ရုံးတော်အသံ

ဆင်ခြေထောက်ရောဂါကင်းဝေးစေရေးစီမံချက် လူကုန်ဆေးတိုက်ကျွေး ပြည်နယ်/တိုင်း ၁၁ ခုတွင် စက်တင်ဘာလလယ်အထိ ဆောင်ရွက်

မအူပင်၊ စက်တင်ဘာ ၉
ဆင်ခြေထောက် ရောဂါကင်းဝေးစေရန် စီမံချက်နည်းဗျူဟာတစ်ခုဖြစ်သော လူကုန်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ၂၀၁၃ခုနှစ် စက်တင်ဘာလ ၉ရက်နေ့မှာ နေ ပြည်တော် ကျန်းမာရေးဝန်ကြီးဌာနမှအခမ်းအနားပြုလုပ်ပြီး တစ်နိုင်ငံလုံးရှိ သတ်မှတ်ထားသော ပြည် နယ်၊ တိုင်းဒေသကြီးများတွင် ဆေးတိုက်ကျွေး၍ ၂၀၂၀ ခုနှစ်မှာ ဆင်ခြေထောက်ရောဂါကင်းဝေး ရေးစီမံချက်ကို WHO က ချမှတ်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဒေါ်နီ နီအေးက ပြောကြားသည်။
ကျွန်မတို့ ၉.၉.၂၀၁၃ က နေ့ ၁၅.၉.၂၀၁၃ အထိ ဆေး တိုက်ကျွေးနေ့ သတ်မှတ်ထားပါတယ်။ ဆင်ခြေထောက်ရောဂါ ဆိုတာ လူတွေရဲ့အမြင်မှာ ရောဂါ ဖြစ်နေလို့ ဆေးတိုက်တာမဟုတ်ပါဘူး။ အဖြစ်များနေလို့လည်းမဟုတ်ပါဘူး။ နည်းဗျူဟာက ၂၀၂၀ မှာ WHO က အရှေ့တောင်အာရှနိုင်ငံတွေမှာ ဆင်ခြေထောက်ရောဂါကင်းဝေးရမယ်ဆိုတဲ့ ရည် ရွယ်ချက်ပါ။ ထင်ထင်ရှားရှား ကြီးဖြစ်နေတာမြင်ရင်တော့ ဒီရောဂါကူးစက်တာ တော်တော်ကြာနေပြီပေါ့။ တချို့က ကိုယ့်မှာ ဆင်ခြေထောက်ရောဂါရှိမှန်းတောင် မသိဘူး။ သူက ခန္ဓာကိုယ်ထဲမှာလက္ခဏာမပြဘဲ အကြာကြီးနေနိုင်တယ်။ ရောဂါမှာ နှစ်မျိုးရှိတယ်။ ရောဂါအမြဲတမ်းဖြစ်တတ်တဲ့ နေရာသွားရင် ဒီရောဂါကူးမှုရှိမယ်။ နောက်တစ်ခုက ကာကွယ်နှိမ်နင်းရေးနဲ့ ပျောက်သွားအောင်ကုသပေးရေး။ ကင်းဝေးအောင်လုပ်လို့ရတာတွေရှိတယ်။ ဥပမာ သွေးလွန်တုပ်ကွေးဆိုရင် နှိမ်နင်းလို့ပဲရမယ်။ ဖြစ်ပွားတာကို နည်းသွားအောင် လုပ်လို့ပဲရမယ်။ သေဆုံးတာကို နည်းအောင်လို့ လုပ်လို့ပဲရမယ်။ သွေးလွန်တုပ်ကွေးမဖြစ်အောင် လုပ်လို့မရဘူး။ ငှက်ဖျားဆိုရင်လည်း အမြစ်တွယ်တာ၊ ဒီနေရာသွားရင် ငှက်ဖျားဖြစ်ကိုဖြစ်တာ။ ပိုလီယိုဆိုရင် ကလေးတွေကို ပိုလီယိုဆေးတိုက်တာ၊ ဖြစ်လို့မဟုတ်ဘူး။ ကင်းဝေးသွားအောင် ပျောက်သွားအောင် တိုက်တာ။ အခုဆို ရောဂါပိုးတောင်မရှိတော့ဘူး။ ဆင်ခြေထောက်ကျတော့ ပြဿနာ ဖြစ်နေတာကို မဖြစ်အောင်လုပ်ချင်တာ။ အရှေ့တောင်အာရှနိုင်ငံတွေ မှာ လူ ၁၀ဝ၀ မှာ ဘယ်နှယောက် လျော့နည်းသွားတာဆိုတာမျိုး လုပ်ချင်တာ။ ကင်းရှင်းမှုနှုန်းတို့၊ ရောဂါပိုးမရှိတာ၊ ရှိတာတို့ ICT (Immunochromato graphic Test) နဲ့ စမ်းသပ်မှသိရပါတယ်။ ညအချိန် သွေးဖောက်စစ်မှ Microfilaria ပိုး တွေ့နိုင်တဲ့ symptomatic Parasitaemia အဆင့်ကိုရောက်ပြီး ရောဂါလက္ခဏာတွေ တွေ့ရတယ် ဟု ဒုညွှန်ကြားမှူးကပြောသည်။
ကမ္ဘာပေါ်မှာ လူဦးရေသန်းပေါင်း ၁၄၀ဝ သည်ဆင်ခြေထောက် ကူးစက်နိုင်သောနိုင်ငံပေါင်း ၇၃ နိုင်ငံတွင်နေထိုင်ပြီး၊ လူသန်း ၁၂၀ ဆင်ခြေထောက်ကူးစက်မှုရှိကာ၊ လူ ဦးရေသန်း ၄၀ မှာ ရောဂါလက္ခဏာတစ်ခုခုခံစားနေကြရလျက် သန်း ၇၀ က ရောဂါလက္ခဏာမပြဘဲ ငုပ်နေသည့်အခြေအနေတွင်ရှိသည်။ အရှေ့တောင်အာရှဒေသဆိုင်ရာ နိုင်ငံ ၁၁ နိုင်ငံအနက် မြန်မာနိုင်ငံအပါအဝင် ၉ နိုင်ငံသည် ဆင်ခြေထောက်ရောဂါရှိသော နိုင်ငံတွင်ပါဝင်သည်။
ရောဂါလက္ခဏာတွေကဖျားတယ်။ အဖုလေးတွေဖြစ်တယ်။သားနံရည်ကြောနဲ့ အကြိတ်များရောင်တယ်။ အင်ပျဉ်ထသလိုဖြစ် တယ်။ ယောကျာ်းလေးတွေဆိုဘောကျသလိုဖြစ်မယ်။ သူက မသိဘူး။ မိန်းကလေးတွေဆိုရင် ရင်ဘတ်တွေ ကြီးလာတယ်။ နောက် ခြေထောက်လေးတွေ လက်ကလေး တွေ တဖြည်းဖြည်းကြီးလာတယ်။ ဒါတွေကို ကာကွယ်ဖို့ဆိုတာ ခန္ဓာကိုယ်မှာ အဝင်အထွက် Main ကြော တွေကို ထိန်းရင်ရောဂါမဝင်နိုင် တော့ဘူးပေါ့ ဟု ဒေါက်တာနီနီအေးကပြောသည်။
ဆင်ခြေထောက်ရောဂါ ကင်းဝေးစေရန် ရည်မှန်းချက်ဖြင့် ၉.၉. ၂၀၁၃ရက်နေ့မှ ၁၅.၉.၂၀၁၃နေ့ အထိ မကွေးတိုင်းဒေသကြီး၊ စစ် ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးတို့အပြင် ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည် နယ်များတွင် ဆေးတိုက်သွားမည်ဖြစ်ကြောင်း၊ အသက်အုပ်စုအလိုက် ၂ နှစ်မှ ၅ နှစ်အထိAlbendazole ဆေးပြား(၄၀ဝ မီလီ ဂရမ်) ၁ ပြား၊ DEC ဆေးပြား (၂၀ဝ မီလီဂရမ်)တစ်ခြမ်း။ ၆ နှစ်မှ ၁၄ နှစ်အထိ Alben ၁ ပြား၊DEC ဆေးပြား ၁ ပြားနှင့် ၁၄ နှစ် အထက်ကလေးများ၊ လူကြီးများအတွက် Alben ၁ ပြားနှင့် DEC ၁ ပြားကို တစ်နှစ် (၁) ကြိမ် (၅) နှစ်ဆက်တိုက် ကျွေးမည်ဖြစ်ကြောင်း၊ ဆေးသောက်၍ မည်သည့်အန္တရာယ်မှမဖြစ်ပါကြောင်း၊ ဆေးတိုက်ကျွေးခြင်းလုပ်ငန်း အောင်မြင်အောင် အမှန်တကယ်သောက်ပါရန်နှင့် ဝိုင်းဝန်းကူညီပါရန် ၄င်းကရှင်းပြသည်။
သွေးဖောက်စစ်တာက ညအချိန်မှာသာ ဒီရောဂါရှိမရှိ သိရတာပေါ်တာ။ ကျွန်မတို့ငယ်ငယ်က ညဆို သွေးလိုက်လိုက်ဖောက် တယ်လေ။ ကြုံဖူးမလားမသိဘူး။ ပိုးတွေ့တဲ့သူဆို ဆေးကုပေးတယ်လေ။ အခု အဲသလိုမလုပ်ဘူး။ ရောဂါရှိတဲ့သူရော၊ မရှိတဲ့သူရော အကုန် ၅ နှစ် ဆက်တိုက် ဆေးတိုက်မှာ။ လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ်လောက်ကတည်းက မကွေးတိုင်းမှာ သွေးစစ်တယ်။ ညကို သွေးလိုက်ဖောက်တယ်။ ရောဂါ တွေ့ရှိနှုန်းကိုသိရတယ်။ ဒီ အကောင်တွေက လူ့ခန္ဓာကိုယ် ထဲမှာ ၁၇ နှစ်လောက် ရောဂါ မပြဘဲနေနိုင်တယ်။ သေစေနိုင်လောက် ရောဂါမဟုတ်တော့ ဆေးနဲ့ပတ်သက်ပြီး NGO တွေတော့ မပါပါဘူး။ ကျွန်မတို့နဲ့ မိခင်နှင့်ကလေးနဲ့ ကြက်ခြေနီက အားထည့်ပြီး ကူညီပေးတယ်။ ဆေးတိုက်တာကအစ၊ ဆင်ခြေထောက် ဖြစ်ပွားမှုနှုန်းကိုတော့ ပြည်နယ်တိုင်းအလိုက် ဆေးရုံတွေမှာ ရှိပါတယ် ဟု ဒေါက်တာဒေါ်နီနီအေးက ပြောသည်။
ဝ၃၈

More from ရုံးတော်အသံ

ပုဂ္ဂလိက အာမခံကုမ္ပဏီများ၏ အဆင့်သတ်မှတ်ရေး နိုင်ငံတကာစံနှုန်းအရ လိုအပ်မည်ဖြစ်သော်လည်း အချိန် ၃ နှစ်နှင့် ၅ နှစ်ခန့် လုပ်ငန်းအခြေစိုက်မှ သတ်မှတ်နိုင်

ရန်ကုန်မြို့ Traders Hotel တွင် ၂ဝ၁၃ ခုနှစ် သြဂုတ်လ ၃ဝ ရက်နေ့က ကျင်းပသော အာမခံကုမ္ပဏီများ အဆင့်အတန်း သတ်မှတ်ရေး မိတ်ဆက်ဆွေးနွေးပွဲသို့ read more

ဆရာဝန်အင်အား သူနာပြုအင်အား အချိုးညီရှိပေမယ့် အောက်ခြေဝန်ထမ်း ၅ဝ%သာ ရှိ ဆေးရုံသုံးခွဲစိတ်ခန်းအတွက် မီးစက်ထားရန် နေရာလိုအပ်နေသေး

ခရိုင်ဆေးရုံတစ်ရုံ၏ သတ် မှတ်ချက်ဖြစ်သောခုတင် (၁ဝဝ) ဆံ့ဆေးရုံထက် အဆင့်မြင့်သောခုတင်(၂ဝဝ)ဆံ့ ပြည်သူ့ဆေးရုံ ကြီး(မအူပင်မြို့)တွင် ခွဲစိတ်ခန်းသုံးမီးစက်ကိုဆေးရုံရန်ပုံငွေအပြင် အလှူရှင်များစုပေါင်း၍ ဝယ်ယူထားပြီးဖြစ်သော်လည်း read more