ဇွန် ၆-ဗကသများအဖွဲ့ချုပ် (မြေလတ်ဒေသ)မှ တက္ကသိုလ်ကျောင်းသားသမဂ္ဂ များဖြစ်ကြသော မကွေးဆေးတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ မကွေးနည်း ပညာတက္ကသိုလ်နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်တို့မှ သမဂ္ဂအဖွဲ့ဝင်များသည် အမျိုးသားပညာရေးဥပဒေမူကြမ်းနှင့် စပ်လျဉ်းသည့် အသိပညာပေးဟောပြောပွဲ တစ်ရပ် ကျင်းပပြုလုပ်ရန်အတွက် စုံညီအစည်းအဝေးတစ်ရပ်ခေါ်ယူကာ ညှိနှိုင်း တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ဇွန် ၉- Confederation of University Students’ Unions (တက္ကသိုလ်ကျောင်းသား သမဂ္ဂများ မဟာမိတ်အဖွဲ့)နှင့် American Center Students’ Council(အမေရိကန် စင်တာ ကျောင်းသားကောင်စီ)တို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးနှင့် လူငယ်များ၏ ပူးပေါင်းဆောင်ရွက်မှု ဟောပြောပွဲတစ်ရပ်ကို ရန်ကုန်မြို့ ရှိ အမေရိကန်စင်တာတွင် ကျင်းပပြုလုပ်ခဲ့ရာ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုကိုကြီး၊ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ မဇင်မာ အောင်တို့က ဟောပြောဆွေးနွေးပေး ခဲ့ကြကြောင်း သတင်းရရှိသည်။ အဆို ပါ ဟောပြောပွဲကို ကျင်းပရခြင်းမှာ အမေရိကန်စင်တာတွင် ပညာသင် ကြားနေကြသော မြန်မာလူငယ်များ အနေဖြင့် တိုင်းပြည်၏ အရေးပါသော အချိုးအကွေ့တစ်ရပ်တွင် မိမိတို့ တတ်နိုင်သည့် အခန်းကဏ္ဍမှ ပါဝင် ပူးပေါင်းလိုစိတ်ရှိရန်ဖြစ်သည်ဟု ရန် ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသား သမဂ္ဂ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ကိုစည်သူမောင်က သူ၏ဖေ့စ်ဘွတ်ခ် တွင် ရေးသားဖော်ပြခဲ့သော်လည်း အမေရိကန်စင်တာမှ ကျောင်းသား များ၏ ပါဝင်မှုထက် တက္ကသိုလ် ကျောင်းသားသမဂ္ဂများမှ ကျောင်း သားကျောင်းသူများ အများဆုံး တက် ရောက်ခဲ့ကြသည်ကို တွေ့ရှိရသည်။ အဆိုပါဟောပြောပွဲသို့ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက် တာညိုညိုသင်း၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူများ စုစု ပေါင်းလူဦးရေ ၁ဝဝ ခန့် (ပုံ) တက် ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
ဝ၃၃

Jun112014