၂၆ သြဂုတ် ၁၉၈၈
ယနေ့ နံနက် ၁၀ နာရီခွဲ တွင် ဒေါ်အောင်ဆန်းစုကြည်က ရွှေတိဂုံစေတီအနောက်ဘက်မုခ်တွင် မိန့်ခွန်းပြောသည်။ သိန်းနှင့်ချီသောလူထုပရိသတ်က တက်ရောက်အားပေးသည်။ လက်ရှိ ဖြစ်ပွားနေသော ဒီမိုကရေစီအရေးတော်ပုံကြီးကို ဒုတိယလွတ်လပ်ရေးတိုက်ပွဲ ဟု ဒေါ်အောင်ဆန်းစုကြည်က သုံးနှုန်းသွားသည်။
ရန်ကုန်တိုင်းအတွင်း ဖြစ် ပွားခဲ့သော အရေးအခင်း၌ ဖမ်းဆီးထိန်းသိမ်းထားသူများအနက် ပြစ်မှုဆိုင်ရာ ပြစ်မှုကြီးများကိုကျူးလွန်ထားသူများမှအပ ကျန်သူများအားလုံးကို လွတ်ပေးလျက်ရှိရာ သြဂုတ် ၃ ရက်မှ ၂၅ ရက်အတွင်း လူပေါင်း ၂၇၅၀ ဦးအား ပြန်လွှတ်ပေးလိုက်ပြီဟု အစိုးရကသတင်းထုတ်ပြန်သည်။
၂၇ သြဂုတ် ၁၉၈၈
နံနက် ၁၀ နာရီတွင် ကာကွယ်ရေးဝန်ကြီးနှင့်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးက ရန်ကုန် ဆေးရုံကြီးဝင်းအတွင်းလူထုကြီးအား မိန့်ခွန်းပြောသည်။ အင်းစိန်ထောင်အတွင်းအကျဉ်းသားများဆူပူကြသည်။ အကျဉ်း ထောင်အတွင်း အဆောက်အအုံအချို့ကို မီးရှို့ဖျက်ဆီးသည်။
၂၈ သြဂုတ် ၁၉၈၈
၁၉၆၂ ဇူလိုင် ၈ ရက် နံနက်ပိုင်းကမိုင်းခွဲဖြိုချခံလိုက်ရ သည့် ကျောင်းသားသမဂ္ဂအဆောက်အအုံဟောင်းနေရာတွင်ဗမာနိုင်ငံ လုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ်(တရားဝင်)ဖြစ်မြောက်ရေး ဗဟိုကော်မတီပထမအကြိမ်ညီလာခံကို ကျင်းပသည်။ အခမ်းအနားပြီးသောအခါကျောင်းသားများသည် ရန်ကုန်မြို့တွင်းသို့ငြိမ်းချမ်းစွာစီတန်းလှည့်လည်သည်။ အင်းစိန်အကျဉ်းထောင်မီးရှို့ဖျက်ဆီးမှုကြောင့် သေဆုံးအကျဉ်းသား ၅၇ ဦးရှိပြီး အင်းစိန်ဆေးရုံသို့တင်ပို့ကုသရ သည့်ဒဏ်ရာရ အကျဉ်းသားမှာ ၁၀၆ ဦးရှိသည်။ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းပြီးနောက် ပြည်သူများက မိမိတို့ရပ်ကွက်၊ မြို့ နယ်လုံခြုံရေးကို မိမိတို့ဘာသာတာဝန်ယူနေရသည်။ မကွေးတိုင်း မင်းလှမြို့တွင် ဆန္ဒပြသူအင်အား ၄၀ဝ ခန့်ကို မကျေနပ် သည့်တန်ပြန်ဆန္ဒပြသူများအကြားပဋိပက္ခဖြစ်ပွားသည်။ မင်းလှရဲစခန်းကိုဝိုင်းရာ ရဲစခန်းမှပစ်သဖြင့် လူခြောက်ဦးသေ သည်။ မန္တလေးထုံးဘို ရဲဘက်စခန်းမှ ရဲဘက် ၇၉ ဦး ထွက်ပြေးသည်။