‘တက္ကသိုလ်ဆိုတာ ဘာလဲ’ စကားဝိုင်းကျင်းပ

မေ ၂၉ – ဗကသများ အဖွဲချုပ် (ဗဟိုလုပ်ငန်းကော်မတီ)၏ ဆုံး ဖြတ်ချက်အရ ၂ဝဝ၈ခုနှစ် ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့် စပ်လျဉ်းပြီး လုံးဝအသစ်ပြန်လည် ရေးဆွဲရေး ကိုသာဗကသများအဖွဲချုပ်အဖွဲ့ဝင် ကျောင်းသားဟောင်းများ၊ ကျောင်း သားများက လိုလားကြသော် လည်း အချို့သောအဖွဲ့ဝင်များက အဖွဲ့အစည်းအနေဖြင့် မဟုတ်ဘဲ တစ်ဦးချင်းဆန္ဒသဘောအရသော် လည်းကောင်း၊ အချို့ခရိုင်များက အဖွဲ့အစည်းလိုက်သော်လည်းကောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ (မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့၏ ဖွဲ့စည်းပုံပြင်ဆင်ရေးလှုပ်ရှားမှု များတွင် ပါဝင်ဆောင်ရွက်နေ လျက်ရှိကြသည်။ မေလ ၂၉ ရက် နေ့တွင် ဗကသများအဖွဲ့ချုပ် (မိတ္ထီလာခရိုင် ကျောင်းသားများ သမဂ္ဂ)၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ မတရားသော ပုဒ်မ ၄၃၆ ပြင်ဆင် ရေးလှုပ်ရှားမှုများအတွက် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ဖွဲ့ အစည်းတို့နှင့် လက်တွဲဆောင်ရွက် နေကြောင်းသတင်းထုတ်ပြန်ခဲ့သည်။
မေ ၂၉ – ဖွဲ့စည်းပုံပြင်ဆင်ရေး လှုပ်ရှားမှုများတွင် အင်တိုက်အား တိုက်ဝန်းရံလှုပ်ရှားမည်ဟု ကြေညာ ချက်တစ်စောင် ထုတ်ပြန်ခဲ့သည့် တက္ကသိုလ် ကျောင်းသားသမဂ္ဂ ၈ ဖွဲ့မှ အဖွဲ့ဝင်များသည် မေလ ၂၉ ရက်နေ့က ရန်ကုန်မြို့အတွင်း လှည့် လည်၍ ပြည်သူများ ဖွဲ့စည်းပုံပြင် ဆင်ရေး လက်မှတ်ရေးထိုးမှု ဆောင် ရွက်နိုင်ရန်လိုက်လံ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။ အဆိုပါ တ.က.သ ၈ ဖွဲ့မှာ ဗကသများ အဖွဲ့ချုပ်၊ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဖြစ်မြောက်ရေးကော်မတီ) တို့နှင့် မသက်ဆိုင်ဘဲ ပညာသင်ယူ နေဆဲကျောင်းသား၊ ကျောင်းသူများ နှင့်သာဖွဲ့စည်းထားသော တက္ကသိုလ် ကျောင်းသားသမဂ္ဂများဖြစ်သည်။
မေ ၃ဝ – မြန်မာနိုင်ငံလေကြောင်း နှင့်အာကာသပညာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ဦးဆောင် ပြီး ”တက္ကသိုလ်ဆိုတာဘာလဲ” အမည်ရှိစကားဝိုင်း ဆွေးနွေးပွဲ တစ်ရပ်ကို မေလ ၃ဝ ရက်နေ့က မိတ္ထီလာမြို့ရှိ အဆိုပါ တက္ကသိုလ် တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဝ၃၃

Leave a Reply

Your email address will not be published.