သတင်းလူသား

အသေခံနယ်ရုပ်များ

လူနှင့် လူ့အဖွဲ့အစည်း၏ ပျော်ရွှင်ကြည်နူးမှု အညွှန်းကိန်းအပေါ် ဗဟိုပြုစဉ်းစားလျှင် ဤကမ္ဘာမြေ၌ တရားသော စစ်ဟူ၍ ရှိလိမ့်မည်မဟုတ်။ စစ်ပွဲဈေးကွက်တွင် လူ့အသက်တစ်ချောင်းကို ကျည်ဆန်တစ်တောင့်ဖြင့် အချိန်မရွေး ဝယ်ယူနိုင်သည်။ စစ်ဘေးဒဏ်သင့်ခဲ့ရသော ပြည်သူများသည် ထိုထိုစစ်ပွဲများကို ရွေးချယ်ခဲ့သည်မဟုတ်ပါဘဲ စစ်၏လောင်မြိုက်မှုကို ဦးစွာခံခဲ့ကြရသည်။ မြန်မာပြည်တွင် လူဖြစ်ရသည့်ဒုက္ခ မည်မျှကြီးမားသနည်း read more

မြောက်ဖျားမှ တောင်သူဦးကြီး

အရှေ့မြောက်ဖျားမှ ကျယ်ဝန်းသော ဧရိယာတွင် တစ်ခုအပါအဝင်ဖြစ်သည့် ကိုးကန့်နယ်မြေသည်လည်း နိုင်ငံ့ဂုဏ်ဆောင် ဘိန်းပန်းများ ပွင့်လန်းရာနယ်မြေတစ်ခုဖြစ်ပြီး ဘိန်းရာဇာကြီးများသည် ဓနအင်အား၊ လက်နက်အင်အားဖြင့် လူမျိုးစုတိုင်းရင်းသားခေါင်းဆောင် တံဆိပ်ခတ်နှိပ်ကာ ဘိန်းစိုက်၍ စစ်တိုက်လျက် ရှိသောကြောင့် ကိုးကန့်မျိုးနွယ်ဖွား ဘိန်းသခင်ဖုန်ကြားရှင်ကို ယခုအပတ်၏ မြောက်ဖျားမှ တောင်သူဦးကြီး သတင်းလူသားအဖြစ် read more

အမတ ဗိုလ်ချုပ်

လူထုကို နှလုံးသားထဲ၌ အနက်ရှိုင်းဆုံး မြှုပ်နှံခဲ့သူအား လူထုကလည်း တစ်ဖန်ပြန်၍ အမြင့်မားဆုံး ပြန်လည် တူးဆွလေ့ရှိကြ၏။ လောကဆီမှ အကောင်းဆုံးတုံ့ပြန်မှုကို ရရှိကြသူများအားလုံးသည် တစ်ချိန်က အမြင့်ဆုံးပေး ဆပ်ခဲ့သူများပင်ဖြစ်သည်။ လွန်ခဲ့သော နှစ်တစ်ရာက မွေးဖွားခဲ့ကြသူများစွာထဲမှ လူတစ်ဦးတစ်ယောက်၏မွေးနေ့ ကိုသာ တိုင်းအနှံ့ပြည်ရွာ သတိတရ ကျင်းပပြုလုပ်ကြခြင်း၏ နောက်ကွယ်တွင် ထိုပုဂ္ဂိုလ်၏ ကြည်ညိုဖွယ်ရာ အတ္ထုပ္ပတ္တိတစ်ရပ်ရှိပါသည် read more