အယ်ဒီတာ့စကား

ဝါဒဖြန့်ချိရေးကင်းသော သတင်းသိပိုင်ခွင့်

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးရဒေသတွင် စစ်အုပ်ချုပ်ရေးအမိန့် ကို ထုတ်ပြန်ကြေညာပြီးနောက် တိုက်ပွဲများ အရှိန်မြှင့်တင် လာရာ ပစ်ခတ်ခံရသောသူများထဲတွင် သတင်းသမားများလည်း ပါသွားခဲ့လေသည်။ သတင်းသမားများအနေဖြင့် ပြည်သူ၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းရန်အလို့ငှာ ကြိုးပမ်းအားထုတ်မှုသည် အသက်အန္တရာယ်ကိုပင် ပဓာနမထားသော အားထုတ် မှုမျိုး ဖြစ်သည်ကို ကမ္ဘာနှင့်အဝန်းမှ သတင်းသမားများက အသက်ကို ရင်းကာ သက်သေခံခဲ့ပြီးလည်း read more

ဖိအားနှင့် ညှိနှိုင်းမှုချိန်ခွင်လျှာ

ဒီမိုကရေစီခေတ်သို့ ဦးတည်ခြေလှမ်းပြင်ကြရာတွင် တွေ့ဆုံဆွေးနွေးအဖြေရှာရေးသည် အဓိကကျသော အရေးကြီးသည့်နည်းလမ်း ဖြစ်ပေသည်။ သို့ရာတွင် ထိုနည်းလမ်းကိုကျင့်သုံးရန် အရေးအကြီးဆုံး လိုအပ်ချက်မှာ ထိုနည်းလမ်းကိုသာ နိုင်ငံ့အရေး ပြဿနာများ ဖြေရှင်းရာတွင် ကျင့်သုံးရမည့် တစ်ခုတည်းသောနည်းလမ်းအဖြစ် အသိအမှတ်ပြုကြရေး ဖြစ်ပါသည်။ ယနေ့ အမျိုးသားပညာရေးဥပဒေပြဿနာ read more

စံပြုအပ်သောပုဂ္ဂိုလ်

အာဏာရှင်ခေတ်နှစ်ပေါင်းများစွာအတွင်း ပညာရေးနှင့် စာရိတ္တမဏ္ဍိုင်ကို တွဲဖက်ကာ လူထုအား ပံ့ပိုးပေးနိုင်ခြင်း မရှိခဲ့သောကြောင့် မျိုးဆက်သစ်လူငယ်လေးများတွင် စံပြပုဂ္ဂိုလ်ဟူ၍ မည်မည်ရရ မရှိခဲ့သည့်ပြဿနာ ပေါ်ထွက ခဲ့ရလေသည်။ ထို့ပြင် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကို အပျောက်ဖျောက် လိုသည့်ဇောကြောင့် စာရိတ္တခိုင်မာသော ဗိုလ်ချုပ်အောင်ဆန်း နှယ်ပုဂ္ဂိုလ်များအကြောင်းကိုလည်း သတင်း အမှောင်ချ ထားခဲ့သည်မှာ ဆယ်စုနှစ်နှစ်စုကျော် ကြာမြင့်ခဲ့လေသည် read more