ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောပွဲ ပြုလုပ်မည်

မေ ၂၄ – အမျိုးသားပညာရေးဥပဒေမူကြမ်းအရေးနှင့် ပုဒ်မ-၄၃၆ ပြင်ဆင်နိုင်ရေး NLD နှင့် ၈၈ ၏လှုပ်ရှားမှုများကို ဝန်းရံရေးတို့ကို အင် တိုက်အားတိုက်ဆောင်ရွက်လျက်ရှိသည့် တက္ကသိုလ်ကျောင်းသားသမဂ္ဂ ၈ ဖွဲ့မှ ကိုယ်စားလှယ်များသည် American Centre Student Council (အမေရိကန်စင်တာကျောင်း သားကောင်စီ)မှ ကိုယ်စားလှယ် များနှင့်တွေ့ဆုံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အထောက်အကူပြုလုပ်ငန်းများ တွင် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း (ယာပုံ) သတင်းရရှိ သည်။ ယင်းသို့ညှိနှိုင်းခဲ့သော တကသ ၈ ဖွဲ့မှာ ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ရေကြောင်း၊ လေကြောင်း၊ရန်ကုန်ကွန်ပျူတာ၊ ဒဂုံ၊ မွေးမြူရေး ဆိုင်ရာဆေးတက္ကသိုလ်၊ သန်လျင်နည်းပညာ တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြား ဘာသာ တက္ကသိုလ်တို့ဖြစ်သည်။ အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ကိုစည်သူမောင်က သူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ဖော်ပြရာ၌ အမေရိကန်စင်တာမှ ကျောင်းသားကျောင်းသူများ၏ နိုင်ငံရေးစိတ်ဝင်စားမှုအားနည်းသည်ကို လေ့လာတွေ့ရှိခဲ့ဖူးကြောင်း၊ ထို့ကြောင့် တကသများနှင့် အမေရိကန်စင်တာကျောင်းသားကောင်စီတို့ ပူးပေါင်းပြီး တိုင်းပြည်၏ အကူးအပြောင်းကာလတွင် အရေးကြီးသည့် ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဟောပြောပွဲတစ်ရပ် ကျင်းပကာ အမေရိကန်စင်တာမှ နိုင်ငံရေးစိတ်ပါဝင်စားမှု အားနည်းသော လူချမ်းသာ အသိုင်းအဝိုင်းမှ လူငယ်များကို စည်းရုံးဆွဲဆောင်ကြည့်မည်ဖြစ်ကြောင်း သိရှိရသည်။
မေ ၂၆ – ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အောင်ကုန်း ကျေးရွာတွင်ဖြစ်ပွားခဲ့သော လယ်သိမ်းခံပြည်သူများ၏ ဆန္ဒထုတ်ဖော်မှုကို ကူညီဆောင်ရွက်ပေးသည့် ဗကသများအဖွဲ့ချုပ်မှ ကိုကောင်းထက်ကျော်ကို ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့မှု၊ လယ်သိမ်းခံတောင်သူများနှင့် ကိုကောင်း ထက်ကျော်တို့အပေါ် မတရားသောပုဒ်မများတပ်ကာ အမှုဖွင့်ထားမှုတို့နှင့် စပ်လျဉ်းပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ လက်ရှိ ပညာသင်ယူနေဆဲကျောင်းသားများနှင့် ကျောင်းသားဟောင်းကြီးများသည် သဲကုန်းမြို့၊ ပြည်မြို့၊ တောင်ငူမြို့များတွင် ဆန္ဒထုတ်ဖော်ပွဲများ ဆက်တိုက် ပြုလုပ်ကာ အဆိုပါအကြမ်းဖက်ခဲ့သောရဲတပ်ဖွဲ့အား အရေးယူပေးရန်အပြင် အခြားသောတောင်းဆိုမှုများကိုပါ တစ်ပါတည်းပြုလုပ်ခဲ့ကြသည်။
ဝ၃၃

Leave a Reply

Your email address will not be published.