၂၀ဝ၀ နဲ့ ၁၅ သို့ သွားရာလမ်း

ရုပ်လုံးသွင်းခံထားရတဲ့
နေမှု ထိုင်မှု သေမှုအောက်က ရိုးဘော့တ် (Robot) တွေ
ခင်ဗျား ကျွန်တော်
မရှိတာထက် မသိတာမှာ ပိုပိုပြီး စောက်နက်ခဲ့ကြ
ကျွန်တော် ခင်ဗျား၊ ထားပါ။
ဒီတစ်နေ့တော့
ဒေါင်းတွန်သံနဲ့ ဝံပုလွေအူသံ
မိုးခြိမ်းသံနဲ့ ဒရမ်ရိုက်သံ
ကြာပွတ်သံနဲ့ တယောထိုးသံ ကွဲပြားခဲ့ပြီဆိုတာမှာ
ခွဲခြားနားလည် ခင်ဗျားလည်းသိပြီပေါ့
ပြီးတော့
နိဗ္ဗာန်ဆော်နဲ့ ငရဲလမ်းပြ ဘယ်သူလဲဆိုတာ
ကျွန်တော်တို့သိခဲ့ပြီ။ ဆိုတော့

ကဲ ရုန်းလိုက်ကြစို့
ကဗျာဆိုတာ ကျွန်မတို့ရဲ့ ရုန်းကန်သံပါပဲဆိုတဲ့ အဘိဓမ္မာအောက်က
“အနိုင်မခံ” ဆိုတဲ့
သူ့အဖေကြိုက်ခဲ့တဲ့ ကဗျာစာသားတွေကို ကျွန်တော်တို့ ရွတ်ကြရင်း။
ခရမ်းပြာထက်လူ

Leave a Reply

Your email address will not be published.