NLD နှင့် ၈၈ အား ဝန်းရံမည် တကသ ၇ ဖွဲ့ အခိုင်အမာထောက်ခံ

မေ ၇ – ကျင်းပပြုလုပ်ခဲ့သောရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသား များသမဂ္ဂ၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ သန်လျင်နည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ကျောင်းသား များသမဂ္ဂ အစရှိသည့် တက္ကသိုလ်ကျောင်းသားသမဂ္ဂ ၇ ဖွဲ့၏ ၂ဝ၁၄ ခုနှစ်၊ မေလ ၆ ရက်နေ့က ပြုလုပ်ခဲ့သော စုံညီအစည်းအဝေး၏ရလဒ် အဖြစ် သဘောထားကြေညာချက်တစ်ရပ်ကို မေလ ၇ ရက်နေ့က ထုတ် ပြန်ကြေညာခဲ့သည်။ အဆိုပါကြေညာချက်တွင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် အမျိုးသားပညာရေးဥပဒေတို့နှင့်ပတ်သက် သည့် အချက်နှစ်ရပ် ဖော်ပြပါရှိသည်။
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၁၂)၊ ပုဒ်မ-၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်(ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့၏ ပူးပေါင်းလှုပ်ရှားမှုကို တကသ ၇ ဖွဲ့မှ အခိုင်အမာထောက်ခံပါကြောင်း၊ ယင်းတို့အနေဖြင့် ပူးပေါင်း ဆောင်ရွက်မှုကို ဝန်းရံပေးသွားမည်ဖြစ်ကြောင်းဖော်ပြပါရှိသည်။
ပြည်သူ့လွှတ်တော်ကအတည်ပြုလိုက်သည့် အမျိုးသားပညာရေး ဥပဒေနှင့်စပ်လျဉ်းပြီး ယင်းဥပဒေမှာ ကျောင်းသားကျောင်းသူ၊ ဆရာ ဆရာမများ၊ အရပ်ဘက်ပညာရေးအဖွဲ့အစည်းများ၏ဆန္ဒများကို မျက်ကွယ်ပြုရေးဆွဲထား ခြင်းဖြစ်သဖြင့် ယင်းတို့အနေဖြင့် ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခဲ့ပြီးဖြစ်ကြောင်း၊ သို့ပါ၍ ကျောင်းသားကျောင်းသူများ၊ ဆရာ ဆရာမများ၊ အရပ်ဘက်ပညာရေးအဖွဲ့အစည်းများ၏သဘောဆန္ဒနှင့် အညီရေးဆွဲထားသော ပညာရေးဥပဒေတစ်ရပ် ပေါ်ထွန်းလာရေးအတွက် နည်းလမ်းပေါင်းစုံအသုံးပြုကာ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
အဆိုပါတက္ကသိုလ်ကျောင်းသားသမဂ္ဂများသည် အမျိုးသားပညာရေး ဥပဒေကို ပြည်သူ့လွှတ်တော်ကအတည်ပြုလိုက်ခြင်းနှင့်ပတ်သက်ပြီး ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုနှင့် ဘွဲ့ရသော်လည်း ပညာမတတ် သည့်အပြင် အလုပ်အကိုင်ရှားပါးရသည့် မြန်မာနိုင်ငံလူငယ်များ၏ အခြေ အနေကိုဖော်ပြသည့် သရုပ်ဖော်တင်ဆက်မှုများကို ဧပြီလအတွင်းက ရန်ကုန်မြို့၊ လှည်းတန်း၊ ဦးထွန်းလင်းခြံလမ်းထိပ်တွင် ပြုလုပ်ခဲ့ကြသည့် တကသများ ဖြစ်ကြသည်။
မေ ၁၁ – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာ ဆရာကြီးဟံသာဝတီဦးဝင်းတင်အတွက် ရည်စူး၍ ဆွမ်းဆက်ကပ် လှူဒါန်းနိုင်ရန်အတွက် ဗကသများအဖွဲ့ချုပ်(မန္တလေးခရိုင်ကျောင်းသား များသမဂ္ဂ)မှ ကျောင်းသားကျောင်းသူများသည် မန္တလေးမြို့၊ ဈေးချို အတွင်း လှည့်လည်ကာ အလှူငွေများ လိုက်လံကောက်ခံခဲ့ကြောင်းသိရှိရ သည်။
ဝ၃၃

Leave a Reply

Your email address will not be published.