ရှစ်လေးလုံးဒီမိုကရေစီ လူထုအရေးတော်ပုံကြီးသည် ဗမာလူမျိုးတစ်မျိုးတည်းသာ အာဏာရှင်စစ်အစိုးရကို တွန်းလှန်ဖျက်ခဲ့ခြင်း မဟုတ်ဘဲ

ရန်ကုန်၊ ဇူလိုင် ၂၁
ရှစ်လေးလုံးအရေးတော်ပုံကြီးတွင် တိုင်းရင်းသားတို့ပါဝင်ခဲ့ပုံကို ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာကို ပဲ့တင်သံမှ မေးမြန်းခဲ့ရာ ၈၈ တုန်းက တိုင်းရင်းသားကဏ္ဍကို ပြောမယ်ဆိုရင် ၈၈ သည် တစ်နိုင်ငံလုံးလှုပ်ရှားမှုဖြစ်ခဲ့တယ်။ ဘယ်တိုင်းရင်းသားမှ အငြိမ်နေခဲ့တာမရှိဘူး။ အဲဒီတုန်းကကျွန်မက ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ကျောင်းတက်နေခဲ့တာ။ ရန်ကုန်မှာကျောင်းတက်နေတဲ့နယ်ကကျောင်းသားအုပ်စုတွေတောင် ကိုယ့်နယ်ကိုယ်ရောက်တဲ့အခါမှာအခြားကျောင်းသား တွေနဲ့ပူးပေါင်းပြီး ဒီလှုပ်ရှားမှုမှာဦးဆောင်ခဲ့ကြတာ။ ဒီတုန်းကငယ်သေးတယ်ဆိုပေမယ့် အကြီးတန်းကျောင်းသားတွေက ကောင်းကောင်းမွန်မွန်နဲ့ ဦးဆောင်ပေးခဲ့ကြတယ်။ ထိုနည်းတူစွာ ကျွန်မတို့ဗန်းမော်ဆိုတာ နယ်စပ်ကိုထွက်ဖို့ ထွက်ပေါက်ဖြစ်တယ်။ ဒီကာလတစ်လျှောက်လုံး ဒီဗန်းမော်လမ်းကြောင်းကထွက်လာတဲ့ ကျောင်းသားတွေအကုန်လုံးကို ကူညီတဲ့ တိုင်းရင်းသားတွေသာမရှိဘူးဆိုရင်နယ်စပ်မှာABSDF ဆိုတာပေါ်လာဖို့အကြောင်းမရှိဘူး။ ဒီတော်လှန်ချင်တဲ့ ကျောင်းသားတွေကို သက်ဆိုင်ရာလုံခြုံတဲ့နေရာကိုပို့ပေးတဲ့ကဏ္ဍတွေမှာလည်း တိုင်းရင်းသားတွေအများကြီးပါဝင် ခဲ့ပါတယ်။ နောက်တစ်ချက်က ၈၈ ပြီးလို့ ဒီမိုကရေစီအရွှေ့အချိန်၊ ရွေးကောက်ပွဲနီးလာတဲ့အချိန်မှာတွေမှာ ဒီတိုင်းရင်းသား အတော်များများက NLD ဘက်ကိုပါဝင်ခဲ့ကြတယ်။ ဘာဖြစ်လို့လဲဆိုရင်အဲဒီအချိန်တုန်းက လက်နက်ကိုင်ပြီးတိုက်ရင်တိုက်၊ မတိုက်ဘူးဆိုရင် NLD ကိုပဲ ထောက်ခံကြရမယ်ဆိုတဲ့ လမ်းနှစ်လမ်းပဲရှိတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ NLD ဟာ အပြတ်အသတ်အနိုင်ရတယ်ဆိုတာ၊ တိုင်းရင်းသားတွေရဲ့အခန်းကဏ္ဍကြောင့်လည်းပဲဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ တစ်နိုင်ငံလုံးမှာ တိုင်းရင်းသားတွေက ၄၈ ရာခိုင်နှုန်းလောက်ရှိတယ်။ ဥပမာအဲဒီအချိန်တုန်းက ကျွန်မတို့ဦးလေးတွေ၊ ဘကြီးတွေအပါအဝင်အကုန်လုံးက NLD ပါတီဝင်တွေဖြစ်ခဲ့ကြတယ်ပေါ့။ နောက်ပြီး ကျွန်မအဖွားအိမ်ဆိုရင် နိုင်ငံရေးသမားများရဲ့ စုစည်းရ ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာဆိုရင် NLD ရုံးအဖြစ်နဲ့ အသွင်ပြောင်းသွားတယ်ပေါ့။ အခုအချိန်ထိ အဖွားအိမ်ဟာ NLD ရုံးပဲ ဖြစ်နေသေးတယ်။ ဒီလိုမျိုးကဏ္ဍတွေနဲ့တိုင်းရင်းသားတွေ ပါဝင်ခဲ့ကြတယ်။ ပြီးတော့ အဲဒီအချိန်မှာ ငြိမ်းချမ်းရေးမရသေးတဲ့အတွက် ကချင်အပါအဝင်တိုင်းရင်းသားအများစုက မြန်မာ့တပ်မတော်နဲ့တိုက်နေရသေးတယ်။ ပင်မလှုပ်ရှားမှုကြီးကတော့ ရန်ကုန်နဲ့မန္တလေးမှာပဲဖြစ်ခဲ့တယ်။ ဥပမာရန်ကုန်မှာ သပိတ်မှောက်ကြတယ်။ အဲဒီမှာဝင်ပါခဲ့ကြတယ်။ ပြီးတော့မန္တလေးမှာဝင်ပြီး ထပ်ပါလိုက်ကြသေးတယ်။ ပြီးမှကိုယ့်ဒေသကိုယ်ပြန်ကြတယ်။ ကြားထဲမှာတော့ နယ်ဘက်ကိုရောက်လာတော့ တဖြည်းဖြည်းနဲ့ပဲ စိမ့်ဝင်သွားတဲ့ပုံစံပေါ့။ ရန်ကုန်နဲ့မန္တလေးလောက်လှုပ် ရှားမှုမပြင်းထန်ပေမယ့် ကိုယ့်ရဲ့ဒေသမှာ တိုင်းရင်းသားတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့အကုန်လုံးစုပေါင်း ပါဝင်ခဲ့ကြတာဖြစ်တယ် ဟု ရှင်းပြသည်။ ၈၈ အရေးတော်ပုံနှင့်ပတ်သက်၍ထင်မြင်ယူဆချက်ကို မေးမြန်းခဲ့ရာ ၈၈ လို့ပြောရင် ဒါသည် အရေးတော်ပုံတစ်ခုဖြစ်တယ်။ သူရဲ့အောင်မြင်မှုကရရှိသေးတာမဟုတ်ဘူး။ဆက်ပြီး ချီတက်ရမှာဘဲဖြစ်တယ်။ အထိမ်းအမှတ်လို့ပြောရင် ၈၈ သည် ပျော်ပွဲရွှင်ပွဲမဟုတ်ဘူးပေါ့။ ကျွန်မတို့ခံယူထားတာကတော်လှန်ရေးအတွက် နောက်ထပ် စုစည်းရမယ်လို့ပဲ ယူဆသေးတယ်။ သို့သော်လည်းဒီဘက်ရွေးလျားမှု Movementတွေကို ပြန်ကြည့်လိုက် မယ်ဆိုရင်အထူးသဖြင့် ရန်ကုန်မှာရှိတဲ့အင်အားစုအတော်များများက အရင်တုန်းကလိုတော်လှန်ရေးလုပ်ဖို့ဆိုတာထက် အခုအချိန်မှာ မိသားစုပြန်လည် ဆုံစည်းမှုအခမ်းအနားလိုမျိုးဖြစ်နေသေးပဲတွေ့ရတယ်။ ဒီမိုကရေစီရရှိချင်လို့ ဒီလိုတော်လှန်ခဲ့ကြပေမယ့် ဒီနေ့ရရှိနေတာဟာ စစ်မှန်သောဒီမိုကရေစီမဟုတ်ဘူးလေ ဟုပြောသည်။ ရှစ်လေးလုံးငွေရတုပွဲနှင့် ပတ်သက်၍ ဒေါ်ခွန်ဂျာက ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ကနေပြီးတော့ ငွေရတုပွဲမှာ တိုင်းရင်းသားကဏ္ဍနဲ့ပတ်သက်ပြီး စာတမ်းတစ်ခုလုပ်ပေးဖို့ပြောထားတာရှိတယ်။ ဒီကဏ္ဍမှာ ပါဝင်တဲ့စာတမ်းကို ကျွန်မတို့ကရေးသားပြီးပါဝင်ဖို့အဆင်သင့်လုပ်ထားတာရှိတယ်။ သို့သော်လည်း ပြန်လည်ပြင်ဆင်ပြီးကြော်ငြာကို ကျွန်မတို့လက်ခံရရှိခြင်းမရှိသည့်အတွက် စာတမ်းရေးသားတင်သွင်းတဲ့နေရာမှာတော့ ကျွန်မတို့မပါတော့ဘူး ဟု ပဲ့တင်သံသို့ပြောသည်။
ရှစ်လေးလုံးတွင် ပေးဆပ်ခဲ့ရသူများနှင့်ပတ်သက်၍ ကျွန်မတို့သူငယ်ချင်းကျောင်းသားတွေထဲမှာလည်း အများကြီးသေဆုံးပြီး သွေးမြေခခဲ့ကြပါတယ်။ တစ်ခြားအတော်များများလည်း မြန်မာ့မြေပေါ်ကနေ တခြားနေရာတွေကိုလွင့်သွားခဲ့ကြရတယ်။ တချို့ဆိုလည်းတကယ့်ကိုတော်လှန်ရေးသမားဘဝနဲ့နေထိုင်ခဲ့ရတယ်။ ပြီးတော့လည်း သက်တောင့်သက်သာဘဝနဲ့နေထိုင် သွားရတဲ့ဘဝတွေလည်း ကျွန်မသူငယ်ချင်းအရင်းခေါက်ခေါက်ထဲမှာမရှိသလောက်ပါပဲ ဟု သူ၏အတွေ့အကြုံများကို ပြောသည်။ ၈၈ နိုင်ငံရေးအင်အားစုများနဲ့ပတ်သက်၍ တချို့သော ၈၈ အမည်ခံနိုင်ငံရေးသမားများကလည်း အသွင်ပြောင်းသွားတာကိုတွေ့နေရတယ်။ နောက်ပြီးရှင်းရှင်းပြောရရင် ကျွန်မအမြင်ကတော့ နိုင်ငံရေးသမားလို့ပြောရင် အချင်းချင်း တိုက်ခိုက်ကြတာထက် စုစုစည်းစည်းနဲ့ပန်းတိုင်တစ်ခုထဲကို ရှေ့ဆက်ချီတက်သွားတာမြင်ချင်တယ်။ အထူး သဖြင့် ဗမာလူမျိုးအများစုပါဝင်နေတဲ့ ၈၈ အုပ်စုထဲမှာ သူတို့အချင်းချင်းဘယ်ကိုဦးတည်ရမှန်းသိပုံမပေါ်တဲ့အခါ ကျွန်မတို့လည်း ၈၈ အုပ်စုနဲ့ ဝေးလာသလိုခံစားရပါတယ်။ ၈၈ ကို နိုင်ငံရေးသမားများအနေနဲ့လေးစားကြပါတယ်။ အားကိုးကြပါတယ်။ ပြီးတော့ သူတို့ကိုယ်တိုင်ကလည်း တိုင်းရင်းသားအရေးကို လုပ်ဆောင်မယ်လို့ ပထမဆုံးထောင်က ထွက်ထွက်လာချင်း ကြေညာချက်မှာပါဝင်တဲ့အတွက် ကျွန်မတို့အနေနဲ့သူတို့ကို လေးစားသဖြင့်အားကိုကြပါတယ်။ ဆိုလို တာက ကယ်တင်ရှင်လို မမျှော်မှန်းပါဘူး။ သို့သော်လည်း အတူတကွလက်တွဲပြီး စိတ်ရင်းစိတ်ထားကောင်းနဲ့ လုပ်ဆောင်မယ့်သူတွေလို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် လောလောဆယ် အရမ်းကိုဦးတည်ချက်များလာသလိုဖြစ်လာတယ်။ ဒီတော့ကျေးဇူးပြုပြီး ၈၈ အုပ်စုကလည်းအချင်းချင်းစည်းလုံးညီညွတ်စွာနေကြပါ။ အဲဒါဆိုရင် ကျွန်မတို့ကချင်အပြင် အခြားတိုင်းရင်းသားအားလုံးကလည်း ၈၈ အပေါ်မှာ အရင်လိုလေးစားမှုမျိုးပြန်ရှိလာမယ်လို့ယူဆပါတယ်။ အထူးသဖြင့် ငြိမ်းချမ်းရေးလို့ ပြောတဲ့အခါ သူတို့ကိုယ်တိုင်လည်း ငြိမ်းချမ်းမှ ကျွန်မတို့လို အခြားသောသူတွေကိုလည်း ငြိမ်းချမ်း ရေးပေးနိုင်မယ်လို့ ယူဆပါတယ် ဟု ပဲ့တင်သံသို့ဖြေကြားသည်။
ဝ၁၁

Leave a Reply

Your email address will not be published.