၁၉၈၈ ခုနှစ် သြဂုတ်လ ၂၀ ရက် မှ ၂၃ရက်

၂၀ သြဂုတ် ၁၉၈၈
သြဂုတ် ၈ ရက်နေ့ပိုင်း ဖြစ်ပွားခဲ့သည့် လူထုဆန္ဒပြပွဲ များတွင် ရန်ကုန်ဆေးရုံကြီးသို့ အမှန်တကယ် ရောက်ရှိလာသူ လူနာများအနက် ဒဏ်ရာရသူ ၂၆၇ ဦးနှင့်သေဆုံးသူ ၁၁၃ခဦး သာဖြစ်ကြောင်း ကျန်းမာရေးဦး စီးဌာနကို ကိုးကား၍အာဏာ ပိုင်တို့ကသတင်းထုတ်ပြန်သည်။
ထိုအတူ လွန်ခဲ့သည့် ရက် အနည်းအငယ်က ရန်ကုန်ဆေး ရုံကြီးတစ်ဝိုက် ဖြစ်ပွားသော အရေးအခင်းတွင် ကျန်းမာရေး ဝန်ထမ်း လေးဦးသာ ဒဏ်ရာရ သည်ဟုလည်း အာဏာပိုင်တို့ က ဆိုသည်။

၂၂ သြဂုတ် ၁၉၈၈
ပြည်သူ့ဆန္ဒ လေ့လာစုံစမ်း ရေးကော်မရှင်က ပြည်သူတို့ အနေဖြင့် မိမိတို့ဆန္ဒသဘော ထားများကို လွတ်လပ်ပွင့်လင်း စွာ တင်ပြနိုင်ကြောင်း၊ ထိုသို့ တင်ပြခြင်းနှင့်စပ်လျဉ်း၍ အဖွဲ့ အစည်းကိုဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦး ချင်းကိုဖြစ်စေ နိုင်ငံတော်က တစ်စုံတစ်ရာ အရေးယူခြင်းမရှိ စေရဟု အာမခံလိုက်သည်။
လာမည့် ၂၄ ရက် နံနက် ၉ နာရီမှ စ၍ ဦးဝိစာရလမ်းရှိ အင်ဗွိုင်းခန်းမတွင် ဖွင့်လှစ်ထား မည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်း များသို့လည်း သွားရောက်စုံစမ်း မည်ဟု ကြေညာသည်။
၂၃ သြဂုတ် ၁၉၈၈
ဆန္ဒပြပွဲများ ကြီးထွားလာ သည်။ ကျောင်းသူကျောင်းသား များသာမကဘဲ အစိုးရရုံးများ၊ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများပါ စီတန်းလှည့်လည်ပွဲတွင် ပါဝင် ဆင်နွှဲကြသည်။
ထိုရက်များအတွင်း ဆန္ဒပြ ပြည်သူများက ကြွေးကြော်သည်မှာ-
-ကြားဖြတ်အိမ်စောင့် အစိုးရ ဖွဲ့စည်းပေးရေး၊
-ပါတီစုံဒီမိုကရေစီအခွင့် အရေးပေးရေး၊
-ဖမ်းဆီးထိန်းသိမ်းထား သူများအားလုံး လွှတ်ပေးရေး၊
– အကြမ်းဖက်နှိမ်နင်းခြင်း မပြုရေးများကို တောင်းဆိုလာ သည်။
ဒီမိုကရေစီရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို ကြိုဆိုထောက်ခံပါသည် ဆိုသော ဆိုင်းဘုတ်များ ရပ်ကွက် တိုင်းတွင် ပေါ်ထွက်လာသည်။

Leave a Reply

Your email address will not be published. Required fields are marked *