အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ် မစ္စတာစတီဖင်ဂျေဆိုလာ့ဇ် အရေးတော်ပုံကာလအတွင်း မြန်မာနိုင်ငံသို့ တစ်ရက်တာ ရောက်လာ မြန်မာပြည်၌ ”အနှေးနဲ့အမြန်ဆိုသလို ဒီမိုကရေစီ ရရှိလာတော့မည်ဖြစ်ပြီး ငြိမ်းချမ်းရေးနည်းလော၊ သွေးထွက်သံယို အကြမ်းပတမ်းနည်းလော စောကြောရန်လို”ဟုဆို

အမေရိကန် ကွန်ဂရက် လွှတ်တော်အမတ် နိုင်ငံရေးရာကော်မတီ အာရှနှင့်ပိစိဖိတ်ရေးရာ ဆပ်ကော်မတီဥက္ကဋ္ဌဖြစ်သည့် မစ္စတာစတီဖင် ဂျေဆိုလာ့ဇ် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၄ ရက်နေ့က ရောက်ရှိလာသည်။
အမေရိကန်ပြည်ထောင်စုအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် တစ်ပါတီ စနစ်ချုပ်ငြိမ်း၍ ဒီမိုကရေစီဖြစ်ထွန်းလာရေးအတွက် ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆီးနိတ်လွှတ်တော်က ပြီးခဲ့သည့်လအတွင်းက ဆုံးဖြတ်ချက်ချခဲ့သည်။
မစ္စတာဆိုလာ့ဇ်သည် မြန်မာပြည်တွင် တစ်ရက်တာမျှနေထိုင်ပြီး တိုတောင်းသော ယင်းအချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင် သုံးဦး၊ ကျောင်းသားသမဂ္ဂခေါင်းဆောင် မင်းကိုနိုင်နှင့် တစ်ဦး၊ နိုင်ငံခြား ရေးဝန်ကြီးဌာနမှ ဦးရွှေဇင်နှင့်အဖွဲ့၊ ပြည်သူ့လွှတ်တော် အဆောက်အအုံ၌ သမ္မတ ဒေါက်တာမောင်မောင်၊ ဝန်ကြီးချုပ် ဦးထွန်းတင်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးရဲခေါင််၊ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦးနှင့် ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး၊ ဝန်ကြီးချုပ်ဟောင်း ဦးနုတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
မစ္စတာ ဆိုလာ့ဇ်သည် ဘန်ကောက်မြို့သို့ ပြန်လည်ရောက်ရှိပြီး ခရီးရောက်မဆိုက်မှာပင် အမေရိကန်ပြန်ကြားရေးဌာနခန်းမ၌ သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ”အနှေးနဲ့အမြန်ဆိုသလို မြန်မာပြည်၌ ဒီမိုကရေစီ ရရှိလာတော့မည်ဖြစ်သည်။ ငြိမ်းချမ်းရေးနည်းဖြင့်ရမည်လော၊ သွေးထွက် သံယို အကြမ်းပတမ်းနည်းဖြင့် ရမည်လောဟူသည့်အချက်သာ စဉ်းစားစရာ ရှိတော့သည်။ ပြည်သူလူထုကား ဒီမိုကရေစီကို အရယူရန်နှင့် သွေးချောင်း စီးမှုကို ရှောင်ရှားရန် သန္နိဋ္ဌာန်ချမှတ်ထားပြီးဖြစ်သည်”ဟု ပြောကြား

တဆက်တည်းဖတ်သင့်သော အကြောင်းအရား အကြမ်းဖက်မှုခံစားချက်များအချိန်မီ မတားဆီးနိုင်ပါက အန္တရာယ်ကြီးမား၊ သင်ခန်းစာယူသင့်

Leave a Reply

Your email address will not be published. Required fields are marked *