Miss Golden Land Myanmar 2014 ၂၀၁၄ အလှမယ် ၂၅ ဦး ယှဉ်ပြိုင် တက်ရောက်လာသော မီဒီယာများက အလှမယ် ၇ ဦးရွေးချယ်

ရန်ကုန်၊ ဇူလိုင် ၂၆
Miss Golden Land Myanmar 2014 ပြိုင်ပွဲကြီး၏ ဖွင့်ပွဲအခမ်းအနား ကြီးကို ဇူလိုင် ၂၆ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ တော်ဝင်ဂါးဒင်းဟိုတယ်၊ Ballroom တွင်ကျင်းပခဲ့သည်။ ပဏာ မအဆင့် ရွေးချယ်ထားသည့် အလှမယ် ၂၅ ဦးကို စာနယ်ဇင်းများနှင့် မိတ် ဆက်ပေးသည့်ပွဲလည်းဖြစ်သည်။
စိတ်ကြိုက်ဝတ်ဆင်ထားသည့် ဖက်ရှင်ဝတ်စုံများနှင့် အလှမယ် ၂၅ ဦးက ပရိသတ်များရှေ့မှောက်တွင် ကိုယ်ဟန်ပြလျှောက်လှမ်းခဲ့ပြီး အလှ မယ်တစ်ဦးချင်းစီနှင့် ပရိသတ်အား မိတ်ဆက်ပေးခဲ့သည်။ Miss Golden Land Myanmar Organization က ၂၅ ရက်တာ လေ့ကျင့်ပေးထားသည့် အလှ မယ် ၂၅ ဦးအတွက် တက်ရောက်လာ သည့်မီဒီယာများကိုယ်တိုင်ပေးအပ်သည့် Media Choice ဆုကိုလည်း ရွေးချယ်ခဲ့ သည်။ ပွဲတော်ချိန်တွင်တက်ရောက်လာ သည့် Media များအား ဖြတ်ပိုင်းတစ်ခု စီပေးထားပြီး ကိုယ်ဟန်ပြလျှောက် လှမ်းပြီးသည့်အချိန်တွင် ထိုဖြတ်ပိုင်း၌ မိမိတို့နှစ်သက်သည့် ခါးနံပါတ်အား ရေး၍မဲပေးစေခဲ့သည်။ ထိုမဲများကို ရေတွက်၍ Media Choice ကို ရွေးချယ် ရာတွင် အလှမယ် ၇ ဦး ပေါ်ထွက်ခဲ့ သည်။ ထိုအလှမယ် ၇ ဦးထဲမှ ၁ ဦးကို ဒိုင်လူကြီးများက ပြန်လည်ရွေး ချယ်ပြီး Miss Golden Land Myanmar နောက်ဆုံးအဆင့်ပြိုင်ပွဲနေ့တွင် ဆုချီး မြှင့်ပေးမည်ဖြစ်သည်။
ထို့ပြင် Miss Golden Land Myanmar Organization မှ ရွေးချယ် ထားသည့် Mr.Asia Myanmar 2014 နှင့် လည်း မိတ်ဆက်ပေးခဲ့သည်။ Mr.Asia Myanmar 2014 အဖြစ် ခါရာကို ရွေး ချယ်ထားပြီး ဟောင်ကောင်တွင် နှစ် စဉ်ကျင်းပသည့် Mr.Asia 2014 ပွဲတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထိုပွဲကြီးသို့ သြဂုတ်လ ၂၇ ရက်တွင် ကျင်းပမည်ဟုသိရသည်။ Miss Golden Land Myanmar Organization မှ ရွေးချယ်ထားသည့်အလှမယ် ၂၅ ဦးကို မြန်မာပြည်အထက်ပိုင်း နေပြည်တော်၊ မကွေး၊ မင်းဘူး၊ ရွှေစက်တော်၊ တောင် တွင်းကြီး၊ နတ်မောက်၊ ပျူမြို့ဟောင်း များသို့ခရီးစဉ်သွားရမည်ဖြစ်ပြီး ဇူလိုင် ၂၇ ရက်မှစတင်ကာ ဇူလိုင် ၃၀ ရက် အထိကြာမြင့်မည်ဟု သိရသည်။ စိတ် ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အရည် အသွေးများမြင့်တက်လာစေရန် လေ့ ကျင့်သင်ကြားပေးထားသည့် အလှမယ် များအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင် ရာစစ်ဆေးရွေးချယ်ပွဲများလည်း ပြုလုပ် မည်ဖြစ်သည်။ သြဂုတ်လ ၄ ရက်တွင် အလှမယ်များ၏ အနုပညာစွမ်းရည်စစ် ဆေးပွဲကိုပြုလုပ်မည်ဖြစ်ပြီး သြဂုတ်လ ၇ ရက်တွင် Modelling စွမ်းရည်စစ်ဆေး ပွဲကိုပြုလုပ်မည်ဖြစ်သည်။ သြဂုတ်လ တတိယပတ်ထဲတွင် Miss Golden Land Myanmar 2014 ပြိုင်ပွဲကြီးကို ကျင်းပ မည်ဖြစ်ပြီး ထိုပွဲကြီးက နိုင်ငံတကာ တွင် ပွဲ ၅ ပွဲတွင် သွားရောက်ယှဉ်ပြိုင် မည့် နိုင်ငံကိုယ်စားပြု Miss Myanmar ၅ ဦးကို ရွေးချယ်မည်ဖြစ်သည်။
ဝ၁၆

Leave a Reply

Your email address will not be published. Required fields are marked *