သူခိုးလိမ္မာ မျက်နှာကြီးဟာမို့

မြေးကြီး-ဖိုးလမင်း
၁၀.၇.၂၀၁၄ နေ့ကထုတ်တဲ့ ပဲ့တင်သံဂျာနယ် အလယ်စာမျက်နှာမှာ မင်းပုံ ကြီးက ထင်းလို့ပါလားကွာ။ မန္တလေးက လူမိုက်ကလေးတွေ အုပ်စုဖွဲ့ပြီး ဆိုင်ကယ်တွေနဲ့ ရမ်းကားနေကြပုံတွေလေ။
ဘဘ စိတ်မချမ်းသာလိုက်တာ။ ငါတို့ မှော်ဘီပြောင်းပေမယ့် မင်းကို မန္တလေးထားခဲ့တာက သူငယ်ချင်းတွေနဲ့ မခွဲရအောင် နေလက်စကျောင်းဆရာ/ဆရာမတွေနဲ့ စာဆက်သင်နိုင်အောင်
ဒါ့အပြင် မန္တလေးယဉ်ကျေးမှု၊ မန္တလေးမျိုးချစ်စိတ်ဓာတ်၊ မန္တလေးစည်းလုံးညီညွတ်မှု စတဲ့ မန္တလေးသွေးတွေ ငါ့မြေးကိုယ်မှာ စီးဆင်းစေချင်လို့ပဲ။ အခု မင်းလုပ်ပုံက အတော်ရှက်စရာကောင်းတယ်။
“သူများယောင်လို့ ယောင်ရတယ်။ အမောင် တောင်မှန်း မြောက်မှန်းမသိ” စကားပုံလို ဖြစ်နေပြီလေ။ ဘဘတို့
မန္တလေး-စိန်ပန်းရပ်မှာ
အနှစ် ၄၀။ တောင်မြို့မှာ
၅ နှစ်နေခဲ့တယ်။ ဘဘကျောင်းဆရာလုပ်သက်
၃၆ နှစ်မှာ စိတ်တူကိုယ်တူ အချစ်ဆုံး ၃ ယောက်ပဲရှိခဲ့တယ်။ တစ်ယောက်က ရှမ်း၊
နှစ်ယောက်က မူစလင်။ အဲဒီအထဲက မူစလင် စင်မောင်ဆိုတာ
မန္တလေးတက္ကသိုလ် ညသင်တန်းမှာ ၅ နှစ်
အတူတက်ခဲ့ပြီး အထက ၂၄ မှာ ဘဘနဲ့ ၁၀ နှစ်လောက် တွဲလုပ်ခဲ့တယ်။ မူစလင်သာ ဆိုတယ်။ ၁၀ တန်း မြန်မာစာဂုဏ်ထူးရအောင် သင်နိုင်တယ်ကွာ။ ပြီးတော့ ကျောင်းမှာလုပ်တဲ့ ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းကပ်လှူပွဲ၊ ကျောင်းအာစရိယပူဇော်ပွဲ၊
ကျောင်းကထိန် စတာတွေမှာ သူက ဦးဆောင်ကျင်းပတယ်။
ကျန်တဲ့ ဘဘတို့တစ်တွေက နောက်လိုက်တွေပဲ။
ကျောင်းစည်းကမ်း သင်ကြားရေးတွေမှာလည်း အလွန်စိတ်ချရတဲ့ ဆရာတစ်ယောက်ပဲ။ နောက် အထက ၂၁ ရောက်တော့
ဦးကိုကိုဆိုတဲ့ မူစလင်ဆရာတစ်ယောက်နဲ့ တွေ့ပြန်ရော။
စည်းကမ်း၊ သင်ကြားရေးတင်မကဘူး။ ဝေယျာဝစ္စလည်း အလွန် လုပ်နိုင်တဲ့ဆရာပဲ။ အလုပ်အလွန်လုပ်တဲ့ ဘဘတောင် သူ့ကျတော့ သြချရတယ်ကွာ။ ကျောင်းမှာ သရက်ပင်ကြီး ၂ ပင် ရှိတယ်။ စိမ်းစားပင်က သရက်သီးတွေခူး၊ ကုလားတည်လုပ်ပြီး ဆရာ/ဆရာမတွေကို ဝေတယ်။ ဆရာ ဦးသျှန်းကတောင် စပြီး နောက်သေးတယ်။
“ဈေးချိုမှာ ရောင်းတဲ့ ကုလားတည်က အတုတဲ့။ ဒါကမှ အစစ်တဲ့”
ကျန်တဲ့အပင်က ရင့်တဲ့အသီးတွေ ခူးအုပ်ပြီး မှည့်တော့
အားလုံးဝေပေးတယ်။ ဘဘရယ်၊ ဦးမောင်လှိုင်ရယ်၊ ဦးမောင်သျှန်းရယ်၊
ဒီ ၅၀ ကျော် လူကြီး ၃ ယောက်ကို ]]လူဆိုးကြီး ၃ ယောက်}လို့ ကျောင်းက နာမည်ပေးထားတယ်လေ။ သုံးယောက်စလုံး ဆံပင်ဆေးဆိုးကြတာကိုး။ တစ်ရက် ဦးအောင်သျှန်း ဈေးချိုက တရုတ်အမဲတွေဝယ်လာပြီး ဦးကိုကို ကို အချက်ခိုင်းတယ်။ ဘဘက မလုပ်ပါနဲ့။ ကျောင်းစောင့် ကိုပေါစံကို ခိုင်းပါ ပြောတာ မရဘူး။ ဦးကိုကိုကမှ ဟင်းချက်ကောင်းတာဆိုပြီး ဇွတ်အချက်ခိုင်းတယ်ကွာ။
အဲဒါ ဦးကိုကိုက စိတ်ရှည်လက်ရှည် ချက်ပေးတယ်ကွာ။ သူကတော့ မစားပါဘူး။ ဘဘရဲ့ အစ္စလာမ်မစ်ဆရာတွေ အလှည့်ပြီးတော့ အစ္စလာမ်မစ်ကျောင်းသူ ကျောင်းသားတွေ အလှည့်ကြည့်ကြဦးစို့။
စိန်ပန်း မိုးကောင်းကျောင်းတိုက် အနောက်ဘက်က စိုးမြင့်မောင်မောင်၊ သျှန်မရှူး၊ မဘေဘီ။ ရှမ်းရုံဈေးက မြင့်မြင့်ကြည်၊ ဘဘ အချစ်တော် မူစလင်တွေပဲ။ အမဲသားအစ်နေ့ဆို မင်းအမေရော၊ မင်းအဒေါ်ရော အားလုံးတစ်အိမ်ပြီး တစ်အိမ်ခေါ်ကျွေးကြတာ။ အခုထိ သတိရတုန်းပဲ။ အမဲနှပ်နဲ့ ချပါတီလည်း စာရေးရင်းတောင် ဆာလာတယ်။
အငယ်ဆုံး ၂ ယောက်ဆို မင်းတို့အမေကြီး အချစ်ဆုံးပေါ့။ သျှန်မရှူးက ဘောလုံးသမားကောင်းလေ။ အဲဒီတုန်း အနောက်တောင်မြို့နယ် ပညာရေးမှူး ဒိုင်းရအောင်ဆောင်ကြဉ်းနိုင်ခဲ့သူကိုး။ ပန်းဆက် အ.မ.က မှာလေ။ မဘေဘီကတော့ လိမ္မာရေးခြားရှိလို့။ မင်းအမေက လက်ကတုံးတောင်ဝှေးအဖြစ် ခေါ်ထားတာလေ။
တောင်မြို့နေခဲ့တဲ့ ၅ နှစ်မှာလည်း တောင်ဖက်အိမ်က မူစလင်တွေ မင်းမှတ်မိမှာပါ။ ရီရီမာ၊ နီနီခင်၊ မကူးတို့လေ။
သူတို့က “အင်ပါယာ” စာပေနဲ့ စာအုပ်အငှားဆိုင်ဖွင့်ထားတဲ့ စာပေဝါသနာရှင်တွေ ဆိုတော့ ဘဘနဲ့ ဝါသနာတူတွေ ဆိုပါတော့။ သူတို့ကျေးဇူးကြောင့် ရွှေအမြုတေတို့၊ သူရဇ္ဇတို့ ဦးဦးဖျားဖျား ဖတ်ရတယ်လေ။ မင်းတို့ကြိုက်တဲ့ ကာတွန်းစာအုပ်တွေလည်း အရင်ဖတ်ရအောင် ယူလာပေးရှာတယ်လေ။ မှတ်မိတယ်မဟုတ်လား။
အဲဒီလောက်ဆို မူစလင်မိတ်ဆွေတွေအကြောင်း မင်းရိပ်မိလောက်ပြီနော်။ ကဲ မူစလင်ဆွေမျိုး အကြောင်းဆက်ကြဦးစို့။
မင်းတို့ အမေကြီးရဲ့အမ၊ ဖွားဖွားကြီး၊ ဒေါ်မြထွေးက စစ်ကိုင်းက မူစလင် ကိုတင်ထွေးနဲ့ အိမ်ထောင်ကျတယ်နော်။ ကိုယ်ကြိုက်ရာ ကိုယ်ပဲ။ ဘာပြဿနာမှ မရှိခဲ့ဘူး။ အဲ သူတို့မွေးတဲ့ သားကြီးစိုးချစ်ကျတော့ ဗုဒ္ဓဘာသာဝင် ဖြစ်လာတယ်။ ဘယ်သူကမှ မတားတဲ့အပြင် သူ့အဖေက ]]သူ့သား ပုတီးစိပ်၊ တရားထိုင်လို့ သူ့မြင်းအရောင်းအဝယ်ကောင်းပြီး စီးပွားတက်လာတာ}} လို့ ဝမ်းသာအားရ လျှောကြွ်ကားတယ်လေ။
ဒီမယ် ငါ့မြေး။
ဘာသာရေးနဲ့ အိမ်ထောင်ရေး ဆိုတာ ကိုယ့်ခံစားချက်နဲ့ ကိုယ်လုပ် ဆောင်ကြတာပဲ။ အမိန့်ပေးလို့မရပါ ဘူး။
မူစလင်ဆိုတာလည်း မင်းတို့ ငါတို့လို ဆန်စားကြီးပြင်းလာတာပဲ။ ဒီမြေ ဒီရေ အတူသောက် ကြီးပြင်းလာ တဲ့ ညီအစ်ကိုမောင်နှမတွေပဲ။ ရေကို ဓားနဲ့ ခုတ်လို့မရသလို ဒီလူမျိုး ၂ မျိုးလည်း သွေးခွဲလို့မရပါဘူး။
အဲဒီတော့ စောစောက မင်းတို့ လူဆိုးဓာတ်ပုံအကြောင်း စဉ်းစားကြရ
အောင်။
ဒို့နိုင်ငံက ထွက်တဲ့
သယံဇာတတွေ အောက်ဈေးနဲ့ရောင်းပြီး
သူများနိုင်ငံက အညံ့စားတွေ
ဝယ်ယူတာ
(ဥပမာ ကျောက်ဆည်က
စက်ဘီး စက်ရုံ) အဲဒါမူစလင်တွေလား။
ပညာရေး၊ ကျန်းမာရေး၊
စီးပွားရေး
ချွတ်ခြုံကျအောင်လုပ်ပြီး
လူတစ်စု ချမ်းသာနေတာ မူစလင်တွေကြောင့်လား။
ကိုယ်လိုချင်တဲ့ဆန္ဒလေး
ဖော်ပြတောင်းခံတာကို
အကြမ်းဖက်လက်နက်နဲ့
နှိမ်နင်းတာ မူစလင်လား။
ခေတ်အဆက်ဆက်
တကြွ်ကလှုပ်ရှားခဲ့တဲ့ ကျောင်းသားတွေကို
နိုင်ငံရေး မလုပ်ရပိတ်ပင်တာ မူစလင်လား။
နိုင်ငံရေးအကြီးအကဲ
အထက်တန်းရာထူးတွေ
ရထားပြီး
အောက်တန်းကျတဲ့အပြောတွေ အလုပ်တွေ လုပ်နေတဲ့သူတွေဟာ “ဝဲတော့ ကောင်းကင်
နားတော့ ခွေးသေပုပ်”
ဆိုတဲ့
လဒ (လင်းတ)တွေနဲ့ တူမနေဘူးလား။
ငါ့မြေး စဉ်းစားပေတော့။
ကြားဖြတ်ရွေးကောက်ပွဲနဲ့
၂၀၁၅ ရွေးကောက်ပွဲကြီးက နီးလာတော့ အတ္တ၊ အာဏာရူးတွေက
ပူလာပြီလေ။ လက်လွတ်တော့မှာကိုး။
ဒါကြောင့်မို့
ငါမြေးတို့ မန္တလေးကို အဓိကရုဏ်းဖြစ်အောင် ဖန်တီးကြတာပဲ။
ဘဘတို့ ငယ်ငယ်က(ဓာတ်ပြားခေတ်)က ဇာတ်ထုပ်တစ်ခုမှာ ဘုရင်က သူများမယားကို
လိုချင်တာကိုး။
သူ့မယားလိုချင် သူ့လင်လှံနဲ့ထိုးဆိုသလို။ သန်လျက်ကို အဲဒီအိမ်မှာဝှက်ထားပြီး မင်းချင်းတွေ အရှာခိုင်းတော့ မိတာပေါ့။
အဲဒီလူကို
သတ်မည့်ဆဲဆဲမှာ ငိုချင်းချတယ်လေ။
“သူခိုးလိမ္မာ
မျက်နှာကြီးဟာမို့
စနစ်မီး မီးတောက်”
ဘာဆိုလား
ဒါပဲ မှတ်မိတယ်ကွယ်။
ငါ့မြေးလည်း
အဓိကရုဏ်း၊
တရားခံ
ဘယ်သူဆိုတာ
စဉ်းစားကြည့်ပေါ့။ “ရွှင်လန်းချမ်းမြေ့ပါစေကွယ်”
ဘဘ
ကောင်းငြိမ်းသော်

Leave a Reply

Your email address will not be published. Required fields are marked *