ပြည်သူ့ဝန်ဆောင်မှုမီဒီယာ ဆရာများသို့

ပြည်သူ့ဝန်ဆောင်မှုမီဒီယာဆိုပြီး နိုင်ငံတော်ပိုင်သတင်းစာကြီးက အစိုးရ သတင်းတွေကိုချည်း ဝါဒဖြန့်ချိထည့်ပေးနေခဲ့တာကြာပြီ။ အခုလည်း ပုံစံပြောင်း တယ်ဆိုပြီး ကြော်ငြာစာမျက်နှာများများနဲ့ နယ်က ဘာမှမထူးခြားတဲ့ သတင်း တွေကို လျှောက်ပုံနှိပ်ပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်တာတွေကို စိတ်ပျက်နေတာ ကြာပြီဗျ။ ပုဂ္ဂလိကသတင်းစာတွေမှာ ပလူပျံအောင် ပါနေတဲ့ လူစိတ်ဝင်စားတဲ့ သတင်းတွေကို ကြေးမုံ၊ မြန်မာ့အလင်းမှာ ဖတ်ရဖို့ဆိုတာ ဟိုတုန်းကလည်း မမျှော်ခဲ့သလို အခုထိလည်း မမျှော်ပေါင်ဗျာ။ ဒါပေမဲ့ ဘာလို့အဲဒီသတင်းစာတွေ ဖတ်တုန်းဆိုရင် အစိုးရသတင်းတွေကျတော့ သတင်းမပီ၊ စာမမြောက်ဘဲ အစီရင်ခံ စာလို ဖြစ်နေတဲ့တိုင် တခြားမှာ ဖတ်လို့ မရလောက်အောင် အစိုးရသတင်းကို ကြေးမုံ၊ မြန်မာ့အလင်းလောက်ကပဲ မူပိုင်သိမ်းထားတော့လည်း ကိုယ့်အပေါ် ဗိုလ်ကျနေမြဲ ဗိုလ်ကျတဲ့ အစိုးရကြီး ဘာလုပ်နေလဲဆိုတာ သိရအောင် ဖတ်ရ တာပေါ့ဗျို့။
ငြိမ်းချမ်းရေးကိစ္စဆိုရင် ကျုပ်တို့က စိတ်ဝင်စားပေမဲ့ ပုဂ္ဂလိက သတင်းစာ တွေမှာ ပါလာတာတချို့ကလည်း တစ် ဖက်သတ်အသံ ဖြစ်နေသလား အောက် မေ့ရအောင် သတင်းမပြည့်မစုံတွေ ရှိ နေတာကိုး။ အထူးသဖြင့် ငြိမ်းချမ်း ရေးနဲ့ ပတ်သက်ရင် တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က သဘော ထားအမြင်တချို့ကို ပွင့်ပွင့်လင်းလင်း သိရပေမဲ့ မြန်မာ့တပ်မတော်လို့ ခေါ် ခေါ်နေကြတဲ့ နိုင်ငံတော်တပ်မတော် ဘက်ကတော့ ရေငုံထားလေသလား ပဲဗျို့။ ဒါမှမဟုတ် ပုဂ္ဂလိကမီဒီယာတွေ ကို ထုတ်မပြောဘူးလို့ လုပ်နေသလား ဒါတော့ မသိဘူး။ အစိုးရမီဒီယာထဲ ဖတ်ရမလား ရှာတော့လည်း ချောင်ကျ ကျ စာမျက်နှာမှာ သတင်းမပီမသ တို တိုနံ့နံ့နဲ့ မထင်မရှား။ ဒီတော့ ဝါဒဖြန့် မီဒီယာပီပီ ငြိမ်းချမ်းရေး လုပ်ဆောင် ချက်တွေဆိုတာ ဒီလိုချောင်ထိုးထား စရာပါကွာလို့ကို နိုင်ငံတော်ကြီးကိုယ် တိုင်က သတ်မှတ်လေသလားလို့ ထင်မိခဲ့တာပါ။
ငြိမ်းချမ်းရေးစင်တာက ဝန်ကြီး နဲ့ အပေါင်းအပါတွေက ပုဂ္ဂလိက မီဒီယာမှာ လှိုင်ဘောလယ်အဗျူးခံနေ ပေမဲ့ ကြေးမုံ၊ မြန်မာ့အလင်းမှာတော့ ဘာမှ ဟုတ်တိပတ်တိ မဖတ်ရဘူးလေ။ တစ်ခါ သမ္မတရုံးဝန်ကြီးကချည်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီရဲ့ အလုပ်တွေအကြောင်း ရှင်းနေလေတော့ ဒီကော်မတီက လုပ်နေတာထက် အဲဒီ ဝန်ကြီးနဲ့ အမ်ပီစီအုပ်စုကပဲ လုပ်နေတာလား၊ ဒီကော်မတီထဲမှာပါတဲ့ လွှတ်တော် ဘက်က ဝန်ကြီးဦးသိန်းဇော်က သိပ်မပါတတ်တော့ တကယ်လို့များ တိုင်းရင်း သားလက်နက်ကိုင်တွေနဲ့ အပစ်ရပ်စာချုပ်တွေ ဘာတွေချုပ်ပြီး နိုင်ငံရေးဆွေး နွေးပွဲတွေ လုပ်ကာ အဖြေတွေဘာတွေ ထွက်လာရင်တောင် ပြည်ထောင်စုလွှတ် တော်ဆိုတာကြီးက အဲဒီအဖြေကို ပစ်ပယ်ချင်လို့ပဲ ဒီလို ဆိတ်ဆိတ်နေ ရှောင်ဖယ် ဖယ်လုပ်တာလားလို့လည်း တွေးပူမိတာပဲ။
ဒါပေမဲ့ ဒီတစ်ခေါက် ငြိမ်း/ဖော်နဲ့ ကေအိုင်အို မြစ်ကြီးနားတွေ့ဆုံပွဲ အကြောင်း ကြေးမုံမှာ ဖတ်လိုက်ရတဲ့အခါမှာတော့ အတော်လေး စိတ်ကျေနပ် သွားတယ် ဆိုရပါမယ်။ ဒီသတင်းကို နေရာပေးထားတာကလည်း မျက်နှာဖုံးနဲ့ ကျောဖုံး၊ အထဲမှာလည်း တစ်မျက်နှာ အပြည့်ရေးထားလို့ဆိုတော့ အော် နိုင်ငံ တော် မီဒီယာကိုယ်တိုင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို စိတ်ဝင်စားသလို နိုင်ငံသားတွေကိုလည်း သိစေချင်၊ စိတ် ဝင်စားစေချင်ရှာသားလို့ တွေးလို့ရသွား လို့ပါ။ အဲဒီအတွက်တော့ ကျေးဇူး တင်ပါတယ်။ အဲဒီနေ့က ကြော်ငြာ အချပ်ပိုထပ်ထည့်ပြီး စာမျက်နှာစီမံခန့် ခွဲရေးလေး လုပ်လိုက်သလားတော့ မသိဘူးပေါ့ဗျာ။
နောက်တစ်ခု စိတ်အေးရတာ လည်း ရှိသေးသဗျ။ အဲဒါကတော့ ဦးသိန်းဇော်က မြစ်ကြီးနားဆွေးနွေးပွဲ မှာ လွှတ်တော်အနေနဲ့ သေချာမှတ်ထား ပြီး အကောင်းဆုံးတုံ့ပြန်သွားမယ်၊ အကောင်းဆုံးဆောင်ရွက်သွားမယ်လို့ ဝင်ပြောသွားတာပဲဗျ။ ကတိတည် မတည်ဆိုတာမျိုး မေးခွန်းထုတ်စရာ ရှိပေမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လွှတ်တော်ရဲ့ အခန်းကဏ္ဍဟာ မေးခွန်း ထုတ်စရာ ဖြစ်ခဲ့တာထက်တော့ တော် သေးတာပေါ့ဗျာ။ နို့မဟုတ်ရင် တိုင်း ရင်းသားနဲ့ တပ်နဲ့က ဆွေးနွေးပြီး အဖြေလည်း ထွက်ရော လွှတ်တော်ကြီး က အီလည်လည်လုပ်နေရင် မလွယ် ဘူးလေ။ ဘယ်လိုပဲ အဆင်ပြေအောင် ပြောပြော အခုလောက် ပြောထားရင် အချိန်တန်တဲ့အခါ လွှတ်တော်ကြီးက နဇာနာမိ ငါ မသိလို့ လုပ်လို့မရတော့ ဘူးပေါ့။ ဒီတော့ အခုလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ သမ္မတရုံးဝန်ကြီးနဲ့ ဂိုဏ်းတင်မက ငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီရဲ့ တာဝန်ရှိသူ များစာရင်းမှာ ပါသမျှ လူအကုန်လုံးက အခုလို လူလုံးပြပြီး ပါလာတယ်ဆိုရင် ပိုကောင်းမှာတော့ အမှန်ပဲဗျ။ ဒါမှ လည်း နိုင်ငံတော်အရေးကို အစိုးရအဖွဲ့ က တာဝန်ပေးအပ်ခံထားရသူတွေဟာ စိတ်ရောကိုယ်ပါ အလေးထားတယ်လို့ လူထုက ယုံကြည်နိုင်မှာကိုး။
တကယ်ရော ငြိမ်းချမ်းချင်ရဲ့ လားလို့ ငြိမ်း/ဖော်ကော်ကြီးကို မေး ခွန်းထုတ်စရာတွေ ရှိနေသေးပေမဲ့ ပြည်သူ့ဝန်ဆောင်မှုမီဒီယာကြီး ခု လောက်ထိ အလုပ်လုပ်တာကိုပဲ ကျေနပ်နေရကြောင်းပါဗျာ။
ဥာဏ်ဇော်

Leave a Reply

Your email address will not be published. Required fields are marked *