အမျိုးသမီး၊ အမျိုးသား မခွဲခြားဘဲ အိမ်ထောင့်တာဝန် အတူထမ်းဆောင်သင့်

အိမ်ထောင်ပြုခြင်းသည် မတူကွဲပြားသူနှစ်ဦးပေါင်းစည်း၍ ဘဝကို တည်ဆောက်ခြင်းဖြစ်သည့်အတွက် အိမ်ထောင်တာဝန်ကို အမျိုးသမီး၊ အမျိုသားခွဲခြားမနေဘဲ အတူ မျှ ေ၀ ထမ်းဆောင်သင့်သည်ဟု ဒီမိုကရက်တစ် မြန်မာ့အသံ(ဒီဗွီဘီ)၏ ထုတ်လုပ်မှု တာဝန်ခံ၊ မသီတာက ပဲ့တင်သံဂျာနယ် ကို ပြောသည်။
အိမ်ထောင်တာဝန်များကြောင့် မြန်မာအမျိုးသမီးအခွင့်အရေး ဆုံးရှုံးရ ကြောင်းကို အိမ်ထောင် ထိန်းသိမ်းသည့်ကိစ္စများ၊ သားသမီးထိန်းခြင်းနှင့် ကျောင်းပို့/ ကျောင်းကြိုကိစ္စများကအစ အမျိုးသမီးများက မိမိတာဝန်ဟု ခံယူကြရခြင်းသည် အမျိုးသမီးများ၏အခွင့်အရေး ဆုံးရှုံးသကဲ့သို့ ဖြစ်သွား သောကြောင့် အိမ်ထောင်တာဝန်များကို ညီတူမျှတူခွဲဝေသင့်သည်ဟု မသီတာက အကြံပြုသည်။
”နော်ဝေနိုင်ငံမှာ အိမ်ထောင် ပြုကြပြီဆိုရင် မိန်းမက အလုပ် သွားလုပ်ရင် ယောကျာ်းက အိမ်မှာ ထမင်းဟင်းချက်တယ်၊ သန့်ရှင်း ရေးလုပ်တယ်၊ ကလေးထိန်းတယ်။ ဒါကို သိမ်ငယ်တယ်လို့မထင်ဘူး။ အသက်အရွယ်ရလာတဲ့ အများစုက လုပ်ငန်းခွင်ဝင်ကြတယ်။ ဟိုမှာ အရွယ်ရောက်လာတဲ့သူတိုင်းဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် တည်တဲ့အတွက်ကြောင့်မို့လို ထမင်း ဟင်းမချက်တတ်ရင် ဝယ််စားမယ်။ အိမ်ထောင်ပြုလိုက်တဲ့အတွက် အမျိုး သမီးက တာဝန်ယူပြီး ဖြေရှင်းရ မယ်လို့ မတွေးထားဘူး။ အများစုက နှစ်ယောက်လုံးက အလုပ်ရှိတဲ့သူ တွေများတယ်။ အိမ်ထောင့်တာဝန် ကို ဥပဒေက မပြဋ္ဌာန်းထားပေမယ့် အိမ်ထောင်သည်တွေအကြား ယောကျာ်း၊ မိန်းမ အတူတူအလုပ်ခွဲ ဝေကြတာ။ ယောကျာ်းက ဒီတစ် ပတ်မှာ ကလေးကို ကျောင်းပို့/ကြို တယ်ဆိုရင် အမျိုးသမီးက နောက် တစ်ပတ်မှာ ကျောင်းပို့/ကြိုလုပ်တယ်။ ကျောင်းပို့/ ကြိုတာကို မိန်းမအလုပ်လို့ မသတ်မှတ်သလို ကလေးမွေးလာပြီမို့ အလုပ်ကထွက်ပြီး ကလေးထိန်းဖို့ တာဝန်ရှိတယ်လို့ ဘယ်သူမှ မတွေးကြဘူး။ ဒါပေမဲ့မြန်မာ ပြည်မှာတော့ အိမ်ထောင်ကျပြီဆိုရင် အများစုက သားသမီးကိစ္စတွေကို အမျိုးသမီးက တာဝန်တစ်ခုအနေနဲ့ လုပ်ရတယ်။ အိမ်ထောင့်တာဝန်ကို အမျိုးသမီးတွေက အဓိကတာဝန်ယူရတာများတယ်။ အိမ်ထောင်ကျတာနဲ့ ကိုယ့်ရဲ့အခွင့်အရေးဆုံးရှုံးသလို ဖြစ်သွားတယ်”ဟု မသီတာက သူ၏အမြင် ကိုပြောသည်။ အမျိုးသမီးအခွင့်အရေးတစ်ရပ်ဖြစ်သော မီးဖွားခွင့်ကို နော်ဝေ နိုင်ငံ၌ အမျိုးသမီးများသည် လုပ်သက်သုံးနှစ်အထက်ဆိုလျှင် ဆယ်လ လစာပြည့် နားခွင့်ရသောခွင့်ကို ကိုယ်ဝန်စတည်ကတည်းက မွေးသည့် အချိန်ထိ ဆယ်လယူနိုင်သလို မွေးခါနီးတစ်ပတ်နှစ်ပတ်ခန့်လောက်မှ ခွင့်ယူ၍ မွေးပြီး ဆယ်လကို ကလေးနှင့်အတူနေနိုင်သကဲ့သို့ လစာ၏ ရှစ်ဆယ်ရာခိုင်နှုန်းဖြင့် ခွင့်တစ်နှစ်ယူ၍လည်းရသည်။ နေ့စဉ်အလုပ်ချိန်၏ တစ်ဝက်ကိုသာ အလုပ်ဆင်း၍ လစာကိုလည်း တစ်ဝက်သာ ခံစားခွင့်ကို ၂ နှစ်အထိရရှိသည်။ ကလေးအဖေများလည်း ခွင့် ၄၅ ရက် ကို မည်သည့် အချိန်တွင် ယူမည်ကို ရွေးချယ်ခွင့်ရှိကြောင်း မသီတာက ပြောသည်။
ချစ်သူဘဝ အပြန်အလှန်ဆက်ဆံရေးအကြောင်း ပြောရာတွင် ”ယောကျာ်းလေးရဲ့အလိုဆန္ဒကိုမလိုက်ရင် ပြတ်သွားမှာစိုးရိမ်လို့ လက်ခံ လိုက်ရတာတွေ၊ လိုက်လျောလိုက်ရတာတွေအပေါ် နှစ်ပိုင်းခွဲပြီးမြင်တယ်။ အမျိုးသမီးတွေရဲ့ချစ်ခြင်းမေတ္တာမှာ ကိုယ်တကယ်ချစ်လို့ လိုက်လျော လိုက်ရတာက တစ်မျိုးပေါ့။ အမျိုး သားတစ်ယောက် ကိုယ့်ကိုလမ်းခွဲ သွားမှာစိုးလို့ လိုက်လျောလိုက်ရ တာက အတင်းအဓမ္မပြုကျင့်ခံရတာ တစ်မျိုးပဲပေါ့။ ဒီအမျိုးသားက ကိုယ့်ကိုချစ်တာလား၊ ကာမတဏှာ ကို မက်မောတာလား၊ ကိုယ့်အနေနဲ့ သေချာစဉ်းစားဖို့လိုတယ်။ ကိုယ့်ကို တကယ်ချစ်တာမဟုတ်ဘဲနဲ့ ကာမ စိတ်ကြောင့် ကိုယ့်ကို ပေါင်းသင်း တာ ဆိုလိုရှိရင်တော့ သူနဲ့ကိုယ်တစ် သက်လုံးသွားလို့ ဖြစ်ပါ့မလား။ ပြတ်သွားရင်ကော ဘာဖြစ်လဲဆိုတဲ့ စိတ်မွေးနိုင်အောင်ကြိုးစားရမယ်။ အဓိကက ကိုယ့်ဘာသာ ဆုံးဖြတ် တတ်၊ ဆုံးဖြတ်နိုင်စေချင်တယ်” ဟု အကြံပေးပါသည်။ အဓမ္မပြု ကျင့်သည့် ပုံစံမှာ နည်းမျိုးစုံဖြစ်နိုင်ပြီး အဆိုပါကိစ္စမျိုး ကြုံတွေ့လာရလျှင် အမျိုးသမီးအချင်းချင်း ကူညီရိုင်းပင်းရန် လိုအပ်ကာ အရှက်ကွဲသည်ကို ခဏမေ့ထား၍ မိမိကဲ့သို့ အခြားသူများ မခံစားရအောင် တာဝန်ရှိသူတွေကို အကြောင်းကြားရန် လိုအပ်ကြောင်းကို အမျိုးသမီးများ၊ အမျိုးသမီးအခွင့် အရေးလှုပ်ရှားနေသူများက အသိပညာများကို ယခုထက်ပို၍ ထိထိရောက် ရောက် ဖြန့်ဖြူးပေးလျှင် ပိုကောင်းကြောင်း အကြံပြုထားပါသည်။
ဝ၅၅

Leave a Reply

Your email address will not be published.