ပညာရေးနှင့်အလုပ်အကိုင်တွင် မသန်စွမ်းများအတွက် ကန့်သတ်ချက် မရှိသင့်

ရန်ကုန်၊ မေ ၆
တက္ကသိုလ်ဝင်ခွင့်လျှောက်ရာတွင်လည်းကောင်း၊ အလုပ်လျှောက်ရာတွင်လည်းကောင်း မသန်စွမ်းများအတွက် ကန့်သတ်ချက်မရှိသင့်ဟု မသန်စွမ်းအမျိုး သမီးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အေးမောင်က ပဲ့တင်သံဂျာနယ်ကို ပြောသည်။
”တက္ကသိုလ်လျှောက်ထားရာမှာ မသန်စွမ်းဖြစ်မှုအတွက် ကန့်သတ်ချက် မရှိသင့်ဘူး။ သူများတိုင်းပြည်မှာ လက်နှစ်ဖက်မရှိဘဲ ခြေထောက်နဲ့ ပန်းချီဆွဲတဲ့ သူတွေတောင်မှ ရှိနေတယ်။ မျက်စိမရှိဘဲ နိုင်ငံကျော်တဲ့ အဆိုတော်လည်းရှိတာ ပဲတယ်။ မသန်စွမ်းဖြစ်မှု သတ်မှတ်ချက်တွေက မသန်စွမ်းတွေအတွက် အတား အဆီး ဖြစ်စေတယ်။ အတားအဆီးတွေသိပ်များရင် ကျောင်းတက်ဖို့ခက်တယ်။ မသန်စွမ်း ဆယ်တန်းအောင်သူတွေက အတားအဆီးမရှိဘဲ တက္ကသိုလ်တက်လို့ ရမယ်။ ကျောင်းခန်းတွေကလည်း သူတို့ကို အဟန့်အတားမဖြစ်စေဘူး၊ ပို့ဆောင် ဆက်သွယ်ရေးလည်း ကောင်းမယ်ဆိုရင် မသန်စွမ်းပညာတတ်တွေ ပိုများလာလိမ့် မယ်။ နိုင်ငံခြားမှာ မသန်စွမ်းဖြစ်ပေမယ့် ဆေးကျောင်းကို တက်လို့လည်း ရ တယ်။ ဆေးကျောင်းကဆင်းတဲ့ ကိုယ်အင်္ဂါမသန်စွမ်းသူအရေအတွက် နည်းပေမဲ့ ရှိတယ်”ဟု တက္ကသိုလ် ဝင်ခွင့်တွင် မသန်စွမ်းများ အတွက် ကန့်သတ်ချက်မရှိ သင့်ကြောင်း ဒေါ်ငယ်ငယ် အေးမောင်က ပြောသည်။ ပညာရေး အဆင်ချောလာ နိုင်သည့်တိုင် အလုပ်အကိုင် အခွင့်အလမ်းမှာမူ အခက် အခဲများရှိနေပေသေးသည်။ မသန်စွမ်းသူများ အလုပ် အကိုင်မရနိုင်ကြောင်းကို ”ကျွန်မ လူလတ်ပိုင်းဘဝ တုန်းက အလုပ်တိုင်းကို လိုက်လျှောက်ခဲ့ပေမယ့် ဘာအလုပ်မှကို မရခဲ့ဘူး။ အခုချိန်ထိလည်း မသန်စွမ်းတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းမရှိဘူး။ အလုပ်ခေါ်တည်းက သန်စွမ်းသူဖြစ်ရမယ့်အပြင် ရုပ်ရည် ပြေပြစ်ချောမောရမယ်ဆိုတာတောင် ပါသေးတယ်” ဟု ဒေါ်ငယ်ငယ်အေးမောင် က ပြောသည်။
ထို့ပြင် အလုပ်အကိုင်ရရှိထားသည့်တိုင် မသန်စွမ်းများအတွက် အလုပ်သွား အလုပ်လာခရီးမှာ ယခုတိုင် မချောမွေ့သေးပြန်ပေ။ ဘီးတပ်ကုလားထိုင်အသုံးပြု သူများအတွက် ပြုလုပ်ထားသော ပလက်ဖောင်းဆင်ခြေလျှောများသည် နိုင်ငံ တကာစံနှုန်းမမီကြောင်းကို ”သွားနိုင်လာနိုင်တဲ့ သူတွေအတွက်တောင်မှ ပလက် ဖောင်းရဲ့အမြင့်က အရမ်းကို မြင့်နေတယ်လေ။ ပလက်ဖောင်းကကျဉ်းပြီး စောက် လည်းနက်တယ်။ အခု ဘီးတပ်ကုလားထိုင်နဲ့ သွားရတဲ့သူတွေအတွက် ဆင်ခြေ လျှောလည်း လုပ်ပေးတာကို ကျေးဇူးတင်ပေမယ့် တကယ်အသုံးပြုနေတဲ့ မသန် စွမ်းသူတွေကို ခေါ်ပြီးတော့ တိုင်ပင်သင့်တယ်လို့ ထင်တယ်။ ရန်ကုန်မှာ လုပ်ထား တဲ့ ပလက်ဖောင်းဆင်ခြေလျှောက နိုင်ငံတကာအဆင့်အတန်းမမီဘူး။ ပြုတ်ကျ နိုင်တယ်။ မှောက်နိုင်တယ်။ တက်ရင် နောက်လန်လဲကျနိုင်တယ်။ မသန်စွမ်းမှု တွေ အန္တရာယ်လျော့ပါးသွားအောင်လို့ အတားအဆီးကို တကယ်ဖယ်ရှားပေးချင် ရင် တကယ်အသုံးပြုလို့ရအောင် လုပ်ပေးသင့်တယ်”ဟု ဒေါ်ငယ်ငယ်အေး မောင်က ပြောသည်။
နိုင်ငံခြားမှတင်သွင်းသော ဘတ်စ်ကားများတွင် ဘီးတပ်ကုလားထိုင် အသုံး ပြုသူများ အတက်အဆင်းပြုလုပ်သည့် တံခါးပေါက်များကို အသေပိတ်ပစ်၍ သော့ခတ်ထားကြောင်းနှင့် Myanmar Convention Centre၊ နေပြည်တော်နှင့် ရုပ်ရှင် ရုံအားလုံးတွင် လှေကားထစ်အလွန်များသောကြောင့် ဘီးတပ်ကုလားထိုင်အသုံးပြု သူများသွားလာ၍ မရသည့်အတွက် ပြန်လည်ပြုပြင်ပေးလျှင် နေရာများစွာမယူဘဲ အဆင်ပြေနိုင်သည်ဟု သူက ပြောသည်။ ”သူတို့ဟာ လူသားထဲက လူသားမို့လို့ အတတ်နိုင်ဆုံး သူတို့ရဲ့ အတားအဆီးတွေကို ဖြေရှင်း၊ ဖယ်ရှားပေးဖို့ တိုင်းပြည် မှာလည်း တာဝန်ရှိတယ်”ဟု ဒေါ်ငယ်ငယ်အေးမောင်က ပြောသည်။
မသန်စွမ်းအမျိုးသမီးများအား လိင်အကြမ်းဖက်မှု၊ လိင်အလွဲသုံးမှုများ လျော့ ကျရေးအားလုံးတွင် တာဝန်ရှိပြီး မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို ”မသန်စွမ်းသူ မိန်းကလေးတွေရဲ့ ဘဝလုံခြုံမှုမရှိသလောက် ရှားပါးနေတယ်။ ကာယကံရှင် ကိုယ်တိုင်က မသန်စွမ်းဖြစ်နေတဲ့အတွက် အဓိကတာဝန်ရှိသူဆိုရင်တော့ အားလုံး မှာ တာဝန်ရှိတာပါ။ ရပ်မိရပ်ဖအားလုံးက သူ့ရဲ့အချိန်ပိုင်းနဲ့ တာဝန်ခွဲဝေမှု၊ တာဝန်သိမှုနဲ့ ဒီအမျိုးသမီးတွေကို စောင့်ကြပ်ကြည့်ရှုမယ့် နေရာလေးတွေ လိုအပ် တယ်။ ဒေသန္တရကျန်းမာရေး ဆေးခန်းတို့၊ ရပ်ကွက်ကျးလက်ဆေးပေးခန်းတို့ ဟာမျိုးမှာ စောင့်ရှောက်ရင်ကော အဆင်ပြေနိုင်မလား။ ကျေးလက်ဆေးပေးခန်းမှာ ဆိုရင် ဆရာဝန်၊ ဆရာမ အမြဲရှိနေမယ်လေ။ Day Care Center တွေ ဖွင့်တဲ့အခါနဲ့ NGO/INGO တွေ၊ နိုင်ငံတော်အစိုးရ၊ မိခင်နဲ့ကလေးစောင့်ရှောက်ရေး၊ အမျိုးသမီး ရေးရာတို့ကလည်း ပရောဂျက်/စီမံချက်တွေမှာ မသန်စွမ်းသူတွေကို ထည့်သွင်း စဉ်းစားပြီး သူတို့ကို စောင့်ရှောက် ကူညီပံ့ပိုးမယ်ဆိုရင် မသန်စွမ်းမိန်းကလေး တွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လိင်အလွဲသုံးမှုကနေ တော်တော်လေး လျော့ကျလာနိုင်မယ်”ဟု ဒေါ်ငယ်ငယ်အေးမောင်က အကြံပေးထားပါသည်။
ဝ၅၅

Leave a Reply

Your email address will not be published. Required fields are marked *