ကျူးကျော်သူ အသက် ၆၈

ဘယ်မှာနေရမလဲ
ဘယ်မှာသေရမလဲ
သစ်ရွက်ကလေးတွေတောင် လှလှပပြွေကဖို့ အရိပ်လိုသမို့
ငါတို့။ရှူနေတဲ့ လေကိုတောင် စိတ်မချရ
လေ ကိုတောင် လု လုသွားကြတဲ့ အလေအလွင့်တွေကိုယ့်ခြေထောက်ကိုယ် မယုံရဲလို့
လျှောက်နေတဲ့လမ်းကို
မင်းကိုဘယ်သူပိုင်သလဲ မေးမေးနေရတယ်ထမင်းတစ်လုတ်အတွက်
ထင်းတစ်ခေါက်ခုတ်ရုံ ခေတ်ကိုလွမ်းတယ်လို့
မှတ်ပုံတင်ကတ်လိမ္မော်ရောင်လေးကိုပဲ ပြောပြနေရတော့တယ်ခေတ်ကောင်းလို့
မြေကွက်ကြီးတွေ တောင်းခဲ့တာမဟုတ်ပါအဲယားကွန်းခန်းကျယ်ကြီးတွေ မဟုတ်ပါ
ကွန်ကရစ်လမ်းကျယ်ကြီးတွေဘေးမှာ မဟုတ်ပါ
ကြွက်တွေတောင် ယောင်လို့ဖြတ်မလျှောက်တဲ့မြောင်းပုပ်တွေဘေးမှာ
ခွေးတွေတောင် အားနာပါးနာမဟောင်နိုင်တဲ့ အမှိုက်စုတ်တွေဘေးမှာအသက်ကို ဖြည်းဖြည်းချင်းရှူသွင်းနေရတယ်
တရားကို ဖြည်းဖြည်းချင်းရှူသွင်းနေရတယ်
ဓားတွေအောက်မှာ တရားတွေပျောက်တတ်သလားလို့
မှတ်ပုံတင်ကတ်လိမ္မော်ရောင်လေးကိုပဲ မေးကြည့်နေရတယ်သစ်ရွက်ကလေးတွေတောင် လှလှပပြွေကဖို့ အရိပ်လိုသမို့
ငါတြွို့ကပြွ်ကပ်အိပ်တွေကိုစုထုတ် ခေါင်းအုံးလုပ်ထားတယ်
ရသမျှပိုစတာတွေကို အကာလုပ်ထားတယ်
အရောင်လွင့် တာလပတ်တွေကို အမိုးလုပ်ထားတယ်
ချောကလက်ရောင်မြေကြီးကို အခင်းလုပ်ထားတယ်ကဲ….ဘာလိုသေးလဲ
ဖြည်းဖြည်းမေးပါ ငါ့သားရယ် မောနေပါ့မယ်တဲ့ကမ္ဘာပျက်နေတာမဟုတ်ဘူး
ကမ္ဘာပျောက်နေတာ
ငါတို့။ ။
မောင်ရေချမ်း

Leave a Reply

Your email address will not be published.