အမျိုးသမီးအသံ

စာနယ်ဇင်းပန်းချီဆရာ မျိုးဆက်မရှိတော့သကဲ့သို့ ရှေ့လူများလည်း ဆက်လက်လုပ်ကိုင်ခြင်းမရှိ

စာနယ်ဇင်းပန်းချီသည် ဝင်ငွေနည်းပါးပြီး အစားထိုးဝင်ရောက် လာသော ကွန်ပျူတာဒီဇိုင်းများ ခေတ်စားလာခြင်းကြောင့် စာနယ်ဇင်း ပန်းချီဆရာမျိုးဆက်မရှိတော့သကဲ့သို့ ယင်းပညာရပ်ဖြင့် အသက်မွေးဝမ်း ကျောင်းပြုသူများလည်း ဆက်လက်လုပ်ကိုင်ခြင်းမရှိဟု စာနယ်ဇင်း ပန်းချီဆရာမ မမွှေးက ပဲ့တင်သံဂျာနယ်ကို ပြောကြားသည်။
ယခင်ခေတ်က ဝတ္ထုမှန်သမျှအတွက် ပန်းချီဆရာများကိုသာ သရုပ် ဖော်ပုံအပ်ခဲ့သော်လည်း ယခုအချိန်တွင် ပုံအများစုကိုကွန်ပျူတာဒီဇိုင်း ကိုသာအပ်နှံကြသည့်အပြင် စာနယ်ဇင်းပန်းချီရေးဆွဲသူများသည် ကွန်ပျူ တာဒီဇိုင်းရေးသူများကဲ့သို့ ပန်းချီလက်ရာတစ်ခုကို နှစ်သောင်း/ သုံး သောင်းဖြင့် မလုပ်နိုင်ဘဲ ပန်းချီရေးဆွဲရခြင်းဖြစ်သည့်အတွက် အနုပညာ ကြေး ငါးသောင်း၊ ခြောက်သောင်းမှသာ ရေးနိုင်ကြောင်း ပန်းချီဆရာမ မမွှေးက ပြောသည်။
”သရုပ်ဖော်ဆွဲတဲ့ ပန်းချီဆရာမသာ မပေါ်လာတာ။ စာနယ်ဇင်း ပန်းချီအစားထိုးကွန်ပျူတာနဲ့ဒီဇိုင်းဆွဲနေတဲ့ မိန်းကလေးတွေတော့ အများ ကြီးရှိပါတယ်”ဟု မမွှေးက ပြောသည်။ ဒီဇိုင်းရေးဆွဲသောအခါ ပန်းချီသဘောတရားဖြစ်သော အရောင်နှင့် အထားအသိုအကြောင်း သိလျှင် ဒီဇိုင်းသည် အနုပညာရသပိုကောင်းလာကာ ဒီဇိုင်နာကောင်း တစ်ယောက်ဖြစ်ရန်အတွက် ပန်းချီပညာကို လေ့လာသင့်သည်ဟု သူက အကြံပေးသည်။ ”အခု ဒီဇိုင်းလုပ်တယ်ဆိုတာက ဆော့ဝဲလ်ကို သိလို့ လုပ်တာပဲရှိတယ်။ အထားအသိုနေရာချတဲ့ ဒီဇိုင်းရဲ့ပညာကျတော့ မသိဘူး”ဟု မမွှေးက သုံးသပ်ပြသည်။
စာနယ်ဇင်းပန်းချီဆရာမ စလုပ်သည့်အချိန်၌ မဂ္ဂဇင်းတိုက်များတွင် ယောကျာ်းများသာရှိသောကြောင့် ဝင်ထွက်ရန်ပင် ကြောက်ရွံ့ခဲ့သော် လည်း မိန်းကလေးတစ်ဦးဖြစ်သည့်အတွက် အခွင့်အရေးပိုရခဲ့ကြောင်းကို မမွှေးက ”မဂ္ဂဇင်းတိုက်သွားတဲ့အခါ ကိုယ်နဲ့ တစ်ခါမှ မသိတဲ့သူတွေ၊ မိန်းကလေးလည်း တစ်ယောက်မှရှိတာမဟုတ်ဘူး။ မိန်းကလေးထိုင်တယ် ဆိုတာ တစ်ခါမှ မတွေ့ဖူးဘူး။ ကြောက်တော့ သမ္ဗုဒ္ဓေအမြဲရွတ်ပြီး သွားခဲ့တာ။ အဲဒီအချိန်က ပန်းချီဆွဲတဲ့ မိန်းကလေးက နည်းသေးတော့ မိန်းကလေးပဲ အားပေးရမှာပေါ့ဆိုပြီး ကိုယ့်ပုံကိုကြိုက်လှတယ် မဟုတ် ဘဲ အားပေးတဲ့အနေနဲ့ အပ်ခဲ့ကြတယ်။ တကယ်တော့ မိန်းကလေးဖြစ်တဲ့ အတွက် တစ်ပန်းတောင်သာသေး။ ကိုယ့်ကို မိန်းကလေးမို့လို့ အြွေကး ထားမခံရဘူး။ ပုံအပ်တာနဲ့ ပိုက်ဆံပေးတယ်”ဟု မမွှေးက ပန်းချီဆရာမ တစ်ဦး၏အတွေ့အကြုံကို ပြောသည်။
”ကျောင်းသားအများစုက ပန်းချီကျောင်းပြီးရင် ရုပ်ပြလိုင်းထဲ ဝင်ကြတယ်။ အရင်ခေတ်က ရုပ်ပြရေးတာက စက်ရုံလိုပဲ။ လိုင်း သမားက လိုင်းပဲကောက်ပြီး၊ ခဲသမားက ခဲပဲကောက်တယ်။ မိန်းကလေး တွေကျတော့လည်း ပန်းချီဆရာလေးတွေနဲ့ အိမ်ထောင်ကျတယ်။ ပန်းချီ လောကနဲ့ မဂ္ဂဇင်းသရုပ်ဖော်ဘဝကို မလာဖြစ်ကြဘူး” ဟု မမွှေွးက ပြောသည်။
လုံမလေးမဂ္ဂဇင်းအယ်ဒီတာချုပ် လင်းယုန်မောင်မောင်က မမွှေးကို ပုံအပ်မည်ဟု ပြောခဲ့သော်လည်း အစပထမတွင် မအပ်သောကြောင့် ပုံအပ် ရန် အကြိမ်ကြိမ် နားပူနားဆာလုပ်ခဲ့ရပြီး အချိန်အတော်ကြာသော အခါမှ ဘာသာပြန်ဆရာ ဦးတင်မောင်မြင့်၏ နာတာရှာဝတ္ထုကို တစ်ရောင်တည်းဖြင့် မျက်နှာဝက်စာအပ်ခဲ့ပြီးနောက်ပိုင်း ဆောင်းပါး အတွက် ပုံများအပ်ခဲ့သည်ဟု မမွှေးက သူ၏ဖြတ်သန်းမှုတစ်ခုကို ပြော သည်။ စာရေးဆရာမ မလေးလုံက လစဉ်ပုံအပ်ခဲ့သည့်အပြင် စံပယ်ဦး စာပေမှ ဦးတင်စိုးက စံပယ်ဦးဝတ္ထုတို ပေါင်းချုပ်လစဉ်ထုတ်ရာတွင် လည်း တစ်ပုံ အမြဲအပ်ခဲ့ကာ ဒဂုန်မဂ္ဂဇင်းနှင့် အခြားအမျိုးသမီးမဂ္ဂဇင်း နှစ်အုပ်ကလည်း သရုပ်ဖော်ပုံအပ်ခဲ့သည်။ မမွှေးသည် အချစ်ဝတ္ထုများ နှင့်ရုပ်ပြအဖုံးများတွင် သရုပ်ဖော်ရေးသားခဲ့သူလည်း ဖြစ်သည်။
ဝ၅၅

More from အမျိုးသမီးအသံ

အမျိုးသမီး၊ အမျိုးသား မခွဲခြားဘဲ အိမ်ထောင့်တာဝန် အတူထမ်းဆောင်သင့်

အိမ်ထောင်ပြုခြင်းသည် မတူကွဲပြားသူနှစ်ဦးပေါင်းစည်း၍ ဘဝကို တည်ဆောက်ခြင်းဖြစ်သည့်အတွက် အိမ်ထောင်တာဝန်ကို အမျိုးသမီး၊ အမျိုသားခွဲခြားမနေဘဲ အတူ မျှ ေ၀ ထမ်းဆောင်သင့်သည်ဟု read more

အရည်အသွေးပြည့်ဝသည့် သတင်းသမားတစ်ဦးဖြစ်ရန် လိုအပ်

ကျင့်ဝတ်မလိုက်နာခြင်း၊ မှားယွင်းရေးသားခြင်းများကြောင့် သတင်း ထောက်များ အလွန်ဝေဖန်ခံနေရကာ အရည်အသွေးပြည့်ဝသည့် သတင်းထောက် တစ်ယောက်ဖြစ်ရန် read more