ဇွန် ၁၅
ဇွန်လ ၁၂ ရက်(သို့မဟုတ်) ၁၃ ရက်နေ့ခန့်က ပျောက်ဆုံးသွား ခဲ့သော အသက် ၁၆ နှစ်မှ ၁၉ နှစ်အတွင်းရှိ အစ္စရေးဆယ်ကျော် သက်သုံးဦးကို ပြန်ပေးသမားတို့ လက်မှ ပြန်လည်ကယ်ဆယ်နိုင်ရေး အတွက် ဖြစ်နိုင်သည့်နည်းလမ်းမှန် သမျှ ဆောင်ရွက်ကြရန် အစ္စရေးဝန် ကြီးချုပ် Benjamin Netanyahu က အစ္စရေးတပ်ဖွဲ့ဝင်များအား ဇွန်လ ၁၄ ရက်နေ့က အမိန့်ပေးလိုက်ပြီဖြစ် သည်။
ပြန်ပေးဆွဲဖမ်းဆီးခံထားရ သည်ဟု ယူဆရသော အဆိုပါဆယ် ကျော်သက်အစ္စရေးလူငယ်သုံးဦး အနက် တစ်ဦးမှာ အမေရိကန်နိုင်ငံ သားခံယူထားသူဖြစ်သည်။ ယင်းတို့ သုံးဦးသည် ဂျေရုဆလင်မြို့နှင့် ဟီးဘရွန်မြို့အကြားရှိ Kfar Etazion မြို့မှ ဘာသာရေးသင်တန်းကျောင်း တက်ရောက်ပြီး ဇွန်လ ၁၂ ရက်နေ့ ညဘက်တွင် ပြန်လည်ထွက်ခွာလာ စဉ် ပျောက်ဆုံးခဲ့ရခြင်းဖြစ်သည်ဟု ယုံကြည်ရပေသည်။
အစ္စရေးစစ်တပ်က ပျောက်ဆုံး နေသော လူငယ်သုံးဦးကို ရှာဖွေရန် အတွက် အစ္စရေးစစ်သည်ရာနှင့်ချီ ၍ စေလွှတ်ခဲ့သည့်အပြင် မောင်းသူ မဲ့လေယာဉ်များနှင့် ထောက်လှမ်း ရေးမိုးပျံဘောလုံးများပင် လွှတ်တင် ကာ ဟီးဘရွန်မြို့တစ်ဝိုက်ရှိ ကျေး ရွာများအား စောင့်ကြည့်လျက်ရှိ သည့် မြေပြင်တပ်ဖွဲ့များကလည်း တစ်အိမ်တက်ဆင်း ရှာဖွေမှုများပြု လုပ်ခဲ့ပြီး သံသယရှိသူ ပါလက် စတိုင်းနှစ်ဆယ်ကျော်အား ဖမ်းဆီး ထားခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က လူငယ် သုံးဦးသည်အကြမ်းဖက်အဖွဲ့အစည်း တစ်ရပ်၏ ဖမ်းဆီးမှုခံခဲ့ရခြင်းဖြစ်ပြီး မည်သည့်အဖွဲ့အစည်းက ပြန်ပေးဆွဲ ဖမ်းဆီးသွားကြောင်း ရှင်းလင်းစွာ မသိရှိရသေးသော်လည်း အဆိုပါ ပျောက်ဆုံးကလေးငယ်များနှင့်စပ် လျဉ်း၍ ပါလက်စတိုင်းအာဏာပိုင် တို့၏တာဝန်သာဖြစ်ကြောင်းလည်း Netanyahu က ပြောကြားခဲ့သည်။
ပါလက်စတိုင်းလုံခြုံရေးတပ် ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Major General Adnan al-Damiri ကမူ နြအညေပေ့က ၏ ပြောကြားချက်များ ကို ရယ်ဖွယ်ပြက်လုံးအဖြစ် တုံ့ပြန်လိုက်ပြီး ပါလက်စတိုင်းသတင်း ဌာနကလည်း ပြန်ပေးဆွဲမှုဖြစ်ပွားရာ ဒေသသည် အစ္စရေးတို့၏ အပြည့်အဝထိန်းချုပ်မှုအောက်တွင်ရှိကြောင်း ထောက်ပြပြောကြားခဲ့သည်။
ဝ၂၇၊
CNN/Al Jazeera

Jun182014