လောက်ကိုင်မှာ တိုက်ပွဲများ အရှိန်မြင့်လာလေရာ
ဖုန်ကြားရှင်တပ်၏ လက်နက်ဝယ်လိုအား
မြန်မာ့တပ်မတော်၏ လက်နက်ဖြုန်းအား
စစ်ရှောင်ပြည်သူများအတွက် အလှူပစ္စည်းဝယ်လိုအား
စသဖြင့် စစ်နှင့်နောက်ဆက်တွဲ အဝယ်စာရင်းအတွက်
အိမ်နီးချင်းကြီးက ရောင်းလက်သွက်နေသည့်တိုင်
ငြိမ်းချမ်းရေးစကားများ လှိုင်လှိုင်ပြောကာ
ဝင်ငွေလည်း သွက်၊ တစ်ဖက်က စစ်လည်း ပန်း
သည်မျှ လန်းသည့် အခြေအနေအပေါ်
ပျော်ပျော်ကြီး ရှုမြင်နေချိန်မှာ
တပ်အင်အားပြပွဲဖြစ်သည့် ဗိုလ်ရှုခံကို
သန်းခြောက်ထောင် အကုန်ခံနိုင်ခဲ့သော
တို့တပ်မတော်ကြီးက အလှူခံမဏ္ဍပ် ဖွင့်လာလေသည်
read more