခြားအစိုးရများစွာရဲ့ အသိအမှတ်ပြုခံရဖို့ အခွင့်အလမ်းရှိခဲ့ ပါလိမ့်မယ်။

တဆက်တည်းဖတ်သင့်သော အကြောင်းအရာ : စာရေးဆရာမောင်သော်က၏ ဗိုလ်မှူးကြီးသန်းညွန့်ထံ ၉ စက်တင်ဘာ ၁၉၈၈နေ့စွဲဖြင့် ရေးသားပေးပို့ခဲ့သည့်စာမှကောက်နုတ်ချက်

Leave a Reply

Your email address will not be published. Required fields are marked *