ပြည်တွင်းသတင်း

တပ်မတော်သည် ပြည်သူလူထု၏ ဆန္ဒနှင့်အညီသာလျှင် အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍတွင် ပါဝင်သင့်သည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ ပြောကြား

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သည် အမျိုးသား နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် အစဉ်တစိုက် ပါဝင်ရမည်ဟူသော စကားရပ်သည် ဒီမိုကရေစီကျင့်စဉ်နှင့်ညီညွတ်မှုမရှိသဖြင့် ပြည်သူလူထု၏ ဆန္ဒနှင့်အညီသာလျှင် ပါဝင်ထမ်းဆောင်နိုင်ရေးကို မိမိတို့ဦးတည်ပါကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ဦးခင်မောင်ဆွေက ပဲ့တင်သံသို့ပြောသည်။ read more

ကချင်ပြည်နယ် စစ်ဘေးဒဏ်ကြောင့် ရှောင်တိမ်းနေထိုင်ကြရသော ကလေးငယ်များ၏ လှုပ်ရှားမှုနေ့စဉ်ဘဝအား ဓာတ်ပုံထိန်ဝင်းတင်ဆက်

ကချင်ပြည်တွင်ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် မိတကွဲဖတကွဲဖြင့်ဒုက္ခသည်စခန်းတွင်နေထိုင်ကြရသော ကလေးငယ်များ၏ လှုပ်ရှားမှုနေ့စဉ်ဘဝဓါတ်ပုံများကို ရန်ကုန်မြို့ အမှတ် (၁၄၀)၊ လမ်း (၄၀)တွင် ၅.၇.၂၀၁၃ မှ ၂၀. ၇.၂၀၁၃ အထိ စစ်ပွဲများ၏မြေစာပင်များအမည်ဖြင့်တစ်ကိုယ်တော် ဓာတ်ပုံပြပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း ဓာတ်ပုံထိန်ဝင်းက ပဲ့တင်သံသို့ပြောသည်။ read more

မိုဘိုင်းဖုန်းသည် ဆက်သွယ်ရေးအတွက်သာမက နည်းပညာများဖြင့်တွဲဖက်၍ လူမှုဘဝလုပ်ငန်းများကို ထိရောက်လျှင်မြန်စွာဆောင်ရွက်နိုင်ရန် အကူအညီပေးနိုင်

မိုဘိုင်းဖုန်းဆိုတာ ဆက်သွယ်ရေးသက်သက်မဟုတ်တော့ပါ ဘူး။ SMS ၊ အင်တာနက်စတဲ့ နည်း ပညာများနှင့်တွဲဖက်ပြီး လူမှုဘဝလုပ်ငန်းများကို ထိရောက်လျင်မြန်အောင်ဆောင်ရွက်နိုင်ဖို့ အကူအညီပေးနိုင်တဲ့ Device ဖြစ်ပါတယ် ဟု မြန်မာ့မိုဘိုင်းဆက်သွယ်ရေးပြောင်းလဲမှုနှင့်ပတ်သက်၍ ပဲ့တင်သံဂျာနယ်၏ဆက်သွယ်မေးမြန်းမှုတွင် အိုင်တီပညာရှင် ကိုအိမောင်က ဇူလိုင် ၁ ရက်၌ ပြောကြားသည်။ read more