ဦးဝင်းတင်အတွက် ဆောင်းပါး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာ၊ စာရေးဆရာ ဟံသာဝတီဦးဝင်းတင်

(၁၉၃ဝ-၂ဝ၁၄)
အမည်ရင်းမှာ ဦးဝင်းတင်ဖြစ်ပြီး အဖ ဦးပု၊ အမိ ဒေါ်အမာတို့မှ ၁၉၃ဝ ပြည့်နှစ်၊ မတ်လ ၁၂ ရက်၊ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်းသုံးယောက်အနက် အကြီးဆုံးဖြစ်သည်။
ပညာအရည်အချင်း- ၁၉၅၃ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာ၊ ခေတ်သစ်ရာဇဝင်နှင့် နိုင်ငံရေးသိပ္ပံဘာသာတွဲဖြင့် ဝိဇ္ဇာဘွဲ့ရခဲ့သည်။
ကလောင်အမည်ခွဲများ- မောင်ဝန်ဇင်း၊ ပေါ်သစ်၊ ပြည်စိုး၊ ဝင်းတင်၊ ပုည၊ ဝင်းဆွေ၊ သုတေသီ၊ အယ်ဒီတာတစ်ဦး။ ရန်ကုန်တက္ကသိုလ်နှစ်ပတ် လည်မဂ္ဂဇင်းတွေမှာ ဝင်းတင်အမည်နဲ့ ကဗျာနဲ့ဝတ္ထုတိုတွေကို စတင်ရေး သားရင်း ကလောင်သွေးခဲ့သည်။
အကျိုးဆောင်ဂျာနယ်မှာ လက်ထောက်အယ်ဒီတာအဖြစ် ပထမဆုံး လုပ်ကိုင်ခဲ့သည်။ ၁၉၅၃ ခုနှစ်မှာ AFP နိုင်ငံခြားသတင်းဌာနတွင် ညအယ်ဒီတာအဖြစ် ဝင်ရောက်လုပ် ကိုင်ခဲ့သည်။ စာပေဗိမာန်၌ လက် ထောက်အယ်ဒီတာအဖြစ် ၁၉၅ဝ မှ ၁၉၅၄ ခုနှစ်အထိ တာဝန်ထမ်း ဆောင်ခဲ့သည်။
၁၉၅၄ မှ ၁၉၅၇ အထိ နယ် သာလန်(ဟော်လန်)နိုင်ငံ၊ အမ်စတာ ဒမ်မြို့ ဂျမ်ဘာတန် (Jambarton) စာအုပ်ထုတ်ဝေရေးကုမ္ပဏီတွင် စာအုပ်ထုတ်ဝေမှုပညာနှင့် စာနယ် ဇင်းပညာဆည်းပူးရင်း တစ်ဖက်မှ လည်း မြန်မာဘာသာပြန်စာအုပ် စာတမ်းများ ထုတ်ဝေရေးတွင် အကြံပေးအယ်ဒီတာအဖြစ် လုပ် ကိုင်ခဲ့သည်။
တစ်ဖက်တွင် စာသင်နေရင်း မြန်မာနိုင်ငံသတင်းများ စုစည်း ဖော်ပြသည့် ‘ဒို့ပြည် သတင်း’ သတင်းစာစောင်ရေ ၅ဝဝ ခန့်ကို ကိုယ့်ငွေနှင့်ကိုယ် ကိုယ့်ဘာသာ ရေးသားထုတ်ဝေ၍ ကမ္ဘာတစ်ဝန်းရှိ ပြည်ပရောက်မြန်မာများထံ စာတိုက်မှ အခမဲ့ပေးပို့ဖြန့်ဝေခြင်း ကို ၁၉၅၇ ခုနှစ်၊ ဧပြီလ မြန်မာ နိုင်ငံသို့ ပြန်လာသည့်အချိန်အထိ လုပ်ဆောင်ခဲ့သည်။
၁၉၅၇ ခုနှစ် ကြေးမုံသတင်း စာ စတင်ထူထောင်သူများတွင် ပါဝင်ခဲ့ပြီး ကြေးမုံသတင်းစာအမှု ဆောင် အယ်ဒီတာအဖြစ် ဇဝန၊ အောင်ဗလ (ကြေးမုံဦးသောင်း)၊ စိန်ခင်မောင်ရီတို့နှင့်အတူ ဝင် ရောက်လုပ်ကိုင်ခဲ့ပြီး ကြေးမုံ သတင်းစာချိပ်ပိတ်ခံရသည့်အချိန် တွင် ပြည်သူ့အိုးဝေသို့ ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ထိုမှ ကြေးမုံသို့ ပြန်ရောက်ခဲ့သည်။
၁၉၅၉ မှ ၁၉၆၄ ခုနှစ် ထိ စာနယ်ဇင်းကောင်စီအတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ကြေးမုံသတင်းစာ ပြည်သူပိုင် အသိမ်းခံရသည့်နောက်ပိုင်း ၁၉၆၉ ခုနှစ် မှာ ထုတ်ဝေသည့်ဟံသာဝတီ သတင်းစာတွင် အယ်ဒီတာချုပ် အဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၆၈-၆၉ ခုနှစ် မှ ၁၉၇၈ ခုနှစ် ထိ မန္တလေးမြို့ထုတ် ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ထိုကာလအတွင်း အနောက် ဥရောပနှင့် အရှေ့အာရှနိုင်ငံပေါင်း ၂ဝ ခန့်သို့ သတင်းစာဆရာတစ် ယောက်အဖြစ် လေ့လာရေးခရီးသွား ရောက်ခဲ့ သည်။ ထိုခရီးစဉ်အတွင်း ရောက်ရာအရပ်မှနေ၍ သတင်းများ ရေးသားပြီး မြန်မာပြည်သို့ ပို့ခဲ့ သည်။ ၁၉၇၂ ခုနှစ် တွင် ‘ခြေမှာ စကား လက်ဖျားကဗျာ မျက်နှာ ဇာတ်လမ်း’ဆိုသည့် စာအုပ်ထုတ်ခဲ့ သည်။
၁၉၆၈ ကနေ ၁၉၇၂ အထိ အထက်ဗမာနိုင်ငံစာရေးဆရာအသင်း စာဆိုတော်နေ့စာတမ်းဖတ်ပွဲများတွင် လူထုဦးလှ၊ လူထုဒေါ်အမာတို့ နှင့်အတူ ပါဝင်ဆောင်ရွက်ခဲ့သည်။ မန္တလေးတွင် ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူရင်း ပင် ရန်ကုန်သို့ဆင်းကာ သတင်းစာ သင်တန်းများလည်း ပို့ချပေးခဲ့သည်။ သတင်းစာသမိုင်းပြုစုရန်လည်း ဦးထင်ကြီး၊ လူထုဦးလှ၊ ရွှေဥဒေါင်း တို့နှင့်အတူ အထူးအားထုတ်ခဲ့သူ ဖြစ်သည်။
၁၉၇၇-၇၈ ခုတွင် မြန်မာ စာပေလှုပ်ရှားမှု၌ အရေးပါသော မန္တလေးမြို့က ဟံသာဝတီစနေ စာပေဝိုင်းကို ဦးဆောင်ကျင်းပခဲ့ပြီး စာတမ်းဖတ်ပွဲများ ပြုလုပ်ပေးခဲ့ သည်။ ထိုစာတမ်းများကို စာအုပ် အဖြစ်လည်း ရိုက်နှိပ်ထုတ်ဝေခဲ့သည်။
၁၉၇၈ ခုနှစ် မှာ ဦးဝင်းတင်ဦးဆောင်ကျင်းပတဲ့ စနေစာပေဝိုင်းမှာ မဆလတစ်ပါတီလမ်းစဉ်ကို ဝေဖန်သည့်စာတမ်းတစ်စောင် တင်သွင်းဖတ် ကြားခဲ့သည်။ ထိုဖြစ်ရပ်၏ ရလဒ်အဖြစ် အာဏာပိုင်များက ဟံသာဝတီ သတင်းစာကို ပိတ်ပစ်လိုက်ကာ ဦးဝင်းတင်ကိုလည်း ရာထူးမှထုတ်ပယ်ခဲ့ သည်။
ရှစ်လေးလုံးအရေးတော်ပုံအတွင်း အနုပညာရှင်ပေါင်းစုံတို့ လက်မှတ် ထိုးထုတ်ပြန်ခဲ့သည့် ကြေညာချက်ထွက်ပေါ်လာရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။ စာနယ်ဇင်းသမဂ္ဂ ဖွဲ့စည်းလှုပ်ရှားကြသည့်အခါ ဒု-ဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။
ကျောင်းသားသမဂ္ဂမှ ရှစ်စောင်တိတိထုတ်ဝေခဲ့သည့် ‘သမဂ္ဂ’သတင်း စာတွင် အင်တိုက်အားတိုက်ပါဝင်ရေးသားခဲ့သည်။ ဆန္ဒဖော်သံစာစောင် ကို ၁၉၈၈ လူထုလှုပ်ရှားမှုကာလအတွင်း နေ့စဉ်ထုတ်ဝေခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် စက်တင်ဘာလ ၂၄ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းသည့်အခါ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သည်။ အမျိုးသား နိုင်ငံရေးတပ်ပေါင်းစု၌လည်း နာယကအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလတွင် အဖွဲ့ချုပ်မှ ဦးအောင်ကြီးနုတ်ထွက်ခဲ့ပြီးနောက် ပြန်လည်ဖွဲ့စည်းခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် အတွင်းရေး မှူး ၁ အဖြစ် တာဝန်ယူခဲ့သည်။
၁၉၈၈ ခုနှစ်၊ အောက်တိုဘာလတွင် ပြစ်မှုမှ ရှောင်တိမ်းနေသည့် တရားခံ(ထိုစဉ်က အဖွဲ့ချုပ်လူငယ်စိုးသိမ်း)၏ ဖခင်က တယ်လီဖုန်းဆက် သွယ်စကားပြောဆိုသည်ဟူသောအကြောင်းပြချက်ဖြင့် ၁၉၈၉ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့တွင် ဦးဝင်းတင်ဖမ်းဆီးခံရသည်။ အလုပ်ကြမ်းနှင့်ထောင်ဒဏ် သုံးနှစ်ချမှတ်ခံရသည်။
၁၉၉၂ ခုနှစ်၊ ဇွန်လတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများ ပြည်သူဆူပူအြွုံကအောင် လုပ်ဆောင်ရာတွင် နောက်ကွယ်မှ ကြိုးကိုင်အား ပေးခဲ့သည်ဟု စွပ်စွဲကာ အင်းစိန်ထောင်ထဲမှာပင် ထောင်ဒဏ် ၁၁ နှစ် ထပ်မံချမှတ်ခံရသည်။
၁၉၉၂ ခုနှစ် တွင် Su-SLORC Dialogue Policy ကို ထောင်ထဲမှ ရေးသားထုတ်ပြန်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန် အမျိုးသားညီလာခံကို ဖျက်သိမ်းပေးရန် စစ်မှန်သောတွေ့ဆုံဆွေးနွေးမှုများ စတင်ရန် (စု-လွှတ်-ပြန်/တွေ့)သဘောထားစာတမ်းကို ရေးသားခဲ့သည်။
အမျိုးသားညီလာခံကျင်းပနေသောကာလ ၁၉၉၃ တွင် ”စု-လွှတ်- ပြန်/တွေ့-စု-ဖျက်-တွေ့”ဟူသောစာတမ်းဆက်လက်ထုတ်ပြန်ခဲ့သည်။
၁။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ရေး၊
၂။ ၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ပြီး ပြည် သူ့လွှတ်တော်ခေါ်ယူရေး၊
၃။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားလူမျိုးစုများနှင့် နဝတ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး၊
၄။ ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး၊
၅။ အမျိုသားညီလာခံဖျက်သိမ်းရေး၊
၆။ ဒေါ်အောင်ဆန်းစုကြည်နှင့် နဝတတွေ့ဆုံဆွေးနွေးရေး
ဟူသောနိုင်ငံရေးလုပ်ငန်းစဉ် ၆ ရပ်ပါဝင်သည်။
၁၉၉၃ ဖေဖော်ဝါရီလတွင် အင်းစိန်အကျဉ်းထောင်၌ အမေရိကန် ကွန်ဂရက်အမတ် ရစ်ချတ်ဆန်က ဦးဝင်းတင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။
၁၉၉၅ တွင် ထောင်ဒဏ် ၇ နှစ်တိုးကာ စစ်ခွေးတိုက်သို့ အပို့ခံရ သည်။
၁၉၉၅ ခုနှစ် တွင် အဖွဲ့အစည်းအသီးသီးပါသော ထောင်တွင်းလူ့အခွင့် အရေးချိုးဖောက်မှုများ၊ ထောင်တွင်းဖိနှိပ်ညှဉ်းပန်းမှုများ၊ ရဲဘက်စခန်း များ၏ ငရဲခန်းများ၊ လက်ရှိမြန်မာနိုင်ငံအခြေအနေတို့ ပါဝင်သော ၁၇ မျက်နှာပါ”အင်းစိန်အကျဉ်းထောင်အတွင်း တရားမဲ့ညှဉ်းပန်းနှိပ်စက်မှုများ နှင့်ပတ်သက်၍ မျက်မြင်သက်သေခံအထောက်အထား”ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ လိပ်မူ၍ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် ယိုဇိုယိုကိုတာထံသို့ လျှို့ဝှက်စာရေးသားပေးပို့ခဲ့မှုကြောင့် ၁၉၉၆ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် ပုဒ်မ-၅(ည)ဖြင့် ထပ်တိုးထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခံရပြန်သည်။
ဦးဝင်းတင်အကျဉ်းထောင်ကျနေစဉ်အတွင်း ၂ဝဝ၁ ခုနှစ် တွင် ယူနက် စကိုအဖွဲ့ကြီး၏ ယူနစ်စကို၊ ဂွီလာရ်မိုကာနို ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် ဆု (UNESCO/Guillermo Cano World Press Freedom Award) ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ထိုနှစ်တွင်ပင် ကမ္ဘာ့သတင်းစာများအသင်းကြီး (World Association of Newspapers, WAN) မှ ချီးမြှင့်သည့် လွတ်လပ်မှုရွှေ ကလောင်ဆု (Golden Pen of Freedom Award) အား သာယာဝတီစမ်းစမ်း နွဲ့နှင့်အတူ ရရှိခဲ့သည်။ ၂ဝဝ၄ ခုနှစ် မှာ ဦးဝင်းတင်၏ ဆုငွေများနှင့် မတည်ပြီး မြန်မာ့သတင်းသမဂ္ဂမှ ဥဒါန်းမဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။ဦးဝင်းတင်ကို ဂုဏ်ပြုသည့်အနေဖြင့် ပြင်သစ်နိုင်ငံတွင် လမ်းတစ်လမ်းအား ‘ဝင်းတင် လမ်း’ဟု အမည်ပေးထားသည်။
၂ဝ၁၄ ခုနှစ် ဧပြီလ ၂၁ ရက် နံနက် ၆း၃ဝ နာရီတွင် ကွယ်လွန်ခဲ့သည်။

More from ဦးဝင်းတင်အတွက် ဆောင်းပါး

ဦး၀င်းတင်သို့လွမ်းချင်း

မြန်မာနိုင်ငံ၏ လူသူလေးစားအခံရဆုံး နိုင်ငံရေးတကြွ်ကလှုပ်ရှားသူတစ်ဦး လည်းဖြစ်၊ သတင်းစာဆရာကြီးတစ်ဦးလည်းဖြစ်သော ဦးဝင်းတင်ကိုနောက်ဆုံး ဂါရဝပြုရန် read more

ဟံသာဝတီဦးဝင်းတင် ကွယ်လွန်သွားသော်လည်း ဖောင်ဒေးရှင်းကို ဆက်လက်အကောင်အထည် ဖော်သွားမည်

ဟံသာဝတီဦးဝင်းတင်ကွယ် လွန်သွားသော်လည်း ယင်းတည် ထောင်ခဲ့သည့် ဟံသာဝတီဦးဝင်း တင်ဖောင်ဒေးရှင်းမှ ပေးအပ်သော read more